အခန်း*2*

222 24 0
                                    

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာ

အပိုင်း(၂)- ပြိုင်ဘက်ကင်း မြှင့်တင်ပေးမှုနှင့် ပွဲဦးထွက်မစ်ရှင်

အချိူရည်ဗူးရဲ့အောက်မှာကပ်ထားတဲ့ သလင်းကျောက် ဆယ်ခုဆိုတဲ့ဈေးကို ကြည့်ပြီး လို့ချွမ် တစ်ယောက်တော်တော်ကို  ပြူးသွားခဲ့သည်(မျက်လုံး)။ ကျို့ယောင်မြို့က အခြေခံလူတန်းစား အများစုက ကြေးပြား၊ ငွေပြား၊ ရွှေပြားတွေကို သုံးကြပါသည်။ ငွေလဲလှယ်နှုန်းကလည်း ဆယ်ချိုးတစ်ချိုးသာဖြစ်သည်။ စွမ်းအင်ပါဝင်သော သလင်းကျောက်တွေကိုတော့ ကျင့်ကြံသူတွေ အများစုသုံးကြပြီး တစ်ခုကို ရွှေပြားဆယ်ပြား လဲလှယ်နှုန်းရှိသည်။ ရွှေပြားတစ်ပြားရဲ့တန်ဖိုးဟာ သာမာန်မိသားစုတစ်စု တစ်လစာဖူလုံစွာ သုံးစွဲနိုင်သည်။ ခရစ်စတယ်ရဲ့တန်ဖိုးကိုတော့မှန်းသာ ကြည့်ကြပါတော့။

“စနစ်(System)ရေ၊ ဈေးနှုန်းကပ်ထားတာ မှန်ပါတယ်နော်။” လို့ချွမ်တစ်ချက်စဉ်းစားပြီး စနစ်ကို မေးလိုက်သည်။

“ပေးရတဲ့ဈေးနဲ့ ရရှိမယ့် ပစ္စည်းအရည်အသွေးနဲ့ဆို တန်ပါတယ်။ ဈေးနှုန်းမှားကပ်ထားတာ မရှိပါဘူး။ ဆိုင်ရှင်က စနစ်ကိုဒီလိုမေးခွန်းမျိုးပထမဆုံးမေးတာဖြစ်လို့ သတိပေးရုံပဲ ပေးလိုက်ပါ့မည်။ (နောက်တစ်ခါ မမေးရဘူးပေါ့။ အာဏာရှင်ဆန်ချက်)
စနစ်ရဲ့ အသံတိတ်သွားပြီးတဲ့နောက်မှာတော့ လို့ချွမ်ခေါင်းထဲကို အချိုရည်ဗူးအာနိသင်နဲ့ ပတ်သတ်သော စာတစ်စောင်ရောက်လာခဲ့လေသည်။

“မူလ ကိုလာအရသာ၊
အဓိကပါဝင်ပစ္စည်း-ဟွန်ယွမ်လင် နွေဦးရေ
သောက်သုံးပြီးလျှင် အသက်အန္တရာယ်မရှိသော ဒဏ်ရာများကို ချက်ချင်းသက်သာပျောက်ကင်းစေနိုင်သည်။”

စနစ်ကပို့တဲ့စာကို ဖတ်ပြီး လို့ချွမ်တစ်ယောက် ထပ်ပြူးသွားပြန်သည်။
“ဒဏ်ရာတွေကို ချက်ချင်းပျောက်ကင်းစေနိုင်သည်။ ဒါက အသက်အပို တစ်ချောင်းပေးလိုက်တာပဲ”ဟု လို့ချွမ်တွေးမိလိုက်သည်။ ဟွန်ယွမ်လင်နွေဦးရေက ဘာကြီးမှန်းမသိပေမယ့်လည်း လူနှစ်ယောက်ရန်ဖြစ်လို့ ဒဏ်ရာကိုယ်စီရခဲ့တဲ့အချိန် ဒီဗူးဝယ်လာတဲ့သူက အသာစီးယူပြီး အနိုင်ရမှာ အသိသာကြီးဖြစ်သည်။
“ငါသောက်လိုက်ရမလား” ဟုတွေးပြီးသည်နှင့် လို့ချွမ်တစ်ယောက် ကောင်တာနောက်ကဗူးတစ်ဗူးယူလိုက်ပြီး အဖုံးဖွင့်လိုက်သည်။
“ချီး… ရှီးး.. ရှီး” (အမယ် ဂတ်စ် ထွက်တဲ့ အသံတွေနဲ့)
“ဘာမှထူးခြားတာလည်းမရှိပါဘူး” လို့ချွမ်တစ်ယောက် မျက်မှောင်ကြုံလိုက်တယ်။
“သောက်ကြည့်ဦးမှပဲ” လို့ချွမ် တစ်ကြိုက်မော့လိုက်သည်။(Sry တစ်ငုံလောက်သောက်လိုက်သည်)
“ကိုလာ အရသာ ကောင်းလိုက်တာ”ဟုတွေးရင်း အခြေအနေကို ဆက်စောင့်ကြည့်နေပြန်သည်။
“ဘာလို့ အလုပ်မလုပ်တာလဲ။ ဘာမှလည်းမခံစားရဘူး” လို့ချွမ် သံသယများဖြင့် ထပ်ကြုံ့ သွားသည်။(မျက်မှောင်)
“ဆိုင်ရှင်ဟာ သာမာန်လူတစ်ယောက်ဖြစ်ပြီး မည်သည့်ဒဏ်ရာမျှလည်းမရှိပါ။ ထို့ကြောင့် ဘာထူးခြားမှုကိုများမျှော်လင့်နေပါသနည်း( စနစ်တင်းပြီလေ)။” စနစ်က လို့ချွမ်၏ အခြေအနေကို စောင့်ကြည့်ပြီး ပြောလေသည်။
“ဆိုင်ပိုင်ရှင် တစ်ယောက်အနေဖြင့် ဆိုင်တွင်ရှိသော ပစ္စည်းများကို အခမဲ့ သုံးစွဲနိုင်ပါသည်။” စနစ်မှ ထပ်မံ၍ အသိပေးပြန်လေသည်။ ဆိုင်ရှင်တစ်ယောက်အတွက် စနစ်မှပေးသော အခွင့်အရေးဖြစ်လေသည်။
“ပွဲဦးထွက် မစ်ရှင်စတင်ပါပြီ။
ပထမဆုံး ပစ္စည်းရောင်းချရမည်ဖြစ်သည်။
ကျန်ရှိအချိန်- ၆ရက်၊ ၂၃ နာရီ၊ ၅၉ မိနစ်။
ဆုလဒ်- ကံစမ်းခွင့် တစ်ခါရရှိမည်။”
ထို့နောက် အပြာနုရောင် 3D ဘုတ်ပြားတစ်ခု လို့ချွမ် အရှေ့တွင် ပေါ်လာလေသည်။

“အသန်မာဆုံးစတိုးဆိုင်ပိုင်ရှင်စနစ်
ပိုင်ရှင်- လို့ချွမ်
အရည်အသွေး- ကြယ်တစ်ပွင့် ဆိုင်ရှင်
ပြင်ဆင်ခြင်း- မရှိ
ရှယ်ယာပိုင်ဆိုင်မှု-၁၀ ရာခိုင်နှုန်း
ပွဲဦးထွက် မစ်ရှင် ဆောင်ရွက်ဆဲ
အကဲဖြတ်ခြင်း - အားနည်းသော ကြက်ကလေးများ(သာမာန်လူတွေကို ပြောခြင်း)အတွက် ဆိုင်ရှင်သည် မိမိ၏ ခွန်အားကို အလျှင်
အမြန်မမြှင့်တင်ရ။”

စနစ်ပါဝင်သော စာအုပ်များကို ဖတ်ထားဖူးသော လို့ချွမ်အဖို့ အထက်ပါ အချက်အလက်များက သိပ်ပြီးတော့ ထူးခြားလှခြင်းမရှိပါ။ ဒါပေမယ့် နောက်ဆုံးက အကဲဖြတ်ခြင်းက ဘာကြီးလဲ။ စနစ်(System) ရေ ဘာတွေလုပ်နေတာလဲ။
အချက်အလက်များကိုဖတ်ပြီးနောက် လို့ချွမ် က စနစ်ကို မေးလိုက်သည်။

“စနစ်ရေ၊ ငါလည်းသာမာန်လူတစ်ယောက်ပဲ ငါ့ကိုယ်ငါ ကာကွယ်ဖို့လိုတယ်လေ။ ခွန်အား မမြှင့်တင်ပဲနဲ့ ဆိုင်ကို တစ်ယောက်ယောက် ပြဿနာလာရှာရင် ဘယ်လိုလုပ်ရမလဲ။”

ထို့နောက် စနစ်မှ ရှင်းပြလေသည်၊
“ ဆိုင်အတွက် လုံခြုံရေးစနစ် တပ်ဆင်ပြီးသားဖြစ်သည်။ ပြီးတော့ ဆိုင်ရှင်သည် စတိုးဆိုင်နှင့် ၁၀ ကီလိုမီတာ အတွင်းဆိုလျှင် ပြိုင်ဘက်ကင်းဖြစ်သည်။”
“ပြိုင်ဘက်ကင်း။ စနစ်ရဲ့ အဆင့်မြှင့်ပေးခြင်းက တော်တော် ထိရောက်တာပဲ” လို့ချွမ် ကျေနပ်နေလေတော့သည်

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now