အပိုင်း(18)

132 24 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ (God-level Store Manager)
အပိုင်း(၁၈)-ပြိုင်ဘက်ကင်းခြင်း၏ ခံစားချက်

"စိတ်ဝင်စားစရာပဲ"
ကျောက်စိမ်းဆွဲပြားက လူငယ်ကို သူနှင့်ဝေးရာ
အရပ်ထိခေါ်မသွားပဲ
အန္တရာယ်ကင်းရုံဆိုင်အပြင်ကိုပဲ ကယ်ထုတ်သွားသည်ကို လို့ချွမ် သတိထားလိုက်မိသည်။

ထိုအချိန်တွင် စွမ်းအားပြင်းထန်သော အသိစိတ်တစ်ခုက လို့ချွမ်အား မှတ်သားထားပြီး ဖြစ်လေသည်။

"ငါ့သားကို ဘယ်ကောင် ထိရဲတာလဲ"

ဒေါသပြင်းထန်နေသော အော်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။ လူငယ်၏ခါးတွင်ရှိသော ကျောက်စိမ်းဆွဲပြားမှ ငွေဖြူရောင်အလင်းတန်းများ ကောင်းကင်သို့ တရှိန်ထိုးတတ်သွားပြီး မီတာတစ်ထောင်လောက်ရှိသော ပုံရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။

ကောင်းကင်တစ်ခုလုံး အရောင်ပြောင်းသွားခဲ့ပြီး စိတ်ကျဉ်းကျပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။ မရေမတွက်နိုင်သော  သာမန်လူများနှင့် ကျင့်ကြံသူများသည် ပုံရိပ်ကိုမြင်ပြီး အသားအရေများ ဖျော့တော့သွားကြသည်။

"အတော်ကြောက်စရာကောင်းတဲ့ အရှိန်အဝါပဲ၊ ဆရာကြီးတစ်ပါးပါးများ ကျို့ယောင်မြို့ကို ရောက်‌လာတာလား။"

"ငါ က ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ်မှာပါ၊ ဒါတောင် ငါ့ရဲ့ စွမ်းအားနဲ့ ဒီအရှိန်အဝါကြီးတဲ့ စွမ်းအားကို တင်းခံနိုင်စွမ်းမရှိဘူး။"

"စိတ်ပူမနေစမ်းပါနဲ့ကွာ ကျို့ယောင်မြို့က အင်ပါယာရဲ့ မြို့တော်ပါကွ ကိုယ်ပိုင် ကာကွယ်ရေးဝင်္ကပါရှိတယ် မင်းအဆင့်မြင့်ကျင့်ကြံသူ တစ်ယောက်ကို အကူအညီတောင်းရင်တောင် မြို့ကို ဖျက်စီးနိုင်မာမဟုတ်ဘူး"

ထိုအချိန်တွင် ကျို့ယောင်မြို့ အင်ပါယာနန်းတော်၌ အဝါရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော လူက မျက်လုံးဖွင့်ကြည့်လိုက်သည်။
ထိုသူမှာ ထျန်ရှင်းအင်ပါယာ၏ ကြီးမြတ်သော အင်ပါယာသခင် ကျိဝူဟွေ့  ပင်ဖြစ်သည်။

ကျိဝူဟွေ့က ကောင်ကင်တွင်ဖြစ်နေသော ပုံရိပ်အား ကြည့်နေခဲ့ပြီး မျက်နှာပျက်သွားခဲ့သည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now