အပိုင်း(50)

99 16 1
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း(၅၀)- ကယ်တင်ရှင် ရောက်လာပြီ

“ပိုင်လောင်…မင်းကိုပဲ ဒုက္ခပေးရတော့မယ်…”
ကျိဝူဟွေ့က ပြန်လည်တည်ငြိမ်လာပြီးနောက် ပိုင်လောင်ကို ပြောလိုက်သည်။
ပိုင်လောင်သည် တာအိုနယ်ပယ် ကျင့်ကြံခြင်း အဆင့်၈တွင်ရှိသောကြောင့် ကျို့ယောင်မြို့ရှိ ကျင့်ကြံသူများထက် အပုံကြီးသာ၏။
“စိတ်မပူပါနဲ့ မင်းကြီး… မင်းသားလေးကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ခေါ်ခဲ့ပါ့မယ်…”
ပိုင်လောင်က ပြောပြီးသည်နှင့် နေရာမှ ပျောက်ကွယ်သွားသည်။
“ငါ့သားကို ထိရဲတယ်… မင်းဘာသာ ဘယ်သူပဲဖြစ်နေနေ… တန်ကြေးကို ပြန်ပေးဆပ်ရလိမ့်မယ်…”
ကျိဝူဟွေ့က နန်းတော်ထဲမှ ကြုံးဝါးလိုက်သည်။ သူ့အသံမှာ ဒေါသများဖြင့် အေးစက်မာကြောနေ၏။ ရှင်ဘုရင်တစ်ယောက်ဖြစ်သည့် သူ၏လက်တွင် နှစ်ပေါင်းများစွာ စွန်းထင်းခဲ့သော သွေးများ များပြားလှလေပြီ။
တာအိုအဆင့်၏ လျှင်မြန်မှုမှာ ကြောက်စရာကောင်းလှ၏။ ပိုင်လောင်က ဖန်ရှန်းလို့ ဆိုင်သို့ ရောက်ရှိနေပြီ။ ကျိထျန်းဟောက်အား အသက်ရှင်လျှက်မြင်မှ ပိုင်လောင်က သက်ပြင်းချရ၏။ မင်းသားသာ အသက်မရှိခဲ့လျှင် ကျိဝူဟွေ့အား ရှင်းပြရခက်နေမည်။ မင်းသားအသက်ရှိနေလျှင်  ကျန်တာ ရှင်းရလွယ်၏။
ပိုင်လောင်က ဖန်ရှန်းလို့ ဆိုင်ထဲသို့ လှစ်ကနဲ ဝင်လိုက်သည်။ ကျို့ယောင်မြို့၏ တော်ဝင်မိသားစုကို စော်ကားရဲသူကို သူကိုယ်တိုင် မြင်ချင်သေး၏။ ဘေးမှလူများက ပိုင်လောင်၏ အရိပ်သာမြင်လိုက်ရသည်။ မည်သူမှန်း မသိလိုက်ချေ။
ကျိထျန်းဟောက်၏ ခန္ဓာကိုယ်အား ရွှေရောင်အလင်းဖျော့ဖျော့က လွှမ်းခြုံထားသည်။ ကောင်းကင်မှ နတ်ဘုရားတစ်ပါး၏ ကိုယ်ရောင်ကိုယ်ဝါကဲ့သို့ပင် တောက်ပနေ၏။ သည်အချိန်တွင် သူ့အား တာအိုထိပ်တန်းအဆင့် စွမ်းအားဖြင့် တိုက်ခိုက်လျှင်တောင် ထိခိုက်မည် မဟုတ်ပေ။ ခံစစ်ဝင်္ကပါ၏ ပံ့ပိုးပေးမှုကြောင့် ကျိထျန်းဟောက်အနည်းငယ် စိတ်သက်သာရာရသွား၏။
သို့သော် လို့ချွမ်က သူ့အား သတ်လိုလျှင် ခံစစ်ဝင်္ကပါ၏ စွမ်းအင်ကို ဒါဇင်များစွားမြှင့်လျှင်တောင် တားဆီးနိုင်မည် မဟုတ်သည်ကို သူမသိချေ။ လို့ချွမ်က သတ်ဖြတ်လိုစိတ်နည်းသောကြောင့်သာ ယခုထိအသက်ရှင်နေခြင်းဖြစ်သည်။
ထိုအချိန်တွင် သခင်ပိုင်က ဖန်းရှန်းလို့ ဆိုင်အတွင်းသို့ ရောက်လာသည်။ ပတ်ဝန်းကျင်မှလူများက သခင်ပိုင်အားမြင်သည်နှင့် တုန်လှုပ်သွားကြ၏။
“သခင်ပိုင်က အင်ပါယာမှာ အမှုထမ်းတာ ဆယ်စုနှစ်ချီနေပြီ…သူခွန်အားက တာအိုအဆင့်မှာရှိတယ်…အခု သခင်ပိုင်ကိုယ်တိုင်လာတယ်ဆိုတော့ … ဘုရင်ကြီး တော်တော်စိတ်ဆိုးနေပြီထင်တယ်…”
“သခင်ပိုင်သာ တိုက်ခိုက်မှုမှာ ပါလာရင်…. ဒီလူတော့သေပြီ…”
“သနားစရာပဲ…”
အခြားစားပွဲမှ လူများက လို့ချွမ်အား စာနာသော အကြည့်များဖြင့် ကြည့်နေကြသည်။
ပိုင်လောင်သည် တာအိုအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး လို့ချွမ်က အများဆုံး အသက်နှစ်ဆယ်စွန်းစွန်းသာ ရှိသေးသည်။ လူငယ်တစ်ယောက်အဖို့ အန္တရာယ်များလွန်း၏။
“ပိုင်လောင်… ငါ့ကို ကယ်ဦး….”
ကျိထျန်းဟောက်က ပိုင်လောင်ကို မြင်သည်နှင့် ပျော်ရွှင်သွားသည်။ ခုနက လို့ချွမ်အား ကျိထျန်းဟောက်က ကြောက်ရွံ့နေခဲ့သည်။ လက်ဝါးတစ်ချက်တည်းဖြင့် လီမူအား မသေမရှင်ဖြစ်အောင်လုပ်လိုက်ခြင်းကိုမြင်ပြီး ထိုတိုက်ခိုက်မှုသာ သူ့ထံသို့ ကျရောက်ခဲ့လျှင် ဆိုသည့်အတွေးက ကျိထျန်းဟောက်အား ကြက်သီးထသွားစေ၏။
ကျိထျန်းဟောက်က ခံစစ်ဝင်္ကပါ၏ ပံ့ပိုးမှုကို ရထားသော်လည်း အပြည့်အဝ စိတ်မချနိုင်ခဲ့ပေ။ အကြောင်းမှာ လို့ချွမ်က တည်ငြိမ်လွန်းနေ၏။ ထိုတည်ငြိမ်ခြင်းက ကျိထျန်းဟောက်အား ပို၍ ကြောက်ရွံ့စေ၏။
ကျိထျန်းဟောက်၏ ပေါ့ပေါ့နေတတ်သော အကျင့်ကြောင့် ကျင့်ကြံခြင်းအား တစ်ခါမျှ ထဲထဲဝင်ဝင် မလေ့လာဘူးပေ။ ထို့ကြောင့် မြို့ခံစစ်ဝင်္ကပါ၏ စွမ်းအားအတိအကျကိုလည်း သူမသိချေ။ သို့သော် သခင်ပိုင်က စွမ်းအား ကြီးသည်ကိုတော့ သူသိသည်။ တစ်ယောက်တည်းနှင့် ထောင်ချီသော စစ်တပ်ကို ယှဉ်တိုက်နိုင်၏။
ကျိထျန်းဟောက်က သခင်ပိုင်အားမြင်သည်နှင့် ရေနစ်သူက ကောက်ရိုးတစ်မျှင်ကို ဆွဲမိသည့်အလား ပျော်ရွင်သွားသည်။ သိုသော် လက်တွေ့မှာ သူထင်သည်နှင့် ခြားနားနေသည်။ သခင်ပိုင်၏ မျက်နှာအမူအရာ ပျက်နေသည်။
“ပိုင်လောင်…ငါ့ကို ထိတာ ဒီလူပဲ… သူ့အသက်ကို လိုချင်တယ်…”
ကျိထျန်ဟောက်က လို့ချွမ်အား ညွှန်ပြလိုက်သည်။ သူ့သက်အားခြိမ်းခြောက်သူအား သူ့မျက်စိရှေ့တွင်ပင် သေစေချင်၏။
“ဒါနဲ့ သခင်ပိုင်… သူ့ဘေးက အလှလေးကိုတော့ နာအောင်မလုပ်နဲ့…”
ကျိထျန်းဟောက်က ကုလားထိုင်တွင် ဆက်ထိုင်နေသော ယောင်ကျိယန်အား ညစ်ညမ်းသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
ကျိထျန်းဟောက် ညွှန်ပြသော သူအားကြည့်ပြီး သခင်ပိုင်၏ ကျောရိုးတစ်လျှောက် တောင့်တင်းသွားသည်။ စိတ်ထဲတွင်လည်း ကျယ်လောင်စွာ ငိုကြွေးနေ၏။
“ဘာလို့ မင်းသားက ဒီစွမ်းအားကြီးတဲ့စီနီယာကိုမှ သွားစော်ကားရတာလဲ….”
ပိုင်လောင်က ကျိထျန်းဟောက်၏ အမူအကျင့်အားလုံးကို သိသည်။ ကျို့ယောင်မြို့ထဲတွင် မကောင်းတာမှန်သမျှ လိုက်လုပ်ခြင်းသည် သူ၏ အမူအကျင့်ဖြစ်၏။ သိုသော်လည်း တော်ဝင်မင်းသား ဖြစ်သည့်အတွက် ဘာမျှမပြောသာပေ။ မြစ်ကို အမြဲတမ်းဖြတ်နေလျှင် တစ်ချိန်ချိန်တော့ ဖိနပ်ရေစိုမည်ဖြစ်သည်။ ထို့အတူ ကျိထျန်းဟောက်က သူ့အား ဆုံးမမည့်လူနှင့် တည့်တည့် တိုးခဲ့လေပြီ။
ပိုင်လောင်က ကျိထျန်းဟောက်၏ အသက်ကို လို့ချွမ်ထံမှ မည်သို့ အသနားခံရမည်ကို တွေးနေစဉ်မှာပင် ကျိထျန်းဟောက်အသံထပ်ထွက်လာခြင်းဖြစ်သည်။ ပိုင်လောင်၏ နှုတ်ခမ်းများက မသိမသာမဲ့နေ၏။ လို့ချွမ်ဘေးမှ မိန်းကလေးအား မှန်းရဲသော ကျိထျန်းဟောက်အတွက်ရင်လေးနေမိ၏။
“ဖြန်း…”
ပါးရိုက်သံတစ်ချက်ထွက်လာသည်။
ပတ်ဝန်းကျင် စားပွဲများမှလူများ မျက်လုံးပြူးသွားကြသည်။ သခင်ပိုင်ရောက်လာသဖြင့် ပွဲပြီးသွားပြီဟု သူတို့ ထင်ခဲ့သည်။ သို့သော် အထင်နှင့် အမြင် တခြားစီဖြစ်နေ၏။
“သခင်ပိုင်က ဒုတိယမင်းသားကို ပါးရိုက်လိုက်တယ်…သူက တော်ဝင် မိသားစုဝင်ပဲ မဟုတ်ဘူးလား…”
“သူက ဒုတိယ မင်းသားကို ကူညီဖို့ လာခဲ့တာ မဟုတ်ဘူးလား…ဘာလို့ ပါးရိုက်လိုက်နတာလဲ…”
လူတိုင်း၏ စိတ်ထဲတွင် မေးခွန်းများနှင့် ပြည့်နှက်ကုန်၏။ လို့ချွမ်ကို သိသော သူများတော့ မပါဝင်ချေ။
သခင်ပိုင်၏ ရိုက်ချက်သည် အားပါ၏။ လို့ချွမ်၏ လီမူအပေါ်ရိုက်ချက်လောက်မပြင်းထန်သော်လည်း ကျိထျန်းဟောက်၏ ပါးပြင်သည် ချက်ချင်းဖောင်းလာ၏။ ပါးစပ်အတွင်းမှ သွားအနည်းငယ်လည်း ထွက်လာသည်။
ကျိထျန်းဟောက်ကို သူ၏ ပါးကိုကိုင်ကာ အသားကုန်အော်၏။
“မင်းအခုထိ အမြင်မှန်မရသေးဘူးလား….ဘာ့လို့ဆက်မိုက်နေရတာလဲ… အခုချိန်ထိ မင်းအသက်ရှင်နေတာ မင်းရဲ့ တော်ဝင်ဂုဏ်ဒြပ်ကြောင့် ဆိုတာ အခုထိ နားမလည်သေးဘူးလား…”
သခင်ပိုင်က ကျိထျန်းဟောက်အား ဆူလိုက်သည်။ ဖန်းရှန်းလို့ ဆိုင်တစ်ခုလုံး တွင် သခင်ပိုင်၏ အော်ဟစ်သံမှအပ တစ်ဆိုင်လုံး တိတ်ဆိတ်နေ၏။
လို့ချွမ်က တိတ်ဆိတ်စွာ ကြည့်နေသည်။ လို့ချွမ်၏ တိတ်ဆိတ်မှုကို မြင်တော့ ပိုင်လောင်၏ နဖူးတွင် ချွေးအေးများ ထွက်လာသည်။ သူ၏ ကိုင်တွယ်မှုအား လို့ချွမ် မကျေနပ်သေးသည်ကို ရိပ်မိ၏။ လွန်ခဲ့သည့် ရက်က လို့ချွမ်၏ တိုက်ခိုက်မှုကို ပိုင်လောင်ကိုယ်တိုင်မြင်ဖူးသည်။ ငွေလသခင်လေးအား ပြတ်သားစွာ သတ်လိုက်ခြင်းဖြစ်သည်။
“ဒူးထောက်စမ်း…”
ပိုင်လောင်က ကျိထျန်းဟောက်အား ခပ်ပြတ်ပြတ်ပြောလိုက်သည်။
ပိုင်လောင်က ဖန်ရှန်းလို့ ဆိုင်သို့ ရောက်ကတည်းက ပြဿနာ၏ အစသည် ကျိထျန်းဟောက်ဖြစ်ကြောင်း ခန့်မှန်းမိသည်။ ထို့ကြောင့် သခင်ပိုင်က ပြတ်သားသည့် ဆုံးဖြတ်ချက်ကို ချရ၏။ လို့ချွမ်အား ဒူးထောက်ပြီး ကိုယ်တိုင်တောင်းပန်စေရန်ပင် ဖြစ်သည်။
ကျိထျန်းဟောက်က အခြေအနေကို နားမလည်နိုင်ဖြစ်နေသည်။
“မင်း… ငါ့ကို ရိုက်ရုံတင်မကဘူး… ဒီကောင့်ရှေ့မှာ ငါ့ကို ဒူးထောက်ခိုင်းတယ်…”
ကျိထျန်းဟာက်က ပိုင်လောင်ကို ကြည့်ကာ မယုံနိုင်ဖြစ်နေ၏။ သခင်ပိုင်က သူ့ကို ကူညီရန်ရောက်လာခြင်း မဟုတ်ပေလော။
“ပိုင်လောင်…. ကျေးဇူးကန်းတဲ့ကောင်…. ငါတို့ ကျိမိသားစုက မင်းကို မိသားစုဝင်နဲ့မခြားကျွေးမွေး ဆက်ဆံခဲ့တယ်… မင်းက အခုတော့ ကိုယ့်သခင်ကိုယ် ဒီလို ဆက်ဆံတယ်လား…”
ပိုင်လောင်က သူ့နားသူပင် မယုံနိုင်ဖြစ်သွားသည်။ ကျိထျန်းဟောက်က သည်လို စကားမျိုး ပြောလိမ့်မည်ဟု သူ မျှော်လင့် မထားခဲ့ပေ။
Translated by- Myintmo
-------
upပေးပီပြီဆိုတော့voteပေးဖို့မမေ့နဲ့အုံးနော်

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now