အခန်း*4*

156 22 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
ကိုလာအစွမ်း အံ့မခန်း

“ငါများဟာသတွေပဲထိုင်လုပ်နေတဲ့ကောင်ကြီးလို့ထင်နေတာလား” လို့ချွမ် အတည်ပေါက်ပြောလိုက်သည်။
ပုလိုင့် ဆိုင်ရှင်ကို ပြန်ကြည့်လိုက်ပြီး ခေါင်းခါပြလေသည်။

“ဒါပေမယ့်ဗျာ၊ ကိုလာရဲ့ အာနိသင်ကြီးက သောက်ရမ်းကောင်လွန်းနေတယ်။ ယုံဖို့က တော်တော်ကို ခက်တာဗျ” ပုလိုင့် ပြန်ပြောလိုက်မိသည်။

“ကုန်ပစ္စည်းကောင်းတဲ့အတွက် ဈေးလည်းကောင်းပါတယ်။ ခင်ဗျားလိုလူကို လိမ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ချွမ် ပြန်ပြောလိုက်သည်။
စနစ်ရဲ့မစ်ရှင်ကို အောင်မြင်ဖို့ အလွန်ကို အရေးကြီးနေတဲ့ လို့ချွမ်အတွက် ဈေးဝယ်တစ်ယောက်ကို ဆွဲဆောင်ထားဖို့က အလွန်ကို အရေးကြီးလေးသည်။ ကျန်းနန်ဟော်၏ သခင်လေးဖြစ်သော ပုလိုင့်သည်လည်း သလင်းကျောက် ဆယ်ခု အတွက်နဲ့ တွေဝေမနေတော့ပဲ ကိုလာအားစမ်းသပ်ရန် ဝယ်ဖို့ဆုံးဖြတ်လိုက်လေသည်။

ပုလိုင့်သည် ကွန်တိန်နာထဲမှ ကိုလာတစ်ဗူးကို ယူလိုက်ပြီး အသင့်ထုတ်ထားသော စွမ်းအင် ခရစ်စတယ်များကို ကောင်တာပေါ်သို့ တင်လိုက်လေသည်။
လို့ချွမ် ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး ကောင်တာပေါ်မှ သလင်းကျောက် များကို လက်ဝါးဖြင့်ခတ်လိုက်ရာ သ‌လင်းကျောက်များ ပျောက်ကွယ်သွားလေတော့သည်။ ထို့နောက် စနစ်မှ အသံတစ်ခု ထွက်လာလေသည်။
“စတင်ခြင်း မစ်ရှင်အောင်မြင်သွားတဲ့အတွက် ဆိုင်ရှင်ကို ဂုဏ်ပြုပါသည်။
မဲနှိုက်ရန် အခွင့်အရေးတစ်ကြိမ် ရရှိသည်။”

လို့ချွမ့်တစ်ယောက် မစ်ရှင်အောင်မြင်သွားသည့် အတွက် အလွန်ကိုပျော်ရွင်နေသည်။
“ဒါနဲ့စကားမစပ်၊ ကိုလာကို သောက်လိုက်ရုံနဲ့ အာနိသင်တွေကို ရရှိမှာပါ။” လို့ချွမ်က ပုလိုင့်ကို ပြောလိုက်သည်။
ပုလိုင့်နည်းနည်းတော့ အံ့ဩသွားသည်။ ဒီကမ္ဘာမှာ ဆေးပင်အမျိုးအစား အများကြီးရှိပြီး၊ ဆေးရည်တွေလည်းအများကြီးရှိသည်။ သို့သော် သောက်သုံးလိုက်သည်နှင့် အာနိသင် ချက်ချင်းခံစားရသည်မှာ ပထမဆုံးကြားဖူးခြင်းဖြစ်သည်။
ပုလိုင့်မယုံကြည်သေးသော်လည်း ဗူးအဖုံးကိုဖွင့်၍ သောက်ရန် စဉ်စားလိုက်လေသည်။
“နောက်ဆုံးတော့လည်း ဒီဈေးကြီးပေးရတဲ့ဗူးက ငါအရင်က သောက်ခဲ့ဘူးတဲ့ ဆေးခါးကြီးပုံစံနဲ့ လာတူနေပါ့လား၊ ကောင်းရောကောင်းပါ့မလား။”
ပုလိုင့် တွေးရင်း တစ်ငုံသောက်ချလိုက်သည်။အေးမြပြီးသက်သောင့် သက်သာရှိတဲ့ အရသာတစ်မျိုး လည်ချောင်းထဲမှ စီးဆင်းသွားပြီး အစာအိမ်ထဲသို့ တိုက်ရိုက်စီးဝင်သွားတော့သည်။

“အိုးမိုင်ဂေါ့.. ဘာလို့ ဒီလောက်ကောင်းရတာလဲဟ။ တစ်သက်နဲ့တစ်ကိုယ် ဒါလောက်ကောင်းတာ မသောက်ဖူးသေးဘူး။” ပုလိုင့်အော်ဟစ် အောင်ပွဲခံလိုက်သည်။
နန်ဟော် အိမ်တော်ရဲ့သခင်လေးတစ်ယောက်အနေနဲ့ ဒီလမ်းကြားလေးကိုသာ အပျင်းပြေဝင်မကြည့်ခဲ့ဘူးဆိုလျှင် ဒီလို အကောင်းဆုံးအရသာနဲ့ ကိုလာကို သောက်ရမှာတောင်မဟုတ်ဘူး။
“ငါ့ ဘော်ဒီ၊ ငါ့ ရဲ့ ဒဏ်ရာတွေ “
ပုလိုင့်သည် သူ့ရဲ့ဘော်ဒီတွင်ရှိနေသော ဒဏ်ရာများတဖြည်းဖြည်းပျောက်ကင်းလာသည်ကို သတိထား လိုက်မိသည်နှင့် အလွန်ကို စိတ်လှုပ်ရှားသွားသည်။
ကျန်းနန်ဟော်၏ သားတစ်ယောက်ဖြစ်သော ပုလိုင့်သည် လွန်ခဲ့သောလက လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသူဖြစ်သည်။ ကံကောင်းစွာဖြင့် အသက်ဘေးမှ လွတ်လာခဲ့သော်လည်း ကုရအလွန်ခက်သော အတွင်းဒဏ်ရာများရရှိထားသူဖြစ်သည်။ ထိုအချိန်တုန်းက ကျန်းနန်ဟော်တစ်ယောက် အလွန်စိတ်ဆိုးပြီး လုပ်ကြံသူအား တစ်မြို့လုံးအနှံ့ရှာသော်လည်း ရှာတွေ့ခဲ့ခြင်းတော့မရှိပါ။
သို့သော် ကိုလာကို သောက်သုံးပြီးသော အချိန်မှာပင် ထိုကုရခက်ခဲသော ဒဏ်ရာများ ပျောက်ကင်းသွားခဲ့ခြင်းဖြစ်သည်။ ပုလိုင့် ကိုယ့်ကိုယ်ကို တောင် ယုံရခက်ခက်ဖြစ်နေသည်။
“ကိုလာအညွှန်းကို စဖတ်မိတုန်းက ချဲ့ကားရေးထားသည်ဟုသာ ထင်ခဲ့ပြီး မိမိအဖို့ ဈေးသိပ်မကြီးသောကြောင့် ဝယ်သောက်ခဲ့ခြင့်ဖြစ်သည်။ ယခု ထင်ထားတာနှင့် တလွဲစီဖြစ်ပြီး အညွှန်းမှာ အမှန်ပင်ဖြစ်နေသည်။ ဒီလောက်ကောင်းတဲ့ ပစ္စည်းမျိုး  သလင်း‌‌ေကျာက် ဆယ်ခုနဲ့ရတာ တော်တော်တန်တာပဲ။”

upပေးလိုက်ပါပြီနော်😁

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now