အပိုင်း(23)

124 18 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ (Fantasy: God-level Store Manager)
အပိုင်း(၂၃)- သခင်ပိုင်လောင်

မြို့ပေါ်မှ ငွေရောင်လမင်း ပျက်ဆီးသွားမှသာ လူအိုကြီးပိုင်လည်း နဖူးမှ အေးစက်နေသော ချွေးများကို သုတ်နိုင်တော့သည်။ ထို့နောက် လို့ချွမ်ကို ဂါရဝပြုလျှက်ပြောလိုက်သည်။
“သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… စီနီယာ…”
လို့ချွမ်က ညင်သာစွာခေါင်းငြိမ့်ပြလိုက်သည်။
တိုက်ခိုက်နေစဉ်တုန်းက လို့ချွမ်က ဆိုင်အပြင်တောက်မထွက်ခဲ့သော်လည်း အကာအကွယ် ဝင်္ကပါကို ဤလူကြီး အသက်သွင်းလိုက်သည်ကို လို့ချွမ် ရိပ်မိသည်။ ထိုအချက်အားကြည့်ခြင်းအားဖြင့် တော်ဝင်မိသားစုမှဆိုသည်ကို သိနိုင်ပေသည်။ သူ့ဆိုင်သည် ကျို့ယောင်မြို့တွင်ဖွင့်ထားသောကြောင့် တော်ဝင်မိသားစုနှင့် အဆင်ပြေလျှင် အကောင်းဆုံးဖြစ်သည်။

လို့ချွမ်က လူအိုကြီးကို အာရုံမစိုက်တော့ဘဲ ဆိုင်ရှေ့ရှိ ခုံပေါ်တွင် ပြန်လှဲလိုက်သည်။ ယခင်ဆိုင်နားတွင် ရှိနေခဲ့သော ချူးယန်ဖှေးသည်လည်း ငွေရောင်လမင်း ကျလာစဉ်ကတည်းကပင် ပြာဘဝသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ကြောက်စရာကောင်းလှတဲ့စွမ်းအင်တွေက ကံကြမ္မာကောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ခုခံနိုင်သော အရာတစ်ခု မဟုတ်ခဲ့ပေ။

လို့ချွမ်၏ အပြုအမူကိုကြည့်ပြီး ပိုင်လောင် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။

ပိုင်လောင်က အကြိမ်ကြိမ်ပြန်သုံးသပ်ပြီးနောက် ကြောက်ရွံ့စိတ်များဖြင့် အံကိုကြိတ်ကာ လို့ချွမ်ဆိုင်သို့ လာခဲ့သည်။ ကျို့ယောင်မြို့၏ လူအသွားအလာနည်းသော လမ်းကြားတွင် စတိုးဆိုင်ကို ဖွင့်ထားသော အကြင်လူစွမ်းကောင်းကို မျက်နှာချိုသွေးရုံမှလွဲ၍ အခြားမရှိပေ။

“ဒီလို စွမ်းအားကြီးတဲ့စီနီယာဖွင့်ထားတဲ့ဆိုင်ကို ကင်းလှည့်လာတဲ့ အရာရှိတွေများ ပြဿနာဝင်ရှာခဲ့ရင်…..”

ထိုအကြောင်းအရာကို ပိုင်လောင် ဆက်၍ပင် မတွေးရဲတော့ပေ။

ထိုသို့စွမ်းအားကြီးကျင့်ကြံသူတစ်ယောက် ကျို့ယောင်မြို့တွင်ဆိုင်ဖွင့်ထားသော်လည်း တော်ဝင်မိသားစုက မည်သည့်သတင်းမျှမရရှိခြင်းမှာ ထူးခြားလှသည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now