အပိုင်း(၅၀)

249 32 0
                                    

ကျွမ်းကျင်စားဖိုမှူးစနစ် အပိုင်း(၅၀)

“လူငယ်လေး၊ ဒါက အစုံလိုက်ပွဲလား” အဘိုးအိုက ဗန်းပေါ်မှ ဟင်းပွဲများကို ကြည့်ပြီး မယုံကြည်နိုင်စွာ မေးခွန်းထုတ်လိုက်သည်။

“သူဌေးယွမ်၊ ဒါက ရှားပါးတဲ့  အနီရောင်ခွံရှိတဲ့ ကြက်သွန်ဖြူ ဆိုရင်တောင် ကြက်သွန်ဖြူက ကြက်သွန်ဖြူပဲ။ ဘာများ ခြားနားသွားလို့လဲ” ဝူဟိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သာမန်စွပ်ပြုတ် နှင့် ကြက်သွန်ဖြူက ၄၀ယွမ် ထိုက်တန်မည်နည်း။

ဤသည်ကား တကယ်ကို ကလိမ်ကကျစ် နည်းလမ်း ဖြစ်သည်။

“ဟူး၊ အရသာ မြည်းကြည့်ပါဦး” ယွမ်ကျိုးက လေကုန်ခံကာ စကားပြောမည့် အစီအစဉ် မရှိပေ။

“လူငယ်လေး သနပ်လုပ်ထားတဲ့ ကြက်သွန်ဖြူဆိုရင်တောင် စားနိုင်ပါသေးတယ်။ အခုတော့ ကြက်သွန်ဖြူအစိမ်းချည်လား” အဘိုးက သူ့ကြက်သွန်ဖြူ အစိမ်းမစားနိုင်ကြောင်း ထုတ်ပြောသွားသည်။

“ပူစပ်စပ် အစားအသောက်တွေကို စားနိုင်ပေမဲ့ ကြက်သွန်ဖြူအစိမ်းကိုတော့ မစားနိုင်ဘူး” ဝူဟိုင်းက ကြက်သွန်ဖြူပန်းကန်ပြားကို ဘေးတွန်းထုတ်လိုက်သည်။ ယွမ်ကျိုးက သူ့ကို လာကျီစယ်နေသည်။ ကြက်သွန်ဖြူကို စားလိုက်လျှင် မိန်းကလေးများကို ပိုးပန်ရန် မလွယ်ကူပေ။ ကြက်သွန်ဖြူက ခံတွင်းနံ့ကို ဆိုးရွားစေသည်။ ကောင်မလေးက ကြက်သွန်ဖြူအနံ့ကြောင့် ချက်ချင်း မူးလဲသွားနိုင်သည်။

“ဒါက သာမန်ကြက်သွန်ဖြူမဟုတ်ဘူး အနီရောင်သန်းတဲ့ ကြက်သွန်ဖြူ။ ခံတွင်းနံ့ကို မဆိုးရွားစေဘူး။ ခင်ဗျားတို့တွေ စားကြည့်ရင် သိလိမ့်မယ်” ယွမ်ကျိုးက ယုံကြည်လက်ခံအောင် ပြောသည်။

မည်သို့ပင်ဆိုစေကာမူ သူ့အဖြေက စနစ်မှ ပေးအပ်ထားသော အဖြေဖြစ်သည်။

စနစ် “ဒီကြက်သွန်က ခံတွင်းနံ့ကို မဆိုးရွားစေပါဘူး”

“ကြက်သွန်ဖြူက နှစ်ဝက်ခန့်ကြာအောင် စိုက်ပျိုးပြီးမှ ရင်မဲ့တဲ့ ဆေးဖက်ဝင်အပင်ပါ။ ကြက်သွန်ဖြူမြွှာကို ဆေးအနေနဲ့ သုံးစွဲနိုင်ပါတယ်။ စနစ်က အထူးပြုပြင်ပြီး စိုက်ပျိုးထားလို့ မူလကြက်သွန်ဖြူလို ခံတွင်းနံ့ကို မဆိုးရွားစေဘူး။ ဒီမျိုးစိတ်အသစ်က ခံတွင်းနံ့ ဆိုးရွားခြင်းကိုတောင် သက်သာစေပါတယ်”

ကျွမ်းကျင်စားဖိုမှူးစနစ် (ယွမ်ကျိုး)Where stories live. Discover now