အပိုင်း(45)

95 17 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း(၄၅)- အံ့ဖွယ် စတိုးဆိုင်

“ဆိုင်မှာရှိတဲ့ ပစ္စည်းတိုင်းက ပေးရတဲ့ဈေးထက် တန်တဲ့ဟာတွေချည်းပဲ… မယုံရင် မင်းတို့ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကိုလည်း ပြန်ခံစားကြည့်ကြဦး….”

လို့ချွမ်က ကူယွင်ရှီပြောသော စကားကို ပြန်ချေပလိုက်သည်။

“ဂိမ်းက ကျင့်ကြံခြင်းစွမ်းအားကို မြှင့်တင်ပေးတယ်လား…ဂိမ်းကစားပြီး ကျင့်ကြံခြင်းမြှင့်တင်တယ်ဆိုတာ ရှိရောရှိလို့လား…”

ကူယွင်ရှီနှင့် ကျန်းဝမ်ချန်တို့ မယုံမကြည်ဖြစ်နေ၏။

သို့သော် လို့ချွမ်၏ တည်နေသော မျက်နှာကြောင့် စမ်းသပ်ကြည့်လိုက်ကြသည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…”

သူမတို့၏ တိုးများလာသော ကျင့်ကြံခြင်းစွမ်းအားသည် တစ်ရက်စာကျင့်ကြံခြင်းနှင့် ညီမျှနေသည်ကို တွေ့ရ၏။

“သူဌေး… ရှင့်ဆိုင်က ဂိမ်းက အရမ်းမိုက်တာပဲ… ဂိမ်းကစားပြီး ကျင့်ကြံခြင်းစွမ်းအားမြှင့်တင်တာ အခုမှပဲ တွေ့ဘူးတော့တယ်…”

ကူယွင်ရှီနှင့် ကျန်းဝမ်ချန်တို့နှစ်ယောက် အံ့ဩနေကြ၏။

“ဆိုင်မှာ တစ်ခြားပစ္စည်းတွေလည်း ရှိပါသေးတယ်…စိတ်ဝင်စားရင် ကြည့်သွားကြပါဦး…”

ယောင်ကျိယန်က အချိန်ကိုက် ဝင်ပြော၏။

“ကြည့်ရမှာပေါ့…”

လို့ချွမ်ကလည်း သူဆက်လက်ပါဝင်စရာမလိုတော့သဖြင့် ဂိမ်းကစားရန် ထိုင်ခုံပေါ်ဝင်ထိုင်လိုက်သည်။ ယခင်ဘဝက ဂိမ်းကျွမ်းကျင်သူဖြစ်ခဲ့သော လို့ချွမ်က ယခုတွင် ပထမအဆင့်ကိုပင် မကျော်ဖြတ်နိုင်သည်ကို မကျေမနပ်ဖြစ်နေ၏။

“ဒါတွေကတော့ ဆိုင်မှာရောင်းတဲ့ ပစ္စည်းတွေပါ… အညွှန်းတွေကို အောက်မှာ ရေးထားပါတယ်….”

ယောင်ကျိယန်က ဆိုင်တွင်တင်ထားသော ပစ္စည်းများကိုပြသ၏။

သူငယ်ချင်းနှစ်ယောက်လည်း ပစ္စည်းများ ထားသည့်နေရာရောက်သည်နှင့် ပစ္စည်းများကို လိုက်ကြည့်ကြ၏။ ထူးဆန်းသော ဂိမ်းကိုပင် တင်ထားနိုင်သော ဆိုင်ရှိပစ္စည်းများသည်လည်း သာမာန်ထက်ပိုမည်မှာ အမှန်ဖြစ်သည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now