အပိုင်း (27)

113 13 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ (Fantasy: God-level Store Manager)
အပိုင်း(၂၇)- မိုးရွာသော ညတစ်ည

လူသားများ မွေးဖွားလာပြီးနောက် အသက်ကြီးလာခြင်း၊ ဖျားနာခြင်းနှင့် သေရခြင်းတို့မှာ ခန္ဓာကိုယ်တွင် ရှိသော အသက်ဓာတ်များ တဖြည်းဖြည်း ဆုတ်ယုတ်လာခြင်းကြောင့်ဖြစ်သည်။ လုံလောက်သော အသက်ဓာတ်ကိုသာ ခန္ဓာကိုယ်အတွင်းသို့ ဖြည့်ဆည်းပေးနိုင်လျှင် ထာဝရအသက်ရှင်ခြင်းသည် ယုံတမ်းစကား သက်သက်ပဲ ဖြစ်နေတော့မည် မဟုတ်ပေ။ မအိုခြင်း၊ အသက်ဓာတ်ကို ဖြည့်ဆည်းခြင်းသည် ယုံတမ်းစကားမဟုတ်ဘူးဟု လို့ချွမ်ယုံကြည်သည်။

အသက်ဓာတ်ကို ဖြည့်ဆည်းပေးနိုင်သော ဂျယ်လီအရည်မျိုးကို ကျင့်ကြံသူများ နှစ်သက်ကြမည်မှာ အလွဲနိုင်။ သိုသော် ဈေးနှုန်းသည် သာမာန်ကျင့်ကြံသူများအဖို့ အတားအဆီးဖြစ်နေ၏။ ကျင့်ကြံသူ ၉၉ရာခိုင်နှုန်းလောက်သည် ဂျယ်လီအရည်ဈေးနှုန်းကို မြင်သည်နှင့် လန့်ဖြန့်သွားနိုင်လောက်သည်။

သလင်းကျောက် တစ်သိန်းသည် ချမ်းသာသော ယွမ်ပြန်လည်ဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူအများစု၏ ကြွယ်ဝမှုနှင့် နှိုင်းယှဉ်နိုင်၏။

“ချက်ထားတယ်ဆိုတော့…. ဒါက ဝိုင်လား…”

စနစ်မှပေးသော အညွှန်းကိုဖတ်ပြီး လို့ချွမ် သိချင်စိတ်များ တဖွားဖွားဖြစ်ပေါ်နေပြီး စိတ်ထဲတွင်လည်း စမ်းကြည့်ရန် ဆုံးဖြတ်ချက်ချပြီးဖြစ်လေသည်။

ဆိုင်ရှင်အတွက်ကောင်းတာတစ်ခုက ပစ္စည်းအသစ်ဆို ပထမဆုံး စမ်းသပ်နိုင်ပြီး ဆိုင်တွင်ရှိသော ပစ္စည်းများကိုလည်း ပိုက်ဆံပေးစရာမလိုပဲ စိတ်တိုင်းကျ အသုံးချနိုင်ခြင်းပင်ဖြစ်၏။

လို့ချွမ် စိတ်လှုပ်ရှားစွာဖြင့် ကျောက်စိမ်းပုလင်းအဖုံးကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။

အေးမြလတ်ဆက်သော ရနံ့က ဆိုင်တစ်ခုလုံးကိုပင် ဖုံးလွှမ်းသွား၏။ လတ်ဆက်သော ခံစားချက်အရသာကို  ရရှိပြီးနောက် တောနက်တစ်ခုထဲရောက်ရှိသွားသည်ဟုပင်  လို့ချွမ်က ထင်မှတ်လိုက်မိသည်။ အေးမြသော ခံစားချက်အပြင် လတ်ဆက်သော အသီးရနံ့များလည်း ဆက်တိုက်ထွက်ပေါ်လာနေပြီး ဂျင်ဆင်းအမျိုးပေါင်းတစ်ရာကို ရောယှက်ကာ ချက်လုပ်ထားသည် ထင်ရလောက်အောင်ပင် မွှေးရနံ့များက ထူးခြားနေသည်။ နောက်ဆုံးတွင် ဝိုင်၏ချိုမြသော မွှေးရနံ့များ နှာခေါင်းဆီသို့ တိုးဝင်လာကာ အနံ့ခံရုံဖြင့်ပင် တစ်ကိုယ်လုံးမြောက်တတ်သွားဟု လို့ချွမ်ခံစားလိုက်ရသည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now