အပိုင်း(၄၇)

238 29 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၄၇)

“ဟင်းပွဲအသစ်တွေ အများကြီး ရှိတာပဲ။ ခေါက်ဆွဲစွပ်ပြုတ်ကိုလည်း စားကြည့်ချင်တယ်။ ပြီးတော့ အထူးပွဲဆိုတာက ဘာတွေလဲ” ယင်ယာ မေးမြန်းသည်။

“မင်း အော်ဒါမှာကြည့်ရင် သိလိမ့်မယ်။ စမ်းစားကြည့်ချင်လား” ယွမ်ကျိုးက အလှလေးများကို အမြဲတမ်း စိတ်ရှည်သည်းခံစွာဖြင့် ရှင်းပြတတ်သည်။ ထို့ကြောင့်လည်း အပိုစကားလေးများဖြင့် ထည့်ပြောလိုက်သေးသည်။

“ဟေ့ အလှလေး။ သူ့လှည့်ဖြားတာကို မခံနဲ့။ အထူးပွဲ(၁၃)က ဘလူးဘယ်ရီယိုကြီးနော်။ တခြားတစ်ပွဲကတော့ ဘာလဲဆိုတာ သေချာမသိသေးဘူး”
ဝူဟိုင်းက သူမကို ချက်ချင်း အမှန်အတိုင်း ပြောသည်။

“ဒါဆိုရင် ဘလူးဘယ်ရီယို  ပေးပါ။ ကျွန်မက သစ်သီးယိုတွေကို ကြိုက်တယ်” ယင်ယယာက ဘလူးဘယ်ရီယိုကို မှာလိုက်သည်။

“ဟုတ်ကဲ့ပါ။ ခဏစောင့်ပေးပါ” ဝူဟိုင်းက အမှန်တရားကို ထုတ်ပြောသည့်တိုင် ယွမ်ကျိုးက ဂရုမစိုက်ပေ။ သူတို့နှင့် ငြင်းခုန်တိုင်း ယွမ်ကျိုးက အမြဲတမ်း အနိုင်ရသူ ဖြစ်နေ၍ ဝူဟိုင်းကို တစ်ခါတစ်ရံ အနိုင်ပေးလိုက်ရခြင်းက ပြဿနာ မဟုတ်ပေ။

ဝူဟိုင်းနှင့် ယင်ယာတို့ နှစ်ယောက်စလုံးက ခေါက်ဆွဲပြုတ်ကို မှာသည်။ ဤဟင်းပွဲက ချက်ပြုတ်ရ အလွယ်ကူဆုံးဖြစ်သည်။

ယွမ်ကျိုးက စံသတ်မှတ်ထားသော ပန်ကန်လုံး နှင့် တူ ကို ယူလိုက်သည်။ ဟင်းပွဲတစ်ပွဲချင်းစီက စနစ်၏သတ်မှတ်ချက်တိုင်း ပမာဏတူညီရမည်။ ထိုစဉ် ကြွေရည်သုတ်ထားသော အကန့်ပိုင်းများအနက် ၂ခုသည် ရေ ၇၀%ကို အလိုအလျောက်ဖြည့်ပေးသည်။ ရေပွက်ပွက်ဆူလာသောအခါ ခေါက်ဆွဲသားများကို အကန့်ထဲမှာ နှစ်လိုက်သည်။

ခေါက်ဆွဲသားများက လိပ်ခွေ ကာ ရေထဲ မြောပါနေသည်။ ထိုစဉ်အခိုက်အတန့် ယွမ်ကျိုးက ခွက်နှစ်ခွက်ထဲ ဟင်းခတ်အမွှေးအကြိုင်များ ချက်ချင်း ထည့်သည်။

ထို့နောက် သေးငယ်သောပန်ကန်ပြား နှစ်ချပ်ကို ယူကာ  ကောင်တာ(ပြန့်ပြူးသောအပြား)ပေါ်မှာ တင်လိုက်သည်။ သူ အသေးအမွှားကိစ္စများ လုပ်ဆောင်နေစဉ် ခေါက်ဆွဲက ပြီးပြည့်စုံစွာဖြင့် အသင့်အနေအထား ရောက်ရှိနေပါပြီ။ တူအရှည်ကို သုံးပြီး ယွမ်ကျိုးက ခေါက်ဆွဲများကို ခပ်ယူပြီး ခေါက်ဆွဲပန်းကန်လုံးထဲ ဖြည့်လိုက်သည်။ ထို့နောက် ခေါက်ဆွဲသားနှင့် ဟင်းခတ်အမွှေးအကြိုင်များကို သမအောင် ရောမွှေသည်။ နောက်ဆုံးမှ ပူပူနွေးနွေး စွပ်ပြုတ်ရည် တစ်ဇွန်းကို ခေါက်ဆွဲခွက်ထဲ လောင်းထည့်လိုက်သည်။ ထိုစဉ် မွှေးကြိုင်သော ရနံ့ထွက်ပေါ်လာသည်။

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now