အပိုင်း(44)

107 17 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း (၄၄)- ဖောက်ဖျက်မရသော စည်းကမ်းများ

ပုလိုင့်က စိတ်ဆိုးမာန်ဆိုးဖြင့် ဂိမ်းဦးထုပ်အား ဆွဲချွတ်လိုက်သည်။ ထို့နောက် လို့ချွမ် အား စောဒကသွားတတ်ရန် ပြင်ဆင်လိုက်သည်။

သို့သော် ကောင်တာနောက်မှ သူ့အားကြည့်နေသော ယောင်ကျိယန်၏ မျက်နှာအား အမှတ်မထင် တွေ့ပြီးသည်နှင့် ပုလိုင့် စိတ်လျှော့လိုက်သည်။

"စောဒက တတ်ရအောင် ဒီဆိုင်က လူတွေက အဲ့လောက်စိတ်ရှည်မနေဘူး.... သူတို့နဲ့ တိုက်ရင်လည်း ငါပဲ အသတ်ခံရဦးမယ်"

ပုလိုင့်က စိတ်လျှော့လိုက်ကာ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်၏။ ထို့နောက် ထိုက်ခုံပေါ်တွင် အသိဉာဏ်ရှိရှိ ဆက်ထိုင်နေလိုက်သည်။

"အစ်မ ကျိယန်....ဘာလို့ ဂိမ်းက ကျွန်တော့်ကို အပြင်ကန်ထုတ်လိုက်တာလဲ...."
ပုလိုင့်က လှမ်းမေးလိုက်သည်။

"ဟင်.... ကိုယ့်ဘာသာကို မထွက်လို့ နေမယ်...."

ထိုအချိန်တွင် ပုရှစ်ရီလည်း ဂိမ်းထဲမှ အလိုမတူပဲ ထွက်လာခဲ့ရပြီ ဖြစ်သည်။

ထို့နောက် ယောက်ကျိယန်အား အူကြောင်ကြောင်မျက်နှာပေးဖြင့် ကြည့်လိုက်သည်။ သူမလည်းပဲ သားကောင်အား နိင်လုဆဲဆဲ အခြေအနေ၌ ကန်ထုတ်ခံလိုက်ရခြင်းဖြစ်သောကြောင့် ယောင်ကျိယန်၏ အကြောင်းပြချက်အား သိချင်နေ၏။

"တိုက်ခိုက်ရေး မျှော်စင်ဂိမ်းကို ကစားနေတဲ့သူတွေ အတွက် စည်းကမ်းတွေကို ဟိုမှာရေးထားတယ်...."

ယောင်ကျိယန်က သင်ပုန်းဖြူအား ညွှန်ပြလိုက်သည်။

သင်ပုန်းပေါ်တွင် ယခင်က စည်းကမ်းသုံးခုသာ ရှိသော်လည်း ယခုအခါ ယောင်ကျိယန်က ထပ်တိုးစည်းကမ်းများကို ရေးထားပြီးဖြစ်သည်။

"ဂိမ်းမှတ်တမ်း တည်ဆောက်ရန် သလင်းကျောက်တစ်ရာ၊
တစ်နာရီဂိမ်းကစားခ သလင်းကျောက်တစ်ဆယိ၊
တစ်ရက်တွင် သုံးနာရီသာ ကစားနိုင်သည်"

"ဒီလို စည်းကမ်းမျိုး ရှိတယ်လား...."
ပုလိုင့်တစ်ယောက် လို့ချွမ်ပြောခဲ့သည့် စည်းကမ်းချက်ကို နားမထောင်မိခဲ့ကြောင်း သတိရသွားသည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now