အပိုင်း(32)

106 14 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ (Fantasy: God-level Store Manager)
အပိုင်း(၃၂)- ကျန်းရှန်ကျွင်း

ကျို့ယောင်မြို့လမ်းများပေါ်တွင် သွားလာသူများ ၊ ဈေးသည်များနှင့် စည်ကားနေ၏။ ကျန်းနန်ဟော်အိမ်တော်မှ ထွက်လာသော ပုလိုင့်နှင့် ပုရှစ်ရီတို့သည်လည်း မြို့အရှေ့ဘက်ခြမ်းဆီသို့ လမ်းလျှောက်သွားနေကြသည်။

“အစ်မ…ဆိုင်ရှင်သူဌေးက ကနေ့ ပစ္စည်းအသစ်တင်ထားမယ်လို့ ငါ့ကိုပြောထားတယ်….”

ပုလိုင့်တစ်ယောက် ပစ္စည်းအသစ်နှင့် ပတ်သတ်၍ အင်မတန်မှ စိတ်လှုပ်ရှားနေသည်။ ပုရှစ်ရီလည်း အနည်းငယ်စိတ်ဝင်စားနေ၏။ အမျိုးသမီးတစ်ယောက်ဖြစ်သည့် ပုရှစ်ရီသည် အိမ်တော်မှ ရံဖန်ရံခါသာ ထွက်တတ်သဖြင့် ပစ္စည်းအသစ်နှင့် ကြုံမည့် အခွင့်အရေးကို စိတ်ဝင်စားနေခြင်းဖြစ်သည်။

“လိုင့်…. ပစ္စည်းအသစ်က ဘာဖြစ်မယ်ထင်လဲ….”

“အဲဒါတော့ ဘယ်သိမလဲဗျ…”

ပိုလိုင့်တို့ မောင်နှမနှစ်ယောက် စကားတပြောပြောဖြင့် လမ်းလျှောက်လာနေကြသည်။ သူတို့နှစ်ဦး၏ အဖိုးတန်သော အဝတ်အစားများနှင့်  လှပသော အသွင်အပြင်များက ပတ်ဝန်းကျင်ရှိလူများ၏ အာရုံစိုက်မှုကို ရရှိနေ၏။ အထူးသဖြင့် ပုရှစ်ရီ၏ သန့်ရှင်း လှပသော မျက်နှာလေးက ပတ်ဝန်းကျင်တစ်ခုလုံးအား ဖမ်းစားနေ၏။

“ဟေး… ရှစ်ရီ… အပြင်တွေဘာတွေထွက်လို့ပါလား…. ဘယ်သွားကြမလို့လဲ….”

အဖြူရောင်ဝတ်စုံကို ဝတ်ထားပြီး ခေါက်ယပ်တောင်ကိုင်ထားသော အမျိူးသားတစ်ယောက် မြင်ကွင်းအတွင်းသို့ ဝင်လာသည်။ အမျိုးသားမှာ ကျန်းရှန်ကျွင်းဖြစ်ပြီး ကျို့ယောင်မြို့ ထင်ရှားသောအသိုင်းအဝိုင်းမှဖြစ်သည်။ ရုပ်ရည်ခန့်ညားသည့်အပြင် ကျင့်ကြံခြင်းအဆင့်လည်း မြင့်သောကြောင့် မိန်းကလေးများ ကြားတွင် ရေပန်းစားသူ တစ်ယောက်ဖြစ်၏။ ကျန်းရှန်ကျွင်းသည် ပုရှစ်ရီအား စိတ်ဝင်စားသော်လည်း နန်ဟော်အိမ်တော်၏ အဆင့်အတန်းနှင့် ပုရှစ်ရီ၏ ကျင့်ကြံခြင်းအဆင့်မြင့်မှုကြောင့် အကြပ်ရိုက်နေခြင်းဖြစ်သည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now