အပိုင်း(34)

98 16 0
                                    

(နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ)
အပိုင်း(၃၄)- ပစ္စည်းအသစ် ပေါက်ခြင်း

ကျန်းရှန်ကျွင်း၊ ပုလိုင့်နှင့် ပုရှစ်ရီတို့ သုံးဦး ကိုလာဗူးကိုဖောက်ကာ သောက်လိုက်သည်။
အေးမြသော အရသာနှင့် အတူ ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းသွား၏။

“ကောင်းလိုက်တဲ့ ကိုလာ….”

ပုလိုင့်တစ်ယောက် ကိုလာကို ဘယ်နှကြိမ်သောက်သောက် ပထမဆုံးသောက်သည့်အတိုင်းပင် ခံစားရ‌ပေသည်။ ကျန်းရှန်ကျွင်းလည်း ယခုမှသောက်ဖူးသော ကိုလာကို အငမ်းမရသောက်နေ၏။

ထို့နောက် အစပ်ချောင်းထုပ်ကို ဖြဲ၍ ကိုလာနှင့် တွဲကာ စားကြပြန်၏။ မြိန်ရေယှက်ရေ စားသောက်နေကြသော ထိုမြင်ကွင်းအား ယောင်ကျိယန် မှင်သက်နေမိသည်။

ကိုလာနှင့် အစပ်ချောင်းမှာ ထိုသုံးယောက်၏ စားသုံးမှုတွင် ကြာကြာမခံလိုက်ပဲ ကုန်သွားခဲ့သည်။ ထို့နောက် မြင့်တတ်လာသော စိတ်ဝိညာဉ်စွမ်းအားများကို ခံစားနေကြသည်။ အချိန်တစ်မိနစ်ခန့်ကြာသော် စိတ်ဝိညာဉ်စွမ်းအားများ ပြန်လည်တည်ငြိမ်သွားသည်ကို သိရှိလိုက်ကြသည်။

“အစပ်ချောင်း တွေသာ များများစားရရင် စိတ်ဝိညာဉ်ကျင့်ကြံခြင်း အဆင့် ၆ ကို တစ်ခါတည်း ရောက်သွားလောက်မယ်ထင်တယ်…..”

ပုရှစ်ရီက သူမ၏ ပြန်လည်တည်ငြိမ်သွားသော  စွမ်းအင်များကို ခံစားလျှက် မျော်လင့်ချက်အပြည့်ဖြင့်  ပြောလိုက်သည်။

ဆိုင်ရှေ့ခုံပေါ်တွင် ထိုင်နေသော လို့ချွမ်က ထိုစကားကိုကြားတော့ သိချင်စိတ်ဖြစ်လာပြီး စနစ်ကို မေးလိုက်သည်။

“စနစ်ရေ  ဒီအစပ်ချောင်းတွေက လူတစ်ယောက် ရဲ့ ကျင့်ကြံခြင်း အဆင့်ကို ယာယီမဟုတ်ပဲနဲ့ တကယ် တတ်အောင် လုပ်ပေးနိုင်လား”

“အစပ်ချောင်းတွေက စားသုံးသူတွေ ကျင့်ကြံခြင်း အဆင့်ကို ယာယီတတ်အောင်ပဲ လုပ်ပေးနိုင်ပါတယ်။ဒါပေမယ့် အဆင့်မြင့်တဲ့ စွမ်းအားကို ခံစားဖူးပြီးရင် ထိုအဆင့်ကို ရောက်ဖို့ကျင့်ကြံတဲ့အခါ လွယ်ကူသွားတတ်ပါတယ်၊ကျင့်ကြံခြင်းအဆင့်နိမ့်လေ အာနိသင် ပိုသိသာလေပဲ”

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now