အပိုင်း(20)

132 21 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ (Fantasy: God-level Store Manager)
အပိုင်း(၂၀)- မင်း ယုံကြည်မှုတွေ ဘယ်ကရနေလဲ

“ငွေလရောင်အိမ်‌တော်လား..စွမ်းအားအတော်ကြီးတာပဲ”

လို့ချွမ်လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး သူ၏မျက်လုံးထဲတွင် အေးစက်မှုများ မြင်တွေ့လာရသည်။

ချူးယန်းဖျင်းက သူ့ကိုပဲသေစေချင်သည် မဟုတ်လား၊ မည်သည့်အတွက်ကြောင့် ကျို့ယောင်မြို့က လူတွေကိုတောင် မငဲ့ညှာပဲ စွမ်းအားအလွန်အကျွံ သုံးလာသည်ကို လို့ချွမ်တွေးမရနိုင်အောင်ဖြစ်နေသည်။

“မူလဈေးဆိုင်ရဲ့ စည်းကမ်းအရ ၊ဆိုင်ကို တိုက်ခိုက်လာသူ ဘယ်သူမဆို သေရမယ်”
အသံက သိပ်မကျယ်သော်လည်း ကျို့ယောင်တစ်မြို့လုံး ပဲ့တင်ထပ်သွားသည်။
လူပေါင်းများစွာ ထိုအသံကို ကြားလိုက်ရပြီး သိချင်စိတ်များ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာခဲ့ကြသည်။

စိတ်ဝိညဏ်ပုံရိပ်ရဲ့ တိုက်ခိုက်မှုအောက်မှာ ဘယ်လိုလူကများ ဒီလိုစကားမျိုးပြောသလဲဆိုတာ မခန့်မှန်းနိုင် ဖြစ်နေကြသည်။ သို့သော်လည်း အခြားတစ်ဖက်က စဉ်းစားလျှင် ထိုအသံပိုင်ရှင်က စိတ်ဝိညဏ်ပုံရိပ်၏ ရန်သူဆိုသည်ကို သိနိုင်လေသည်။

ကျန်းနန်ဟော်အိမ်တော်တွင်ဖြစ်သည်။
ကျို့ယောင်တစ်မြို့လုံးသည် ကိုယ်ပွားပုံရိပ်၏ တိုက်ခိုက်ခြိမ်းခြောက်မှုနှင့် ကြုံနေရပြီး ကျန်းနန်ဟော် အိမ်တော်လည်း ချွင်းချက်မရှိ ပါဝင်လေသည်။  ကျန်းနန်ဟော် အိမ်တော်မှလူတိုင်း ပုံရိပ်၏ ဖိအားအောက်တွင်ရောက်ရှိနေကြပြီး အဝေးမှပင်ကြည့်နေကြရသည်။

“ဒီအသံ ၊ ဒါသူဌေးရဲ့ အသံပဲ”
ပုလိုင့် အသံကိုကြားတော့ အတော်ကို အံ့အားးသင့်သွားသည်။

“အသေအချာပဲ”
ပုရှစ်ရီက ခေါင်းငြိမ့်ထောက်ခံလိုက်သည်။ သူမမျက်လုံးထဲတွင်လည်း အံ့အားသင့်မှုများ အပြည့်ပင်ဖြစ်သည်။

ဒီထူးဆန်းတဲ့ သူဌေးက ဘာ့ကြောင့် ကြောက်စရာကောင်းလှတဲ့ တာအိုအဆင့် ပုံရိပ်ကို စိန်ခေါ်နေသည်ကို စဉ်းစားမရနိုင်ဖြစ်နေသည်။ ပုံရိပ်မှထုတ်လွှတ်နေသော စွမ်းအားအော်ရာအရ အင်ပါယာသခင် ကျိဝူဟွေ့တောင် မနိုင်မှာ စိုးရိမ်မိသွားသည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now