အပိုင်း (38)

103 17 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း(၃၈)-  တိုက်ခိုက်ရေး မျှော်စင်

လို့ချွမ်က ထီစက်ကို ကြည့်နေပြီး စတင်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် ထီစက်လည်း လျှင်မြန်စွာ လည်ပတ်နေသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် လို့ချွမ်က  ထီစက်အားရပ်ခိုင်းလိုက်ပြီး အပြာရောင်အကွက် တစ်ခုတွင် ရပ်တန့်သွားသည်။

"ကိုယ်တိုင် ဝင်ရောက် ကစားနိုင်သော တိုက်ခိုက်‌ရေးမျှော်စင်ဂိမ်းကိုပေါက်သည့် ဆိုင်ရှင်အတွက် ဂုဏ်ယူပါတယ်...."

"ဆိုင်အား ပြန်လည် ပြင်ဆင်ရန် ၆ နာရီ ကြာမြင့်ပါမယ်...."

"ဂိမ်းပေါက်တာ....."

စနစ်၏ စကားကို ကြားတော့ လို့ချွမ်မှင်သက်သွားသည်။

ကံစမ်းခဲ့သော အတွေ့အကြုံများအရ ယခုတစ်ခေါက်ကံစမ်းခြင်းအတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင့်ခဲ့သောကြောင့် လို့ချွမ် သိပ်တော့ မအံ့ဩသွားပေ။

" တိုက်ခိုက်‌ရေးမျှော်စင်ဂိမ်းအား ကစားပါက ဂိမ်းအတွင်းရရှိခဲ့သည့် အတွေ့အကြုံများကို ပြင်ပခန္ဓာကိုယ်အတွင်းသို့ ပေါင်းထည့်ပေးသွားမည်ဖြစ်သည်..."
စနစ်မှ ပြောသည်။

"ဒီတစ်ခါ စနစ်က သောက်ရိုင်းမိုက်တာပဲ.... ဂိမ်းကစားရုံနဲ့ တကယ့်အပြင်က လူက ပိုပြီးသန်မာလာမှာဆိုတော့..."

လို့ချွမ်က စနစ်အား အမှတ်ပြည့်ပေးလိုက်သည်။ တိုက်ခိုက်ခြင်းမျှော်စင်ဂိမ်းအားလည်း တကယ်ကိုပင် စိတ်ဝင်စားနေသည်။

သို့သော် ပြင်ဆင်ချိန် ခြောက်နာရီကြာမြင့်မည်ဖြစ်ပြီး ညဉ့်လည်းနက်နေပြီဖြစ်သောကြောင့် အိပ်ရန်သာပြင်ဆင်လိုက်ရသည်။

နောက်တရက်မနက်.....။

လို့ချွမ်အိပ်ယာမှ စောစီးစွာထပြီး ကိုယ်လက်သန့်စင်ကာ အောက်ထပ်သို့ အပြေးဆင်းသွားသည်။ တံခါးပေါက်မှထွက်လာသော လို့ချွမ် အား ယောက်ကျိယန် မြင်လိုက်သည်။

" သူဌေးကြည့်ရတာ ခါတိုင်းနဲ့မတူပါလား....အောက်ထပ်မှာ ဘာဖြစ်နေလို့လဲ...."

ယောင်ကျိယန် စဉ်းစားကြည့်သည်။ သို့သော် စဉ်းစားမရသော အဖြေအား ကြာရှည် စဉ်းစားမနေတော့ပဲ ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းသို့ ဝင်လေသည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now