အခန်း(7)

147 19 2
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ (Fantasy: God-level Store Manager)

ပုလိုင့်တစ်ယောက် မိမိအခန်းရှိရာသို့ရောက်သည့်တိုင်အောင်ပင် ကိုယ့်အတွေးဖြင့်ကိုယ်ဖြစ်နေခဲ့သောကြောင့် အစေခံများ၏ အပြုအမူများကိုလည်း သတိမထားခဲ့မိပါ။ ပုလိုင့်သည် ကျန်းနန်ဟော်အိမ်တော်၏ သခင်လေးတစ်ယောက်ဖြစ်သည်နှင့်အညီ ခွန်အားကောင်းမွန်သော သူတစ်ယောက်ဖြစ်သည်။ ပုလိုင့်သည် ကျင့်ကြံခြင်းတွင် အာရုံခံစားခြင်းအဆင့် ၈ တွင်ရောက်ရှိနေသောသူတစ်ယောက်ဖြစ်ပြီး အဆင့်၉ သို့တတ်ရန် ခြေလှမ်းအနည်းငယ်သာကျန်ရှိတော့သည်။ အတွင်းဒဏ်ရာများကြောင့်သာလျှင် မဖြတ်ကျော်နိုင်ခြင်း ဖြစ်သည်။

သို့သော်လည်း ကိုလာကို ဝယ်သောက်ပြီးချိန်တွင် ရှိသမျှဒဏ်ရာများပျောက်ကင်းသွားသည့်အပြင် စိတ်စွမ်းအားများလည်း အမြင့်ဆုံးအခြေအနေသို့ ပြန်လည်ရောက်ရှိလာသောကြောင့် အဆင့်၉ သို့ရောက်ရန် အလွန်ပင် လွယ်ကူနေပြီဖြစ်သည်။

“အခု အာရုံခံစားခြင်း အဆင့်၉ ကို တစ်ခါတည်းရောက်အောင် ကြိုးစားရမယ်”
ပုလိုင့် မျက်လုံးများကိုပိတ်လိုက်ပြီး ဆုံးဖြတ်ချက်တစ်ခါတည်းချလိုက်သည်။

ပုလိုင့်မျက်လုံးပိတ်ထိုင်နေပြီး မတည်မငြိမ်ဖြစ်နေသော ရောင်ဝါလှိုင်းများလည်း ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လျှက်ရှိသည်။ ခနအကြာတွင် အခန်းထဲ၌ ကွဲအက်သံတစ်ခုထွက်ပေါ်လာပြီး ပုလိုင့်ခန္ဓာကိုယ်တစ်လုံး လှုပ်ရှားသွားသည်။ ထို့နောက် မျက်လုံးမျာပွင့်လာပြီး အလင်းရောင်တစ်ခုဖြတ်ပြေးသွားသည်။

ထိုအချိန်မှာပဲ ပုလိုင့်၏ အသက်ရှုနှုန်းသည် တဖြည်းဖြည်းမြင့်တတ်လာနေသည်။ ထို့နောက် မိမိ၏ လက်ဖဝါးကိုဖြန့်ကြည့်လိုက်ရာ စိတ်ဝိညာဉ်စွမ်းအားလုံးလေး ရစ်ဝဲနေသည်ကို တွေ့လိုက်သည်။ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအားကို အကြိမ်များစွာ ခံစားကြည့်ပြီးနောက် ပုလိုင့် အပျော်ကြီးပျော်သွားပြီး အော်ရယ်လိုက်လေသည်။

“ဝေါင်း… ဟား.. ဟား….ဟား….
နောက်ဆုံးတော့ ဒီသခင်လေးက ကံကြမ္မာကောင်းခြင်းအဆင့်ကို တစ်ခါတည်းရောက်ရှိလာခဲ့ပြီကွ”

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now