အပိုင်း(21)

134 22 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ (Fantasy: God-level Store Manager)
အပိုင်း(၂၁)- ဒီအကွက်ကို ထျန်းရှစ်ကျန်းရှင်း လို့ခေါ်တယ်

“ပေါင်းစပ်ခြင်းစွမ်းအား….”
အဆုံးမရှိတဲ့ စွမ်းအားသည် အချိန်နှင့် လေထုကိုဖြတ်သန်းသွားပြီး ခပ်တိုးတိုး အသံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက် လို့ချွမ်က သူ့လက်ကို မြှောက်ပြီး လေဟာနယ်ထဲသို့ ညွှန်ပြလိုက်သည်။
“ဒင်…ဒင်….ဒင်…..”
စည်းချက်ညီသော တီးလုံးသံကဲ့သို့ ပြတ်သားသော အသံများ လူတိုင်း၏ နားထဲသို့ ဝင်လာခဲ့သည်။ ဒါပေမယ့်
စည်းချက်သံတစ်ချက်မြည်လာတိုင်း ကောင်းကင်တွင် အလင်းတန်းများပေါက်ကွဲသွား သည်ကို မြင်နေကြရသည်။
“ဒါ… ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ….”
မနီးမဝေးတွင် ချူးယန်ဖှေးက ကြောက်ရွှံ့ထိတ်လန့်မှု ပြည့်နေသော မျက်နှာဖြင့် ရပ်ကြည့်နေသည်။
ချူးယန်ဖျင်း၏ စိတ်ဝိညာဉ်ပုံရိပ်သည်လည်း တည်ငြိမ်မှု ပျောက်လာခဲ့သည်။ သူ၏တိုက်ခိုက်မှု အလွယ်တကူ ပြိုကွဲသွားလိမ့်မည်ဟု မမျှော်လင့်ထားသည်မှာ ထင်ရှားလှသည်။
“လာစမ်းပါ…”
စက္ကန့် အနည်းငယ်ကြာချိန်တွင်  အလင်းတန်းများအားလုံး အက်ကွဲပျက်စီးသွားသည်။ ထို့နောက် လို့ချွမ်က ကောင်းကင်တွင်ရှိနေသော ချူးယန်ဖျင်း၏ စိတ်ဝိညာဉ်ပုံရိပ်ကို စိုက်ကြည့်လိုက်ရာ ချူးယန်ဖျင်း လည်းတုန်လှုပ်သွားသည်။
လို့ချွမ်က ထိုအရာကို ဆွဲကိုင်လိုက်ပြီးနောက်  ကောင်းကင်တွင် ပုံရိပ်အဖြစ်နှင့် ရှိနေသော ငွေ‌ရောင်လမင်းသည်လည်း လှုပ်ခါလာသည်။ ချူးယန်ဖျင်းက သူဆင့်ခေါ်ထားသော ငွေ‌ရောင်လမင်း ကိုထိန်းချုပ်၍ မရနိုင်တော့အောင် ဖြစ်နေသောကြောင့် အမူအရာများ စတင်ပျက်ရွင်းလာ‌လေသည်။
ငွေလရောင်အိမ်တော်၏ အထွဋ်အထိပ်တိုက်ကွက်ဖြစ်သော ချူးယန်ဖျင်း၏ ငွေရောင်လမင်းတိုက်ခိုက်မှုသည် ကျရှုံးသွားလေပြီ။ ဒီထက်မကပဲ သူရဲ့ တုန်လှုပ်နေသော မျက်စိအောက်မှာပဲ ငွေ‌ရောင်လမင်း က တစ်ဖြည်းဖြည်း အထိန်းအကွပ်မဲ့ လာခဲ့သည်။
“ဒီအကွက်ကို ထျန်းရှစ်ကျန်းရှင်း လို့ခေါ်တယ်…."
လို့ချွမ်သည် သူ၏အရင်ဘဝက လူကြိုက်များသော သရုပ်ဆောင်၏အမည်ကို ရုပ်တည်တည်ဖြင့် ပြောလိုက်‌လေသည်။
ကောင်းကင်တွင်ရှိနေသော ငွေ‌ ရောင်လမင်းသည်လည်း လူတိုင်း၏ မျက်စိရှေ့တွင်ပင် ကြီးမားလာပြီး တဖြည်းဖြည်းနှင့် နီးကပ်လာလေသည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ အောက်ဘက်ရှိ ကျို့ယောင်မြို့သို့  ဆင်းသက်လာလေသည်။ လေထဲတွင်ရှိသော ချူးယန်ဖျင်း၏ ပုံရိပ်သည် ဖိအားဒဏ်ကို ဦးစွာခံစားလာရသည်။ ချူးယန်ဖျင်း၏ စိတ်ဝိညဉ်ပုံရိပ်သည်လည်း ပြတ်တောင်း ပြတ်‌တောင်း ဖြစ်လာလေသည်။
ထိုအချိန်မှာပဲ ကျို့ယောင်မြို့၏ ကာကွယ်ရေးဝင်္ကပါ အပြည့်အဝ အသက်ဝင်လာခဲ့ပြီး ဝင်္ကပါကမြို့ကို လုံးဝဖုံးအုပ်လိုက်သည်။ သိုသော်လည်း စိတ်ဝိညာဉ်ပုံရိပ်ကိုတော့ ဖုံးအုပ်ထားခြင်း မရှိပေ။
မြို့၏ ကာကွယ်ရေးဝင်္ကပါက မြို့ကိုဖုံးအုပ်လိုက်သော်လည်း ကျို့ယောင်မြို့နေ လူထုမှာ ကျဆင်းလာနေသော ငွေ‌ရောင်လမင်းကို ကြည့်ပြီး ကြောက်ရွှံ့နေကြသည်။
“ကောင်းကင်နဲ့ မြေကြီးလောက်ရှိတဲ့ ဒီလိုစွမ်းအားကို လူတွေက ဘယ်လိုတာဆီးနိုင်မှာလဲ…”
“ဘယ်လောက်တောင်ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ……၊ ကျို့ယောင်မြို့မှာ အဆင့်မြင့်ကျင့်ကြံသူတစ်ယာက်ယောက်များ  ရှိနေတာလား….”
“ကျို့ယောင်မြို့ အကာအကွယ်ဝင်္ကပါက ဒီတိုက်ခိုက်မှုကို တားဆီးနိုင်ကောင်းပါရဲ့…. မဟုတ်ရင်တော့ ပြီးသွားပြီ…. အဲ့ဒီ့အချိန် သေပြီပဲ…”
“ဒါက နတ်ဘုရားတွေကြားက တိုက်ပွဲပဲ…. သေမျိုးတွေက တော့ ဒုက္ခခံကြပေါ့…..”
လူပေါင်းများစွာက ခါးသီးမှု မကျေနပ်မှုများဖြင့် ရပ်ကြည့်နေကြရသည်။

အင်ပါယာနန်းတော်။
ထျန်းရှင်းအင်ပါယာ ဧကရာဇ် ကျိဝူဟွေ့ ကရုတ်တရက်ထရပ်ကာ အဝေးကကောင်ကင်ယံမှ ငွေလကို ငေးကြည့်နေသည်။ စိတ်တွေလည်း မတည်မငြိမ်ဖြစ်နေခဲ့သည်။
“ဒီလိုစွမ်းအား…အဲ့တာက တာအိုအဆင့်ကိုတောင် ကျော်လွန်နေပြီမဟုတ်ဘူးလား…. ကျို့ယောင်မြို့မှာ စွမ်းအားကြီးတဲ့သူ ရှိနေမယ်လို့ ငါမျှော်လင့်မထားခဲ့ဘူး… ကျို့ယောင်တောင်တန်းက ရတနာတွေက ဆွဲဆောင်ထားလို့ များလား…”
“ဒီလူက သူ့ရဲ့လှုပ်ရှားမှု ကို ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်မိတယ်… မဟုတ်ရင်တော့ ငါ့ရဲ့ကျို့ယောင်မြို့က ဒီဒဏ်ကို ခံနိုင်မှာမဟုတ်ဘူး…”
အင်ပါယာဧကရာဇ်၏မျက်နှာမှာ ခါးသီးမှုများအပြည့်နှင့်ဖြစ်နေသည်။
သာမာန်လူများ၏ အမြင်တွင် ကျိုု့ယောင်မြို့သည် တုနှိုင်းမယှဉ်နိုင်အောင် ကြီးကြယ်ခမ်းနားသော်လည်း ထျန်လန်တိုက်၏အခြားနေရာများနှင့် ယှဉ်လျှင် အမှိုက်သာသာပင်ဖြစ်သည်ကို ကျိဝူဟွေ့ စိတ်ထဲမှ သိနေသည်။

ချူးယန်ဖျင်းက  ကောင်းကင်မှ အလျှင်အမြန်ကျလာနေသော ငွေ‌ရောင်လမင်း ကို ကြည့်နေခဲ့သည်။ စိတ်ထဲတွင်လည်း သတိပေးချက်များ ဗလောင်ဆူအောင် မြည်နေသည်။
“အန္တရာယ်ရှိတယ်….အရမ်းကို အန္တရာယ်ရှိတယ်… “
ငွေ‌ရောင်လမင်းတွင် သေခြင်းတရားကပ်ပါလာနေသည်ကို သူခံစားနေရသည်။

may
------
voteလေးတွေပေးခဲ့ပေးပါအုံးနော်

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now