အပိုင်း(47)

97 14 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း(၄၇)- ညစာ စားပွဲ

လို့ချွမ်ဂိမ်းဆော့ခဲ့သည့်အချိန်မှာ နာရီများစွာ ကြာသည်။ တခြားသူများကဲ့သို့ သုံးနာရီကန့်သတ်ချက် မရှိခြင်းမှာ ဆိုင်ရှင်တစ်ယောက်၏ အခွင့်အရေးဖြစ်၏။ ထို့အပြင် ဝန်ထမ်းတစ်ယောက်ဖြစ်သည့် ယောင်ကျိယန်လည်း ဈေးဝယ်မရှိသည့် အချိန်တွင် ကစားခွင့်ရသည်။

“ကနေ့ညတော့ အပြင်မှာပဲ သွားစားတော့မယ်…”
လို့ချွမ်က ပြောသည်။

“ ကျွန်မရော လိုက်လို့ရမလား သူဌေး…”
ဆိုင်ဝန်ထမ်းဖြစ်ကတည်းက အပြင်သို့ မရောက်တော့သည့် ယောင်ကျိယန်က ပျင်းနေသည်။

“လိုက်ခဲ့လေ…အတူတူ သွားကြတာပေါ့…”
လို့ချွမ်က ယောင်ကျိယန်အား ပြန်ပြောသည်။

လို့ချွမ်နှင့် ယောင်ကျိယန်တို့ နှစ်ယောက်အတူတူ လမ်းကြားထဲတွင် လမ်းလျှောက်ထွက်လာကြသည်။ ကျို့ယောင်မြို့၏ ညနေခင်းအချိန်သည် သာယာနေ၏။ လမ်းကြားမှ ထွက်သော် မြို့ပြ၏ ဆူညံသံများကို ကြားကြရသည်။ လို့ချွမ်က သူစားနေကျ စားသောက်ဆိုင်သို့ ဦးတည်သွား၏။

လို့ချွမ်က မည်သူ့ကိုမျှဂရုမစိုက်ပဲ ကိုယ့်လမ်းကိုယ်သာ သွားသည်။ ယောင်ကျိယန်လည်း ထို့အတူပင်။ ထို့ကြောင့် လူအများကြားတွင် သူတို့နှစ်ယောက်က ထင်းထင်းကြီးဖြစ်နေသည်ကို သတိမထားမိကြပေ။ အထူးသဖြင့် ယောင်ကျိယန်၏ အလှသည် လူသားတို့အတွက် ကြုံရခဲ၏။

“ဒီဆိုင်ပဲ …”
လို့ချွမ်က ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

အရှေ့တွင် မီတာတစ်ရာ အကျယ်ရှိသည့် အဆောက်အဦးတစ်ခုရှိသည်။ သုံးထပ်ဆောင်ဖြစ်သော ထိုအဆောက်အဦးသည် ခမ်းနားမှုကို ပုံဖော်နေ၏။ ဆိုင်ထဲတွင် တန်ဖိုးကြီးအဝတ်အစားများဖြင့် လူကုန်ထံများ စားသောက်နေကြသည်။ အဆောက်အဦး၏ ထိပ်ဆုံးတွင် ဆိုင်နာမည်ကို ရေးသားထားသည်။

“ဖန်ရှန်းလို့”

ကျန်းရှန်ကျွင်း မိတ်ဆက်ပေးထားသော ကျို့ယောင်မြို့၏ နံပါတ်တစ် စားသောက်ဆိုင်ဖြစ်သည်။ လာရောက်စားသောက်သူများ အားလုံးသည် လူကုန်ထံအသိုင်းအဝိုင်း မှချည်းဖြစ်သည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now