အပိုင်း(46)

100 16 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း(၄၆)- ကြိုးစားသော သူဌေး

ကူယွင်ရှီနှင့် ကျန်းဝမ်ချန်တို့ နှစ်ယောက်က ကိုလာနှင့် အစပ်ချောင်းများကို ဝယ်ပြီးသော်လည်း ချက်ချင်း မစားသေးပေ။ ထိုပစ္စည်းများကို အသက်ကယ်ပစ္စည်းများအဖြစ်ဖြင့်သာ သိမ်းထားလိုက်ကြသည်။

ထို့နောက် ခေါက်ဆွဲပြုတ်ထားသည်မှာလည်း ကြာနေပြီဖြစ်သောကြောင့် ဗူးအဖုံးအားဖွင့်ပြီး စားရန်ပြင်လိုက်ကြသည်။ ခေါက်ဆွဲပြုတ်၏ မွှေးပျံ့သော ရနံ့များ သူမတို့နှစ်ဦး၏ နှာခေါင်းထဲသို့ တိုးဝင်လာ၏။ အသက်ဓာတ်စမ်းရေဖြင့် ပြုတ်ထားသော ဤကဲ့သို့ ခေါက်ဆွဲမျိုးကို သူမတို့ တစ်ခါမှ မစားဘူးကြပေ။  တစ်ခါသုံး ခက်ရင်းကို ကိုင်လျှက် ပါးစပ်အတွင်းသို့ အာရပါးရ သွပ်လိုက်ကြသည်။ ခေါက်ဆွဲစုပ်သံများ တစ်ဆိုင်လုံးသို့ လွှမ်းခြုံနေ၏။ ခဏအကြာတွင် ဗူးထဲရှိ ခေါက်ဆွဲများ အရည်ပါမကျန် ကုန်သွားခဲ့ပြီ။

ခေါက်ဆွဲတစ်ဗူးလုံးကုန်သွားသည့် အချိန်မှာပဲ သူမတို့၏ ကိုယ်ခန္ဓာသည် ပေါ့ပါးတတ်ကြွလာပြီး အာရုံခံစားမှုများလည်း အဆပေါင်းများစွာ နိုးကြားလာသည်ကို ခံစားကြရ၏။

ထို့နောက် နှစ်ယောက်သား အချိန်မဖြုန်းတော့ပဲ နှုတ်ဆက်ကာ တည်းခိုရာသို့ ပြန်ကြလေသည်။ ကျင့်ကြံခြင်းမြန်နှုန်း မြှင့်တင်ပေးထားသည့် အချိန်အား မဖြုန်းပစ်သင့်ပေ။

“ယွင်ရှီ…ဝမ်ချန် ဘာဖြစ်လာကြတာလဲ…. ရေးကြီးသုတ်ပြာနဲ့…”

တည်းခိုဆောင် ဧည့်ခန်းထဲတွင် ထိုင်နေသော မူရုံဟိုင်ထန်က စိုးရိမ်စွာမေးလိုက်သည်။

“ဘာမှ မဖြစ်ပါဘူးဆရာမ… စိတ်မပူပါနဲ့….”

“ကျွန်မတို့… အခန်းထဲသွားပြီး လေ့ကျင့်မလို့ပါ….”

နှစ်ယောက်သား မူရုံဟိုင်ထန်အား ချန်ခဲ့ပြီး သုတ်သီးသုတ်ပြာနှင့် ဝင်သွားကြသည်။

မူရုံဟိုင်ထန်က တပည့်နှစ်ယောက်၏ အမူအရာကို ကြည့်ပြီး စိတ်တော့ မအေးသေးပေ။ ကျို့ယောင်မြို့ကို သွားမည်ဆိုတုန်းက သူမ၏ တပည့်များအားလုံးက တတ်ကြွနေခဲ့ကြသည်ကို သူမသိ၏။ သို့သော် ကူယွင်ရှီနှင့် ကျန်းဝမ်ချန်တို့သည် တည်းခိုဆောင်သို့ အစောကြီးပြန်လာခဲ့ကြပြီ။ ထိုအရာက သူမအား စိုးရိမ်စေခြင်းဖြစ်သည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now