အပိုင်း(40)

112 19 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း(၄၀)- လင်ယု သင်တန်းကျောင်း

ကျို့ယောင်တောင်၏ ရတနာသိုက်သတင်းများကြောင့်မြို့ထဲတွင် မျက်နှာစိမ်းများဖြင့် ပြည့်နှက်နေ၏။ လူစည်ကားလာမှုန‌င့်အတူပါလာသော ပဋိပက္ခ များလည်းနေ့စဉ် တိုးလာ‌နေသည်။ ထိုအချက်က အင်ပါယာဧကရာဇ်ဖြစ်သော ကျိဝူဟွေ့ အား ခေါင်းကိုက်စေ၏။

ပဋိပက္ခများ လျော့နည်းစေရန် ဥပဒေထုတ်တားမြစ်နိုင်သော်လည်း ထိုသို့ပြုလုပ်လျှင် ဆန္ဒပြမှုများကြောင့် ဧကရာဇ် အဖြစ်အမှပင် ပြုတ်သွားနိုင်၏။ ကျိဝူဟွေ့ကံကောင်းနေသည့်အချက်မှာ အသစ်ရောက်လာသော အဆင့်မြင့်ကျင့်ကြံသူများက သိုသိုသိပ်သိပ်နေပြီး ပြဿနာမရှာခြင်းဖြစ်၏။

……...........

ကျို့ယောင်မြို့ အရှေ့ဂိတ်တံခါး။

ဂိတ်တံခါးတွင် တနယ်မှလာသော ကျင့်ကြံသူများ၊ မြို့နေ ပြည်သူများ၊ ကုန်သည်များဖြင့် စည်ကားနေ၏။
ထို့အပြင် တစ်‌‌ေယာက်နှင့်တစ်‌ေယာက်အုပ်စုဖွဲ့ကာ စကားများပြောနေကြသည်။

"ရှေးဟောင်းရတနာသိုက်ထဲက  ကျင့်ကြံသူဆရာကြီးတွေ မလိုချင်တဲ့အမွေအနှစ်ပစ္စည်း အကြွင်းကျန်လေးတစ်ခုရရင်တောင် ငါ့တို့ရဲ့စွမ်းအားတွေ အများကြီးတတ်သွားနိုင်တယ်........"

"ဟုတ်တယ်...... ငါကြားတာတော့ ရတနာတွေ တော်တော် များတယ်တဲ့....."

"ဟမ်....အ‌ပေါ်ကိုကြည့်စမ်း....ကောင်းကင်ကနေ တစ်ခုခု ဆင်းလာနေတာမလား....."

"ဘာကြီးလဲဟ အရောင်တွေလည်းတောက်နေတာ....."

"တဖြည်းဖြည်းနီးလာပြီဟ....."

…..……………….........

ဂိတ်‌‌ပေါက်ဝရှိ လူများက ကောင်းကင်သို့မော့ကြည့်လိုက်ကြသည်။ ပါးစပ်ကလည်း တတွတ်တွတ်ပြောနေကြ၏။ ထိုလူများကြည့်နေသည့်အရာမှာ ကောင်းကင်ပေါ်တွင်ပေါ်လာသည့် အစက်အပြောက်
သဏ္ဍာန် အရာတစ်ခုဖြစ်သည်။

ထိုအရာဝတ္ထုသည် မျက်စိအောက်တွင် တဖြည်းဖြည်းကြီးလာနေ၍ လေပြင်းများလည်းတိုက်ခတ်လာ‌ေနသည်။ နောက်ဆုံးတွင် ထိုအစက်မှ ထင်ရှားသောပုံသဏ္ဍာန်တစ်ခု ဖြစ်ပေါ်လာသည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now