အပိုင်း(17)

144 22 1
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်ဂျာ
(Fantasy: God-level Store Manager)
အပိုင်း(၁၇)- ဆိုင်စည်းကမ်းချက်

“သခင်လေးကို တိုက်ခိုက်နေတာ ရပ်လိုက်တော့ ကိုယ့်လူ”

လူငယ်က  အကူအညီတောင်းလိုက်ချိန်မှာပဲ ဖူပိုင်ရဲ့ခန္ဓာကိုယ်အတွင်းမှ ကြောက်စရာကောင်းလောက်သော စွမ်းအားများထွက်ပေါ်လာခဲ့သည်။ ထို့နောက်ရုတ်တရက် ပျောက်သွားပြီး လူငယ်၏နဘေးတွင် ရောက်ရှိသွားသည်။ သူ့အတွက် လူငယ်ရဲ့အသက်က ပထမဦးစားပေးဖြစ်သည်။

သက်တော်စောင့်တစ်ယောက်အနေဖြင့် မှန်ကန်သောလုပ်ရပ်တစ်ခုဖြစ်သည်။ ဖူပိုက လူငယ်အား ကယ်ထုတ်ရန် ပုခုံးကိုကိုင်လိုက်သည်။ ထိုအချိန်မှာပဲ ကြီးမားတဲ့ပြဿနာတစ်ခုကို ရင်ဆိုင်လိုက်ရသည်။ ဒါကတော့ သူ့စွမ်းအားဖြင့် လူငယ်အားရွှေ့မရခြင်းပင်ဖြစ်သည်။

“သခင်လေးကို ငါ့အဆင့်ငါးစွမ်းအားနဲ့ ဘာလို့ရွှေ့မရတာလဲ! သူ့ကျင့်ကြံခြင်းအဆင့်က ငါ့ထက် အဆအများကြီးမြင့်နေလို့များလား”

ဖူပိုစိတ်ထဲတွင် ကြောက်ရွံ့မှုများပေါ်လာသော်လည်း အလျှင်အမြန်ပဲ ဖယ်ရှားလိုက်သည်။ သူ့တာဝန်က လူငယ်အားကာကွယ်ရန်ဖြစ်သည်။ လူငယ်တစ်ခုခုဖြစ်ခဲ့လျှင် သူ့အတွက်လည်း ရလဒ်ကောင်းမည်မဟုတ်ပေ။

“ငွေလက်ဖဝါး!!!”

ဖူပိုက ပစ်မှတ်ပြောင်းလိုက်ပြီး လို့ချွမ်အား ပြောင်းလဲတိုက်ခိုက်တော့သည်။ လူငယ်၏ တိုက်ခိုက်မှုဖြင့်နှိုင်းယှဉ်လျှင် ပို၍ပြင်းထန်လှသည်။

“နှေးလွန်းတယ်”

ဘေးဘက်မှ လို့ချွမ်၏အသံအားမ‌မျှော်လင့်ပဲ ကြားလိုက်ရသည်။ ဖူပို၏လက်ဝါးရိုက်ချက်မှာလည်း လို့ချွမ်၏ ပုံရိပ်ကိုသာထိသွားသည်။

ထို့နောက် လို့ချွမ်၏ လက်ဝါးရိုက်ချက်တစ်ခုက ဖူပိုပုခုံးပေါ်သို့ အလျင်အမြန်ပဲ ရောက်ရှိသွားသည်။ ထိုအခိုက်မှာပဲ အင်းအားပြင်းလှသော စိတ်စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်သွားသည်။

ဖူပို မချိမဆန့်ခံစားရင်း အမှုန်အမွှားအဖြစ်သို့ပြောင်းသွားကာ တံခါးပေါက်မှ တိုက်ခတ်လာသော လေနှင့်အတူ ပျောက်ကွယ်သွားသည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now