အပိုင်း(24)

128 20 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ (Fantasy: God-level Store Manager)
အပိုင်း(၂၄)-  ဆိုင်စည်းကမ်းများ

သခင်ပိုင်က ဆိုင်ထဲသို့ရောက်ရှိပြီးနောက် စင်ပေါ်တွင် အစီအရီစီထားသော ကိုလာနှင့် အစပ်ချောင်းများကို ကြည့်ပြီး အအညွှန်းကိုဖတ်လိုက်ပြီးသည်နှင့် အသက်ရှုမှားလောက်အောင်ပင် ဖြစ်သွားသည်။

“ဒီလို အစပ်ချောင်းနဲ့ကိုလာ ကို သလင်းကျောက် အနည်းငယ်နဲ့ ရောင်းနေတာ ….
အလကားပေးတာနဲ့ ဘာထူးသေးလဲ…”

တော်ဝင်အစေခံတစ်ယောက်အဖို့ သလင်းကျောက် ၁၀၀လောက်သည် မပြောပလောက်ပေ။ သို့သော် စိတ်ထဲတွင် အာနိသင်နှင့်ပတ်သတ်၍ မယုံကြည်နိုင်သေးသည်မှာလည်း အမှန်ပင်။

ထို့နောက် တံခါးဝက လို့ချွမ်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ရင်ထဲမှသံသယကို ချိုးနှိမ်လိုက်သည်။ လို့ချွမ်ကဲ့သို့ လူထူးဆန်းတစ်ယောက်က ဤကဲ့သို့အစ္စည်းမျိုးရောင်းချခြင်းမှာ အထူးအဆန်းမဟုတ်ပေ။ စွမ်အားရှင်များသည် တစ်မူထူးခြားသော လူမှုဆက်ဆံရေးရှိသော်လည်း သူ့လိုလူတစ်ယောက်ကို အချိန်ကုန်ခံပြီးလိမ်နေမည်မဟုတ် ဟု သခင်ပိုင်က ကောက်ချက်ချလိုက်သည်။

“သူဌေး… ကျွန်တော် အစပ်ချောင်းတစ်ထုပ်လောက် စားလို့ရမလား…”
စင်ပေါ်မှ အစပ်ချောင်းတစ်ထုပ်ကိုယူလျှက် ပိုင်လောင်က ပြောလိုက်သည်။

“ရပါတယ်…”
လို့ချွမ်က မတိုးမကျယ်အသံဖြင့် ပြန်ဖြေသည်။

ပိုင်လောင်က အစပ်ချောင်းထုပ်ကို ယူပြီးသည်နှင့်သိုလှောင်လက်စွပ်အတွင်းမှ သလင်းကျောက်များ ထုတ်ကာ ကောင်တာပေါ်သို့ တင်လိုက်သည်။ ထို့နောက် အိတ်ကို အသာဖွင့်ဖောက်လိုက်သည်။ အစပ်ချောင်း၏ စူးရှသော အစပ်ရနံ့များက နှာခေါင်းအတွင်းသို့ အတင်းတိုးဝှေ့ဝင်ရောက် လာကြ၏။ ထျန်ရှင်း အင်ပါယာတွင် ခွန်အားကို မြှင့်တင်ပေးနိုင်သော ပစ္စည်းများစွာရှိသော်လည်း ယခုကဲ့သို့ မွှေးပျံ့သော အစပ်ချောင်းမျိုးကို ပိုင်လောင်တစ်သက် ပထမဆုံး မြင်ဘူးခြင်းပင်ဖြစ်သည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now