အပိုင်း(25)

117 18 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း(၂၅)- ဉာဏ်ကြီးရှင်

သိုသော်လည်း လို့ချွမ်စကားကို ကြားပြီး သခင်ပိုင် ခံစားသွားရသည်မှာလည်း အမှန်ပင်။ သခင်ပိုင်၏ အမူအရာမှာ ပြောင်းလဲမှုမရှိသော်လည်း လို့ချွမ်၏ မျက်လုံးတွေမှာတော့ သက်သောင့်သက်သာ မရှိမှုများကို မြင်နေရသည်။

“အင်ပါယာနဲ့သာ အလုပ်တွဲလုပ်ခဲ့ရင် တစ်နေ့ကို ဘယ်လောက်တောင် ရောင်းရလိုက်မလဲ….
အနည်းဆုံးသလင်းကျောက် သောင်းနဲ့ သိန်းနဲ့ချီပြီး ရောင်းရမှာတော့ အမှန်ပဲ…
ကြယ်တစ်ပွင့် ဆိုင်ရှင်ရဲ့ ရှယ်ယာ ၁၀ရာခိုင်နှုန်း  အချိုးအရ တစ်နေ့ကို သောင်းနဲ့ချီတဲ့ သလင်းကျောက်တွေ ပုံမှန်ရနေမှာ….”

လို့ချွမ်တစ်ယောက် သက်သောင့်သက်သာ မရှိပဲ ခံစားနေရသည်။

“ ကမ္ဘာ့ အသန်မာဆုံး ဆိုင်ရှင်တစ်ယောက် ဖြစ်လာဖို့ ကံကြမ္မာပါသော လူတစ်ယောက်အနေနဲ့…. ကိုယ့်ရဲ့ ကိုယ်ပိုင် စည်းမျဉ်းများကို လေးစား‌ပါ….  ပိုက်ဆံရဲ့ ဆွဲဆောင်မှုကို မခံရပါစေနဲ့…”

စနစ်က လို့ချွမ်အား အချိန်ကိုက်  တရားဝင်ဟောတော့သည်။

“ဟား…ဟား…ဟား…”
လို့ချွမ်လည်း ရယ်လိုက်မိသည်။

သခင်ပိုင်က အစပ်ချောင်းစားပြီးပြီဖြစ်သောကြောင့် ကိုလာသောက်ရန် ကိုလာတစ်ဗူးယူလာ၍ ကောင်တာသို့ငွေလာရှင်းလေသည်။ ကောင်တာတွင် သလင်းကျောက်များပေးနေစဉ် လို့ချွမ် စိတ်အခြေအနေမကောင်းသည်ကို ပိုင်လောင် ခံစားလိုက်မိ၏။ ထို့ကြောင့် ဆိုင်မှ ခပ်သုတ်သုတ်ပင် ထွက်လာခဲ့တော့သည်။

အင်ပါယာနန်းတော်။
ကျိဝူဟွေ့ က သုတ်သုတ်ဖြင့်ပြန်လာသော သခင်ပိုင်ကို စူးစမ်းရင်း ကြည့်နေသည်။

မကြာသေးခင်အချိန်အတွင်း ကျို့ယောင်မြို့တစ်ခုလုံး ပျက်ဆီးလုနီးပါး ဖြစ်ခဲ့သည်မှာ ချဲ့ကားနေခြင်းမဟုတ်ပေ။

“လူအိုကြီးပိုင် … ဘာတွေဖြစ်ခဲ့တာလဲ….ပြောစမ်းပါဦး…”

သခင်ပိုင် က ကျိဝူဟွေ့အား ကျို့ယောင်မြို့ပေါ်တွင် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ဖောက်သည်ချတော့သည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now