အပိုင်း(48)

108 18 2
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း(၄၈)- ကျိထျန်းဟောက်အား သင်ခန်းစာပေးခြင်း

ခရမ်းရောင်မျက်လုံးလေးများက တောက်ပနေသည်။ ဆံနွယ်များကလည်း သူမ၏ အလှကို ဖြည့်စွက်ပေး၏။ လူ့ကမ္ဘာနှင့် မတန်သော အလှအပမျိုးဖြစ်သည်။

“ဒီမိန်းကလေးကို ငါရမှဖြစ်မယ်..”

ကျိထျန်းဟောက်သည် လိုချင်တပ်မက်စိတ်များဖြင့် လူးလွန့်နေသည်။ ဘေးနားမှ လီမူလည်း ထို့အတူပင်။ ယောင်ကျိယန်အား ငေးကြည့်နေသည်။ သို့သော် ပါးနပ်သူပီပီ ဤမိန်းကလေးက သူ့အတွက်မဟုတ်မှန်း သိသည်။

ကျိထျန်းဟောက်က ဝတ်ရုံများကို သေချာပြင်ဝတ်ကာ ယောင်ကျိယန်အနားသို့ လျှောက်လာသည်။ လီမူက နောက်မှလိုက်၏။

ကျိထန်းဟောက်တို့ နှစ်ယောက်လာနေသည်ကို မြင်သော် ယောင်ကျိယန်က စိတ်ကသိကအောက် ဖြစ်သွားသည်။  သူမက စတိုးဆိုင်ဝန်ထမ်း တစ်ယောက်ဖြစ်သော်လည်း အရှင်သခင်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
သူမ၏ လှပသော ရုပ်ရည်ကြောင့် လာနှောင့်ယှက်လျှင်ပင် ထိုသူမှာ နေရာတွင် သေဆုံးသွားနိုင်၏။  သို့သော် ကျိထန်းဟောက်တစ်ယောက် မသိရှာပေ။

“ဒီက မိန်းမလှလေးကို….အပေါ်ထပ်မှာ ကျုပ်တို့နဲ့အတူ စားသောက်ဖို့ ဖိတ်ခေါ်ပါရစေ…”

ကျိထျန်းဟောက်က ယောင်ကျိယန်ကို ကြည့်ကာ စကားစသည်။  ဘေးမှ လို့ချွမ်ကို ရှိသည်ဟုပင် မထင်။

ဖန်ရှန်းလို့ စားသောက်ဆိုင်တွင် လို့ချွမ်က အရေးပါသော ဖောက်သည်တစ်ယောက်ဖြစ်သည်။ ကျိထျန်းဟောက်သည်လည်း ဘုရင့်သားတစ်ယောက်ဖြစ်သည်။ ထိုနှစ်ဦး ပဋိပက္ခဖြစ်ခဲ့ပါက အရင်ဆုံးနစ်နာမည်မှာ စားသောက်ဆိုင်ဖြစ်၏။

“မင်းသားလေး… အပေါ်ထပ်မှာ သီးသန့်အခန်းပြင်ဆင်ပြီးပါပြီ… သွားအနားယူလို့ ရပါပြီ…”

စားပွဲထိုးလေးက တံတွေးမြိုလျှက် မရဲတရဲပြောလိုက်သည်။

“ဝေးဝေးကို သွားနေစမ်း…”

ကျိထျန်းဟောက် က ငေါက်၏။

“အခုပြောနေတာက တခြားသူမဟုတ်ဘူး… ထျန်ရှင်းအင်ပါယာရဲ့ …တော်ဝင်မင်းသားလေးပဲ…မင်းသူ့ ဆန္ဒကို လိုက်လျှောရင် ချက်ချင်းနတ်ပြည်ကို ရောက်သွားနိုင်တယ်… မဟုတ်ရင်တော့ .…အဆုံးသတ်ကို မင်းမသိချင်လောက်ပါဘူး…”

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now