အပိုင်း(19)

137 23 1
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ (Fantasy: God-level Store Manager)
အပိုင်း(၁၉)- ငွေရောင်လမင်း

“ဟမ်....”
လရောင်အလင်းတန်းများလက်သွားပီး ဖြတ်စီးအားပြင်းထန်သောအလင်းတန်းတစ်ခု က လို့ချွမ်ဆီသို့ တိုက်ရိုက်ဦးတည်သွားသည်။ အလင်းတန်းများဖြတ်သွားရာလမ်းကြောင်းတစ်လျှောက်ရှိ လေထုသည်လှုပ်ရှားသွားပီး ဝိညဏ်စွမ်းအားများလျှံထွက်လာသည်။
“ငွေ‌ရောင်လမင်းလား...ချူးယန်ဖျင်း ရူးသွားတာလား...”

နန်းတော်မှထွက်လာသော လူအိုကြီးသည် ထိုမြင်ကွင်းကိုမြင်ပြီး ထိတ်လန့်သွားသည်။ ထို့နောက် သူ့လက်ထဲမှ ကျောက်စိမ်းတံဆိပ်တစ်ခုကို အမြန်ထုတ်လိုက်သည်။ ကျောက်စိမ်းတံဆိပ်သည် ကျို့ယောင်မြို့ကာကွယ်ရေးဝင်္ကပါအတွက် အဓိကကျသော ပစ္စည်းတစ်ခုဖြစ်သည်။

ပိုင်လောင်သည် သူ၏များပြားလှသော စိတ်စွမ်းအင်များကို ကျောက်စိမ်းတံဆိပ်အတွင်းသို့ ထိုးထည့်လိုက်သည်။ ထို့အခိုက်မှာပဲ ကျို့ယောင်မြို့တစ်ခုလုံး ချက်ချင်းပြောင်းလဲလာသွားသည်။ ကျို့ယောင်မြို့ကို ဝန်းရံထားသောတံတိုင်းများက ရွှေရောင်အလင်းဖျော့ဖျော့လင်းလက်လာပီး ကျို့ယောင်မြို့တွင် နဂါးတစ်ကောင် နိုးထကာ ဟိန်းဟောက်နေသည်နှင့်ပင် တူနေတော့သည်။

သို့သော်လည်း ရွှေရောင်အလင်းများဖြန့်ကျက်လာမှုနှုန်းသည် သိသိသာသာကို နှေးကွေးလွန်းသောကြောင့် လို့ချွမ်ရှိသော နေရာတွင် အလင်းများဖုံးကွယ်လာခြင်းမရှိသေးပါ။  ထိုအချိန်တွင် ငွေရောင်အလင်းတန်းများ လို့ချွမ်ရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။

အနီးအနားတွင်ရှိသော ချိုးယန်‌ဖေးတစ်ယောက်ကတော့ ကြိုတင်အောင်ပွဲခံနေသောမျက်လုံးများဖြင့် လှောင်ပြောင်ရယ်မောချင်နေပြီဖြစ်သည်။

“မင်းလို သူဌေးပေါက်စတစ်ယောက်က ငါ့ကိုသတ်ချင်တယ်...
တော်တော် စိတ်ကူးယဉ်တာပဲ....နောက်ဆုံးတော့ သတ်မသွားနိုင်ရှာတော့ဘူး...”

သို့သော် မျက်စိရှေ့တွင်ဖြစ်ပျက်သွားသော မြင်ကွင်းကိုမြင်ပြီးနောက် ချူးယန်ဖေး၏မျက်နှာမှာ ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားပြီး ရယ်မောသံများလည်း လည်ချောင်းထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now