အခန်း *1*

547 33 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ အချိုရည်ပေါက်တာ ဂုဏ်ယူပါတယ်

ထျန်းလန်တိုက်၊ ထျန်းရှင်း အင်ပါယာ၊ ကျို့ယောင်မြို့။
ကျို့ယောင်မြို့သည် ထျန်းရှင်းအင်ပါယာ၏မြို့တော်ဖြစ်သည်နှင့်အညီ မြေဧကများစွာကျယ်ဝန်းပြီး တောင်တန်းများ၊ ကွင်းပြင်များဖြင့် တဆက်တည်းရှိလျှက် အလွန်ကိုသာယာလှပသော မြို့တော်တစ်ခု ဖြစ်သည်။
ကျို့ယောင်တောင်တန်းတွေမှာတော့ မွန်းစတားပေါင်းစုံ နေထိုင်ကြသည်။ထို့အပြင် များပြားလှသော အဖိုးတန်ပစ္စည်းမျာကလည်း ကျင့်ကြံသူတွေကို လာရာက်ကြရန် ဆွဲဆောင်လျှက်ရှိသည်။ ကောလဟာလတွေအရ တောတောင်တွေရဲ့ အနက်ဆုံးအပိုင်းတွေမှာ ဆန်းကျယ်တဲ့ ရှေးဟောင်းအမွေအနှစ်ပစ္စည်းများပင် ရှိသည်။
ဆယ်ပေမြင့်သော ကျို့ယောင်မြို့ရဲ့ တံတိုင်းတွေကို ကျော်ကြည့်လိုက်လျှင် မြို့ထဲတွင် စည်ကားလျှက်ရှိသော ဈေးဆိုင်များ၊ လမ်းသွားလမ်းလာများဖြင့် ပြည့်နေသော လမ်းမများကို မျက်စိနောက်လောက်အောင်ပင် တွေ့နိုင်လေသည်။

ဒီလို မြင်ကွင်းမျိုးသည် ကျို့ယောင်မြို့တော်က လူများအတွက်တော့ အဆန်းမဟုတ်ပဲ နေ့စဉ်မြင်ကွင်းမျိုးပင်ဖြစ်သည်။ သို့သော် မြို့အရှေ့ပိုင်း လမ်းကြားလေးတစ်ခုမှာတော့ မြို့ရဲ့စည်ကားခြင်းဖြင့် ဖီလာဖြစ်နေသော ဆိုင်လေးတစ်ဆိုင်ရှိသည်။ ကြွယ်ဝလှသော ကျို့ယောင်မြို့တွင် တည်ရှိသော ဆိုင်ရဲ့အနေအထားသည် အလွန်ကိုချောင်ကျလှသည်။ (ဒါ့ကြောင့်လူမရှိတာ မထူးဆန်းပါဘူး)b
ဆိုင်ရှင်လူငယ်လေးကတော့ ကောင်တာနောက်မှာ မေးစေ့ကို လက်ထောက်လျှက် လမ်းမဘက်ကို ပျင်းရိစွာ ကြည့်နေလေသည်။ (မျက်လုံးကသာ ကြည့်နေတာ စိတ်ကတောင်ရောက် မြောက်ရောက်နဲ့၊ )
ဆိုင်ရှင်အမည်မှာ လို့ချွမ်ဖြစ်ပြီး အရင်က ကမ္ဘာမြေမှ သာမာန် လက်ယားလက်ယား ကျောင်းသားတစ်ယောက် သာဖြစ်သည်။ ညအချိန်မတော်တွင် ဘာဖြစ်မှန်းမသိသေလာပြီး လက်ရှိကမ္ဘာကို ရောက်လာခြင်းဖြစ်သည်။
ဒီအကြောင်းကို ပြောမည်ဆိုလျှင်တော့ လို့ချွမ်ဟာ ဒီကမ္ဘာကို ရောက်လာတာ တစ်လသာကြာခဲ့ပြီ ပိုင်တာဆိုလို့ ဆိုင်စုတ်လေး တစ်ခုသာဖြစ်သည်(ဆိုင်စုတ်မှာရောင်းစရာ အဟောင်းတွေသာရှိသည်)။ လို့ချွမ် ငေးငိုင်၍ မှိုင်နေစဉ်မှာပင် စနစ်(System)မှ အသံတစ်ခုထွက်လာခဲ့ လေသည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now