အပိုင်း(31)

110 12 0
                                    

Fantasy: God-level Store Manager (နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ)
အပိုင်း(၃၁)- ဝန်ထမ်းအဖြစ်ခန့်အပ်ခြင်း

စတိုးဆိုင်ထဲတွင် တိတ်ဆိတ်နေသည်။ ယောင်ကျိယန်ကလည်း လို့ချွမ်၏ အပြုအမူများကို စူးစမ်းနေသည်။

“ဆိုတော့ …..မင်းဘာဆက်လုပ်မယ်စိတ်ကူးထားလဲ….”

ကြယ်ပြာပေါ်တွင်လည်း ရည်းစားမရခဲ့သော လို့ချွမ်ကနေရ ထိုင်ရခက်နေသည်။

ယောင်ကျိယန်၏ လျှို့ဝှက်ချက်မှာ ပေါက်ကြားသွားခဲ့ပြီ။ အမြူတေကို လိုချင်နေသော သူများလက်မှလည်း ပြေးမလွတ်နိုင်သေးပေ။ ထို့အပြင် မိစ္ဆာသားရဲမျိုးနွယ်တွင် သစ္စာဖောက်များ ရှိနေသောကြောင့်  သူမ မျိုးနွယ်စု ဆီသို့လည်း ပြန်ရန်မဖြစ်နိုင်သေးပေ။ ကျို့ယောင်တောင်တန်းများမှ ရတနာသိုက်များလည်း တွေ့ရှိနေကြသောကြောင့် မတည်ငြိမ်မှုများလည်း ဖြစ်ပေါ်နေ၏။ ယောင်ကျိယန် မည်သို့သွားရမည်ကို မသိဖြစ်နေ၏။

ယောင်ကျိယန်၏ တွေဝေနေသော မျက်နှာအား လို့ချွမ်က အကဲခတ်နေသည်။

“တာဝန်ကို ဆောင်ရွက်ပါ_
အသန်မာဆုံး စတိုးဆိုင်ပိုင်ရှင် တစ်ယောက်ဖြစ်ချင်သူတစ်ယောက် အနေဖြင့် ဝန်ထမ်းခန့်အပ်နိုင်ပါသည်။
စတိုးဆိုင်အတွက် ဝန်ထမ်း တစ်ယောက် ခန့်အပ်လိုကြောင်း ပြောရန် …
ဆုလဒ်- ကံစမ်းခွင့် တစ်ကြိမ်…”

စနစ်မှ အချိန်ကိုက် တာဝန်တစ်ခု ချပေး၏။

“ဝန်းထမ်းခန့်ရမယ်…”

လို့ချွမ်က  ယောင်ကျိယန်အား ကြည့်ကာ စနစ်၏ ရည်ရွယ်ချက်ကို သဘောပေါက်လိုက်သည်။ စနစ်က လိုချင်သော ဝန်ထမ်းကို ရွှေးချယ်ထားပြီး ဖြစ်၏။

“ငါမသိသေးဘူး…”

ယောင်ကျိယန်တစ်ယောက်မည်သို့သွားရမည်မသိ လမ်းပျောက်နေ၏။

“ငါ့ဆိုင်မှာ ဝန်ထမ်းတစ်ယောက်လိုနေတာ…. မင်းစိတ်ဝင်စားရင် ငါ့ဆိုင်မှာ ဝင်လုပ်လို့ရတယ်….”

လို့ချွမ်က အေးဆေးသော အမူအရာဖြင့် ပြောလိုက်သည်။

“တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်ပြီးပါပြီ…
အမည်- ယောင်ကျိယန်
အချက်အလက်-  တော်ဝင် မိစ္ဆာသားရဲ မျိုးနွယ်စု၏ မျိုးနွယ်စုဝင် ၊ အရိပ်မဲ့လူသတ်စာရင်း၏ ဦးစားပေး ပစ်မှတ်…
ကျင့်ကြံချင်း နယ်ပယ်- အရှင်သခင်အဆင့် ကျင့်ကြံခြင်း အဆင့်၁”

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now