အခန်း(9)

141 23 2
                                    

မေးစရာတစ်လောက်ရှိလို့ပါ
တိတ်တဆိတ်ကျင့်ကြံသူ ဟန်ကျွယ်ကို ရေးတဲ့သူရှိလားရှင့်

မရှိရင်အဲ့ စာစဥ်ရေးချင်လို့ပါ😁😁

----------------–
နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ (Fantasy: God-level Store Manager)
အစပ်ချောင်းဝယ်ဦးမလား

ပုရှစ်ရီ သည် စကားပြောခြင်းကို ရပ်လိုက်ပြီးနောက် ဆိုင်အတွင်းသို့ ဝင်သွားလေသည်။ ပုလိုင့်သည်လည်း သူ၏အစ်မနောက်မှ ထပ်ကြပ်မကွာလိုက်ရလေသည်။ ဆိုင်ထဲသို့ရောက်သောအခါ ပုရှစ်ရီသည်လည်း ပုလိုင့် ပထမတစ်ခေါက်ရောက်တုန်းကကဲ့သိုပင် အံ့ဩသွားရပြန်လေသည်။

“ဒီလိုဘောင်တန်းတွေကို စင်တွေနဲ့ မှန်ကောင်တာ အတွက်ပဲသုံးထားတယ်။ ဒီဆိုင်လေးက ထင်သလို မရိုးရှင်းဘူးပဲ။”

“ပစ္စည်းတွေအားလုံးက စင်ပါ်မှာပါ၊ စိတ်ကြိုက်ကြည့်ကြပါ။” ဟုလို့ချွမ်က ဈေးဝယ်များကို ပြောလိုက်သည်။

ထို့နောက် အစပ်ထုပ်ကိုစဉ်စားမိ၍ ထပ်မံပြောလိုက်သည်။
“စကားမစပ်၊ ဆိုင်မှာ အစပ်ချောင်းထုပ်တွေ အသစ်တင်ထားတယ်၊ အဲ့ဒါတွေကိုလည်းကြည့်ရှုနိုင်ပါတယ်၊”

“အစပ်ချောင်း”
ပုလိုင့်သည် အစပ်ချောင်းများကို ဆိုင်ထဲတွင် စတင်ရှာပါတော့သည်။ ထို့နောက် အနီရောင်ပါကင်အိတ်များကို တွေ့သွားခဲ့သည်။

“အစ်မ၊ အစပ်ချောင်းတွေ သွားကြည့်ရအောင်”
“ကိုလာကတော့ ကြောက်စရာအာနိသင်ရှိတယ်၊ ဒီအစပ်ချောင်းကရော ဘာအာနိသင်တွေရှိနိုင်မလဲ။”
ပုလိုင့်သည် စိတ်လှုပ်ရှားမှုကို ထိန်းမထားနိုင်တော့ပဲ အရှေ့မှဦးဆောင်ကာ သွားလိုက်သည်။  ပုရှစ်ရီ လည်း ဘာမျှမတတ်နိုင်ဖြစ်ကာ ပုလိုင့် သွားရာအစပ်ချောင်းများဆီသို့သာ လိုက်ရလေသည်။

“အစပ်ချောင်း စားပြီးလျှင် စားသုံးသူ၏ စွမ်းရည်ကို အချိန်အတိုင်းအတာတစ်ခုအတွင်း ပမာဏအနည်းငယ်တိုးတတ်စေနိုင်သည်။
ကြာချိန်- တစ်မိနစ်။
ဈေးနှုန်း- ၁၀၀ သလင်းကျောက်။”

ပုရှစ်ရီ၏ နီရဲသော နှုတ်ခမ်းများပွင့်လာပြီး အညွှန်းအား အသံထွက်ဖတ်လိုက်သည်။ ထို့နောက် နှစ်ယောက်သား တစ်ဦးမျက်နှာတစ်ဦး အံ့ဩစွာကြည့်ကာ တိတ်ဆိတ်သွားတော့သည်။ ထို့နောက် ပုလိုင့်သည် မျက်နှာပြန်ပြင်လိုက်ကာ လို့ချွမ်အားမေးလိုက်သည်။
“သူဌေး၊ ဒီအစပ်ချောင်းမှာပြောထားတဲ့ အာနိသင်တွေရှိမရှိတော့မသိဘူး၊ ဘေးထွက်ဆိုးကျိုးတွေများ ရှိနိုင်မလား။”

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now