အခန်း*6*

153 19 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း (၆)- ရောင်းကုန်အသစ်၊ အစပ်ချောင်း

“ဆိုင်ရှင်၏ခွန်အားသည် ပစ္စည်းရောင်းလို့ရသည့် စွမ်းအင်သလင်းကျောက်ပမာဏပေါ်တွင် မူတည်ပါသည်။ ပစ္စည်းတန်ဖိုးပေးချေမှု လုပ်ဆောင်ပြီးသည်နှင့် ရရှိသော စွမ်းအင်သလင်းကျောက်များကို ဆိုင်ရှင်၏ ကျင့်ကြံခြင်းစွမ်းအားထဲသို့ လယ်ဗယ်အလိုက် အလိုလျောက်ပြောင်းလဲပေးသွားမည်ဖြစ်သည်။”

စနစ်၏အသံများ လို့ချွမ်စိတ်ထဲတွင် ကြားနေရသည်။

“ဆိုင်ရှင်သည် ကြယ်တစ်ပွင့်ဆိုင်ရှင်ဖြစ်ပြီး ရှယ်ယာအချိုးမှာ ၁၀ရာခိုင်နှုန်းဖြစ်သည်။ ကြယ်အဆင့်သတ်မှတ်ချက်မြင့်လာသည်နှင့် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ပွင့်လာမည်ဖြစ်ပြီး ရှယ်ယာရာခိုင်နှုန်းလည်း တတ်လာမည်ဖြစ်သည်။”

သလင်းကျောက်၏ တကယ့်အသုံးဝင်ပုံကိုသိလိုက်ရတော့ လို့ချွမ်တစ်ယောက် တော်တော်လေး အံ့ဩသွားသည်။ ငွေကြေးအနေအဖြစ်အသုံးပြုနေသော်လည်း ကျင့်ကြံသူများအတွက် အလွန်အသုံးဝင်သော ပစ္စည်းဖြစ်သည်။

“မဆိုးဘူးပဲ၊ ဒီလိုသာဆို ပစ္စည်းများများရောင်းရလေ ပိုပြီးခွန်အားတိုးလာလေဖြစ်နေပြီ”
လို့ချွမ် မချိပြုံးကို မိန့်မိန့်ကြီးပြုံးပြီးကျေနပ်နေလေတော့သည်။

“ကျင့်ကြံအဆင့် ၂ ကိုမြှင့်တင်ခြင်းအတွက် ၁၀၀ သလင်းကျောက်(ခရစ်စတယ်)လိုအပ်ပါသည်၊
ကျင့်ကြံအဆင့် ၃ ကို မြှင့်တင်ခြင်းအတွက် ၁၀,၀၀၀ သလင်းကျောက်လိုအပ်ပါသည်၊
ကျင့်ကြံအဆင့် ၄ ကိုမြှင့်တင်ခြင်းအတွက် ၁၀၀,၀၀၀ သလင်းကျောက်လိုအပ်ပါသည်။”စနစ်မှ အသိပေးလိုက်သည်။

ပိုပြီးသန်မာလာဖို့ ခရီးရှည်ကြီးလျှောက်ရဦးမှာပဲ။ စနစ်ရဲ့ရှင်းပြချက်အရ ဒီကမ္ဘာမှာအဆင့်တတ်ဖို့ မလွယ်မှန်း လို့ချွမ် သိရှိလာခဲ့သည်။

“ကြယ်သတ်မှတ်ချက်ကိုကျ ဘယ်လိုမြှင့်ရမှာလဲ” လို့ချွမ် သိလိုစိတ်ဖြင့် မေးလိုက်သည်။

ထို့နောက် စနစ်မှ၊
“ဆိုင်ရှင်သည် စနစ်မှပေးသော ကြယ်တိုးမြှင့်ခြင်းတာဝန်များကို ပြီးမြောက်အောင်လုပ်ဆောင်ခြင်းဖြင့် ကြယ်အဆင့်တိုးမြှင့်နိုင်ပါသည်။ ကြယ်မြှင့်တင်ခြင်းတာဝန်ကို စနစ်မှ ဆိုင်ရှင်အား အဆင့်မှီပြီဟု အကဲဖြတ်ပြီးချိန်မှသာ ပေးသွားမည်ဖြစ်သည်။” ဟုပြန်ပြောလေသည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now