အခန်း (11)

138 20 0
                                    

Fantasy: God-level Store Manager (နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ)
အပိုင်း (၁၁)- ဆိုင်ကနေ အချိန်မရွေး ကြိုဆိုပါတယ်

ပုလိုင့်တို့ မောင်နှမ ထွက်သွားပြီးနောက် လို့ချွမ်သည်လည်း နေရောင်ပြန်ခံရင်း စည်းစိမ်ရစ်ပြန်လေသည်။ ကံကောင်းချင်တော့ အချိန်သိပ်မကြာလိုက်ဘဲ နောက်ထပ်ဈေးဝယ်တစ်ဦးရောက်လာပြီး မေးပြန်သည်။

“ရှင်ကဆိုင်ရှင်လား”
လို့ချွမ်မျက်လုံးဖွင့်ကြည့်လိုက်သောအခါ တစ်ကိုယ်လုံး အနက်ရောင်ဝတ်ထားသော သွယ်လျကျစ်လစ်သည့် အမျိုးသမီးတစ်ဦးအား မြင်ရလေသည်။ သူမရဲ့ အနက်ရောင်ကေသာများကိုတော့ နောက်စေ့နားတွင် စုခြည်ထားကာ သူရဲကောင်းတစ်ယောက်ပုံစံနှင့် တူနေသည်။

ဝေ့ချင်းကျူးသည် အနည်းငယ်စိတ်မရှည်ဖြစ်လာကာ ထပ်မေးလေသည်။
“ရှင့်ကိုမေးနေတာ ၊ ဆိုင်ရှင်လားလို့၊ တစ်ခုခုတော့ ပြန်ပြောဦးလေ”
“ဟုတ်ပါတယ်၊ ဘာလိုချင်တာပါလဲဗျ”
လို့ချွမ် နောက်ဆုံးတွင်ပါးစပ်ဟလာပြီး ပြန်ဖြေလေသည်။

“ကုသခြင်း ဆေးနဲ့ တခြားဆင်တူ ပစ္စည်းတွေ၊ ရှင့်ဆိုင်မှာ အဲ့လိုပစ္စည်းမျိုးများ ရှိသလား”
အမျိုးသမီးသည် အနည်းငယ်စဉ်းစား၍ ပြောလေသည်။

ကျို့ယောင်မြို့ နယ်နိမိတ်၏ အစွန်ဆုံးနေရာများတွင် တောင်တန်းများတည်ရှိနေကြသည်။ ထိုတောင်တန်းများသည် သားရဲများ ၊ မွန်းစတားများဖြင့် ပြည့်နက်နေသည်။ ထိုအကောင်များကို မှီခိုပြီး အသက်မွေးကြသော ကျင့်ကြံသူများလည်း ရှိကြသည်။ ဝေ့ချင်းကျူး သည်လည်း ထိုကဲ့သို့သော ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

“ဟုတ်ကဲ့၊ မရှိပါဘူး။”
လို့ချွမ် ခေါင်းငြိမ့်ပြလိုက်ပြီး ပြန်ပြောလိုက်သည်။

ဝေ့ချင်းကျူး က စိတ်ပျက်စွာဖြင့် တခြားသို့သွားရန် ခြေလှမ်းပြင်လိုက်သည်။ ဝေ့ချင်းကျူး ထွက်ခွာရန် ခြေလှမ်းစလိုက်သည်နှင့် လို့ချွမ်၏ စကားများက ရပ်တန့်သွားစေပြန်သည်။
“ဘာဆေးတောင့်မှတော့မရှိဘူး၊ ဒါပေမယ့် ဒီမှာရောင်းနေတာတွေက အဲ့ဒါတွေထက် ပိုကောင်းပါတယ်။”
“ဒီသူဌေး လေတော့တော်တော်ကြီးတာပဲ”(ဆော်တွေ့ရင် ဘူးတဲ့အကျင့်ကြောင့်ပါ)

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now