အပိုင်း(53)

65 13 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း(၅၃)- ရွှေသရဖူ မြွေကြီးများ

"ကျို့ယောင်မှာ အဲ့လို စွမ်းအားကြီး ပုဂ္ဂိုလ်ရှိတယ်ပေါ့...."
ကူယွင်ရှီက အံ့ဩသွားသည်။ ကျန်းဝမ်ချန်ပြောသည့် စကားကို သူမ သိပ်တော့မယုံချင်ပေ။

တာအိုထိပ်တန်းအဆင့်ဖြစ်သော ဧကရာဇ်က ရိုရိုကျိုးကျိုးဆက်ဆံရသည့် သူသည် အနည်းဆုံး အရှင်သခင်အဆင့်တွင် ရှိရပေမည်။

"ဒါပေမယ့်....အဲ့ဒီ့ ကျင့်ကြံသူက လေထုကို ခွဲပြီးထွက်သွားတာဟာ...သူဘယ်သွားလဲ  ဘယ်သူမ မသိလိုက်ဘူး...."
ကျန်းဝမ်ချန်က အားမလိုအားမရ ပြောလိုက်သည်။

"အဲ့တာ ဘာဖြစ်လဲ....မ‌မလေး ဝမ်ချန်ရဲ့ နှလုံးသားက အဲ့ဒီလူဆီပါသွားလို့လား...."
ကူယွင်ရှီက စလိုက်၏။

ကျန်းဝမ်ချန် မျက်စောင်းနှင့် သူမအား ကြည့်လိုက်သည်။
"ဘာဖြစ်တာလဲ....နင်ပဲ ခုနက ပြောတယ်လေ....အဲ့ဒီလူက ငါ့တို့နဲ့ အသက်မတိမ်းမရိမ်းပဲလို့...."
ကူယွင်ရှီက ဆက်လက် စနောက်‌လိုက်သည်။

"ဂန်းနာမလေး...."
ကျန်းဝမ်ချန်က ရှက်ရှက်နှင့် ကူယွင်ရှီ၏ လက်မောင်းအား အသာအယာရိုက်လိုက်သည်။

ကူယွင်ရှီကလည်း အားကျမခံ ပြန်ရိုက်၏။

တစ်ဦးနှင့် တစ်ဦးအပြန်အလှန် စနောက်ကျီစယ်ပြီးနောက် တည်းခိုဆောင်မှ ထွက်ခဲ့ကြသည်။ သူမတို့က လို့ချွမ်၏ စတိုးဆိုင်သို့ သွားရဦးမည်။
ဆိုင်ရှိ ထူးဆန်းသော ပစ္စည်းများနှင့် ဂိမ်းကစားခြင်းက သူမတို့နှစ်ဦး၏ ကျင့်ကြံခြင်းအား အလွန်အထောက်အကူပြု၏။

မကြာမီ သူမတို့နှစ်ဦးလမ်းကြားလေးထဲသို့ ရောက်လာသည်။ ခါတိုင်းကဲ့သို့ ဆိုင်ရှေ့တွင် လို့ချွမ်မရှိ။

ဆိုင်ထဲတွင် လို့ချွမ်နှင့် ယောင်ကျိယန်တို့ ဂိမ်းကစားနေကြသည်။
ကူယွင်ရှီက ယောင်ကျိယန်အား ခေါ်ရန် ဟန်ပြင်လိုက်သည်။

"ခနစောင့်ဦး....သူဌေးနဲ့ အစ်မကျိယန် ဘယ်အဆင့်ထိရောက်လဲ ကြည့်ရအောင်...."
ကျန်းဝမ်ချန်က တားဆီးလိုက်သည်။ ကူယွင်ရှီက ခေါင်းညိတ်ပြ၏။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now