အပိုင်း(54)

72 11 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း(၅၄)- လျှော်ကြေး ပို့ပေးခြင်း

ပုလိုင့်၊ ပုရှစ်ရီနှင့် ကျန်းရှန်ကျွင်းတို့ သုံးယောက်က ဂိမ်းဆော့နေသော ကူယွင်ရှီတို့ကို သတိထားမိသွားသည်။

“ဒီနှစ်ယောက် လင်ယုသင်တန်းကျောင်း က ကျောင်းသူတွေမဟုတ်လား…”
ကျန်းရှန်ကျွင်းက ကူယွင်ရှီတို့ ဝတ်ထားသော အင်္ကျီမှ တိမ်တံဆိပ်ကို မြင်ပြီး မေးလိုက်သည်။

“ဟုတ်မယ်ထင်တယ်…”
ပုလိုင့်က သေချာမသိပေ။

သူမတို့နှင့် တစ်ကြိမ်ဆုံဖူးသော်လည်း စကားမပြောဖြစ်ခဲ့။ ထိုအချိန်က အာလုံးစိတ်ထဲတွင် တိုက်ခိုက်ရေးမျှော်စင် ဂိမ်းသာရှိသည်။ ထို့ကြောင့် ပုလိုင့်က မသေချာဖြစ်နေသည်။ သို့သော်လည်း လင်ယု သင်တန်းသားအဖြစ် မည်သူမျှ ဟန်ဆောင်ရဲမည် မဟုတ်ကြောင်းကို သူသိသည်။

“သူတို့က လင်ယုသင်တန်းကျောင်းကပဲ… “
လို့ချွမ်က ဝင်ပြောလိုက်သည်။

“လင်ယုသင်တန်းကျောင်းတောင် ဒီရောက်နေပြီဆိုရင် ကျို့ယောင်မြို့လည်း  မကြာခင် မုန်တိုင်းထန်လာတော့ မယ်ထင်တယ်…”
ပုရှစ်ရီက ရှေ့ကို ကြိုတွေးလျှက် သက်ပြင်းချလိုက်သည်။

ထို့အချိန်တွင် ပြုတ်ထားသော ခေါက်ဆွဲများရပြီဖြစ်သောကြောင့် အားရပါးရစားလိုက်ကြသည်။
စားသောက်ပြီးနောက် ပြောင်းလဲလာသော ခန္ဓာကိုယ်ကို ခံစားကြည့်လိုက်ကြသည်။ ထို့နောက် တိုက်ခိုက်ရေးမျှော်စင်ဂိမ်းထဲသို့ တတ်ကြွစွာဖြင့် ဝင်သွားကြသည်။

လို့ချွမ်က ကောင်တာနောက်တွင် ထိုင်လျှက် တောင်ကြည့်မြောက်ကြည့် ကြည့်နေသည်။ လူကသာဟိုကြည့်သည်ကြည့် ဖြစ်နေသော်လည်း စိတ်ထဲတွင် တိုက်ခိုက်ရေးမျှော်စင်မှ ရရှိခဲ့သည် အတွေ့အကြုံများကို ပြန်လည်သုံးသပ်နေသည်။
လေ့ကျင့်ရေးဆင်းပြီးနောက် အနားယူရသကဲ့သို့ ဂိမ်းကစားခြင်းတွင်လည်း အနားယူရသည်။ မနေ့က တစ်နေ့လုံး ဂိမ်းကစားထားသဖြင့် ယခုအချိန်တွင် လို့ချွမ်၏ စိတ်ဝိညာဉ်စွမ်းအားများက ပင်ပန်းနွမ်းနယ်နေသည်။  ထို့ကြောင့် ခန္ဓာကိုယ် အနားပေးနေခြင်းဖြစ်သည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now