အပိုင်း (36)

98 16 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း(၃၆)- ခေါက်ဆွဲပြုတ် စားကြရာဝယ်

“ဟုတ်ကဲ့… အဲ့ဒီစည်းကမ်းကို ဆိုင်မှာ ချမှတ်ထားပါတယ်ရှင်….”

ယောင်ကျိယန်က ကျိုးဟူ၏ အမေးကို ပြန်ဖြေလိုက်သည်။

“ကောင်းပါပြီ… ဒါဆိုလည်း သလင်းကျောက် အများကြီးသုံးစရာ မလိုတော့ဘူးပေါ့.. ဟားးး.. ဟား.. ဟား…”

ကျိုးဟူက မတတ်နိုင်သည့်အဆုံး ဆိုင်စည်းကမ်းကိုသာ လိုက်နာလိုက်ရသည်။

ကျိုးဟူတို့ ငါးယောက်အဖွဲ့က ကိုလာ၊ အစပ်ချောင်းနှင့် ခေါက်ဆွဲခြောက်တစ်ထုပ်စီကိုသာ ယူလိုက်ကြပြီး ယောင်ကျိယန်ကို သလင်းကျောက်များ ပေးလိုက်ကြသည်။

“ဟမ်… ဒါကရောဘာလဲ….”
ကျိုးဟူ၏ မျက်လုံးများ ဆိုင်ထောင့်တွင်ရှိသော ငွေဖြူရောင်စက်သို့ ရောက်သွားသည်။

“အဲ့ဒီပစ္စည်းကို ရေပူစက်လို့ ခေါ်ပါတယ်…”

ကျိုးဟူ၏ အမေးကို ဖြေပြီးနောက် ယောင်ကျိယန်က လို့ချွမ်ဘက်သို့ လှည့်ကြည့်ကာ ရေပူစက်အကြောင်းရှင်းပြရန် အကူအညီတောင်းလိုက်သည်။
သူမလည်း  စက်၏အမည်သာသိပြီး  ကျန်သည့် လုပ်ဆောင်ချက်များကိုမူ မသိပေ။

“ရေပူစက်ဆိုတဲ့ နာမည်အတိုင်းပဲ… စက်က ရေပူတွေကို သိုလှောင်ပေးထားတာ….”

“ရေပူနဲ့ ခေါက်ဆွဲခြောက်ပေါင်းစပ်လိုက်မှ ကျင်ကြံခြင်းမြန်နှုန်း ဆယ်ဆ မြှင့်ပေးတဲ့ အာနိသင်ကိုရမှာ….”

အပြင်ဘက်မှ လို့ချွမ်က ရှင်းပြလေသည်။

ကျိုးဟူတို့ ငါးယောက် လို့ချွမ်၏ စကားများကို နားမလည်နိုင်ရှာပေ။

“ပေါင်းစပ်ရမယ်… ဘယ်လိုပေါင်းစပ်ရမှာလဲ….”

လို့ချွမ်သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။ ဤကမ္ဘာမှလူများ၏ အားနည်းချက်မှာ ကြယ်ပြာပေါ်မှ အခြေခံအချက်လောက်ကိုပင် နားမလည်ကြခြင်းဖြစ်၏။

လို့ချွမ်က ဆိုင်ထဲသို့ဝင်လာပြီး စင်ပေါ်မှ ခေါက်ဆွဲခြောက်တစ်ဗူးကို ယူလိုက်သည်။ ထို့နောက် ဗူးကို ကျွမ်းကျင်စွာ ဖွင့်လိုက်ပြီး အရသာမှုန့်များ ထည့်၏။ ဗူးအတွင်းရှိ တစ်ခါသုံး ခက်ရင်းကိုလည်း ထုတ်လိုက်သည်။ ခေါက်ဆွဲခြောက်ဗူးကို ရေပူထွက်ရာ အပေါက်အောက်သို့ ခံလိုက်ပြီး ဗူးဝက်ခန့် ရေနွေးများဖြည့်လိုက်သည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now