အခန်း(10)

142 21 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ (Fantasy: God-level Store Manager)
အပိုင်း(၁၀)- စားလို့ကောင်းတယ်

ပုရှစ်ရီ၏ လက်ထဲတွင်ရှိသော အစပ်ချောင်းများနှင့် ကိုလာကို ကြည့်ပြီး ပုလိုင့် သွားရည်တများများ ကျနေတော့သည်။ အမြုပ်ကလေးတစီစီတတ်ပြီးအေးမြနေသော ကိုလာ၏ အရသာကို အခုချိန်အထိ အမှတ်ရနေသေးသည်။(ကိုလာလား ဘီယာလား)

ပုရှစ်ရီသည် ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး
“သလင်းကျောက် ၁၀၀ ပေးပြီးဝယ်ထားတဲ့ ပစ္စည်းက အလှထားဖို့မှမဟုတ်တာ၊
တန်သလား မတန်ဘူးလား ကြည့်ရအောင်” ပြန်ပြောလိုက်သည်။

ထို့နောက် ပုရှစ်ရီသည် အစပ်ချောင်းထုပ်အား ဖြည်းဖြည်းချင်းဖောက်လိုက်သည်။ ချက်ချင်းဆိုသလို စူးရှလှသော အစပ်နံ့များ နှစ်ယောက်လုံး၏ နှာခေါင်းများအတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။ အစပ်ချောင်းထုပ်ထဲတွင် ဆီနီအရောင်ပြန်ဟပ်နေသော အစပ်ချောင်းတစ်ချောင်းထွက်လာလေသည်။ (ဟုတ်ပါတယ် တစ်ချောင်းတည်းပါ။) လို့ချွမ်က အစပ်ချောင်းကို စားတုန်းကလည်း စနစ်ကများ နောက်နေသေးလား ထင်ခဲ့မိသေးသည်။

ပုရှစ်ရီသည် လက်လေးနှစ်ချောင်းဖြင့် အစပ်ချောင်းအား ညှပ်ယူလိုက်ပြီး နှင်းဆီရောင် နှုတ်ခမ်းဖူးလေးအား အသာဟကာ ဖြည်းဖြည်းချင်း ဝါးစားလေတော့သည်။( အို.. အိုးး.. ကဗျာဆန်ချက်ကွာ)

ထို့နောက် ဝမ်းဗိုက်ထဲတွင် မီးလုံးလေးတစ်လုံးဖြစ်တည်လာခဲ့ပြီး ခန္ဓကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်ဟု ခံစားလိုက်ရသည်။ စွမ်းအင်အဆင့်များလည်း တဖြည်းဖြည်းတတ်လာသည်ဟု ခံစားနေရသည်။
“အွန်းးး၊ စားလို့ကောင်းတယ်”
ပုရှစ်ရီ သည် မျက်လုံးများမှေးအရသာခံလျှက် မှတ်ချက်ပေးလေသည်။

“အစ်မ၊ ဘယ်လိုအရသာရှိလဲ”
ပုလိုင့်သည် အစ်မဖြစ်သူ၏ အမူအရာကိုကြည့်ရင်းသာ သွားရည်ကျနေရသူဖြစ်သည်။ မိမိနှင့်အတူ သလင်းကျောက်များများ မယူခဲ့ရခြင်းအားလည်း နောင်တနည်းနည်း ရနေသည်။

“တော်တော်စားလို့ကောင်းတယ်” ပုရှစ်ရီ ပြန်ပြောလေသည်။
“ဆိုင်ရှင်ပြောတာမှန်တာပဲ၊ အခု ငါ့ရဲ့စွမ်းအင်အဆင့်က စိတ်ဝိညာဉ်အဆင့်၊ အဆင့်၆ ကို သေချာပေါက်ရောက်နေပြီ ၊” ဟု စွမ်းအင်များတိုးလာနေသည်ကို ခံစားရင်း စဉ်းစားနေလေသည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now