အပိုင်း(51)

81 13 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း(၅၁)- လျော်ကြေး

ပတ်ဝန်းကျင်ရှိလူများက ပိုင်လောင်နှင့် မင်းသားကို အံ့ဩစွာ ကြည့်နေကြသည်။ ပိုင်လောင်၏ မျက်နှာက ပုပ်သိုးနေ၏။ တာအိုနယ်ပယ် အဆင့် ၈ ရှိသော ပိုင်လောင်က ဘယ်နေရာသွားသွား အထူးဧည့်သည်တစ်ယောက်အဖြစ် ကြိုဆိုခံရမည်ဖြစ်သည်။ အင်ပါယာသခင်ဘေးမှာနေ၍ လိုအပ်သည်များကို ကူညီနေခြင်းမှာလည်း ကျေးဇူးကျွေးပြန်ဆပ်နေခြင်းသာဖြစ်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်လောက်က ဒဏ်ရာများစွာဖြင့် သေမလိုဖြစ်နေသော ပိုင်လောင်အား အင်ပါယာ ဧကရာဇ် ကျိဝူဟွေ့က ကယ်တင်ခဲ့သည်။ ထို့ကြောင့် ကျင့်ကြံခြင်းအဆင့် သိပ်မကွာခြားလှသော ကျိဝူဟွေ့ လိုအပ်သမျှကို ကူညီနေခြင်း ဖြစ်သည်။ သူတို့ နှစ်ဦးကြားတွင် သခင်နှင့် အစေခံဟူသော ဆက်ဆံရေး မရှိပေ။

ကျင့်ကြံသူများ၏ သက်တမ်းသည် သာမာန်လူများထက် များစွာရှည်သဖြင့် ပိုင်လောင်၏ ကျေးဇူးကျွေပြန်ဆပ်ခြင်းသည် ဆယ်စုနှစ်အထိ ကြာခဲ့သည်။ ထိုအကြောင်းကို မသိသော နောက်တတ်လာသော လူငယ်များက ပိုင်လောင်အား အစေခံတစ်ယောက် အဖြစ်မြင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ကျိထျန်းဟောက်၏ စကားက ပိုင်လောင်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်။

ပိုင်လောင်က ဒေါသကိုထိန်းကာ အသက်မှုတ်ထုတ်လိုက်သည်။

“စီနီယာ… ကျိထျန်းဟောက်ရဲ့ အပြုအမူက ရိုင်းစိုင်း လွန်းပါတယ်…အဲ့ဒီအတွက် လျော်ကြေးအဖြစ် ထျန်ရှင်း
အင်ပါယာက တတ်နိုင်သမျှ ပေးဆပ်သွားပါ့မယ်လို့ ကတိပေးပါတယ်… သူရဲ့အသက်ကို သည်တစ်ကြိမ်တော့ ချမ်းသာပေးပါ…”

သခင်ပိုင်က ပြောပြောဆိုဆိုနှင့် ကျိထျန်းဟောက်၏ တံခေါက်ကို ကန်ချလိုက်သည်။ ကျိထျန်းဟောက်၏ ဒူးခွေကျကာ ကြမ်းပြင်နှင့် မိတ်ဆက်သွားသည်။ သခင်ပိုင်၏ ကန်ချက်တွင် မကျေနပ်ချက်ပါသဖြင့် ကျန်းထျန်းဟောက်ပြန်မထနိုင်တော့ပေ။

လို့ချွမ်ကတော့ ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ်ဖြင့် ထိုင်ခုံ၌ ထိုင်နေ၏။ ဘေးမှ ထိုင်နေသော ယောင်ကျိယန်ကလည်း တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ ပတ်ဝန်းကျင်မှ လူများလည်း ထိုမြင်ကွင်းကို ကြည့်ကာ မယုံနိုင်ဖြစ်နေကြသည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now