အခန်း(14)

137 20 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း(၁၄)- မင်းဆိုင်ကို ငါဝယ်လိုက်ပြီ

“သူဌေးရေ၊ ဆိုင်မှာ ပစ္စည်းနှစ်မျိုးပဲ တင်ထားတာက နည်းနည်းများ နည်းမနေဘူးလား”
ကိုလာနှင့် အစပ်ချောင်းကိုစားလျှက် ပုလိုင့်က မေးလိုက်သည်။

အစပ်ချောင်းနှင့် ကိုလာတို့သည် အရသာရှိပြီး အစွမ်းထက်သည်မှာ မှန်သော်လည်း ဆိုင်တွင် လိုအပ်ချက်ရှိနေသည်ဟု ပုလိုင့် တွေးမိသည်။ ထိုအချက်မှာ ရွှေးချယ်စရာ နည်းနေခြင်းပင်ဖြစ်သည်။

ဆိုင်တွင်ပစ္စည်းအသစ်တင်ရန်နှင့်ပတ်သတ်၍ လို့ချွမ် မည်သို့မျှ မတွေးတတ်အောင်ဖြစ်သည်။ သူလည်းပဲ ပစ္စည်းအသစ် တင်ချင်သည်သာဖြစ်သည်။ ပုလိုင့်၏ စကားများကိုကြားပြီးနောက် လို့ချွမ်က မျက်လုံးများလည်နေအောင် တွေးမိသွားသည်။

သို့သော်လည်း
“ပစ္စည်း အသစ်တွေကို မကြာခင်တင်မှာပါ။” ဟုသာ ပြန်ပြေလိုက်သည်။
“သူဌေး၊ ဒီလိုပြောနေတာ သုံးခါမကတော့ဘူး”
လို့ချွမ်က ပြန်မဖြေခဲ့ပါ။ လို့ချွမ်နှင့် ရောက်တတ်ရာရာ ပြောပြီးနောက် ပုလိုင့် က ဆိုင်မှထွက်သွားလေသည်။

ထိုအချိန်တွင် လှပစွာခြယ်သထားသော ရထားလုံး တစ်စင်း ကျို့ယောင်မြို့၏အရှေ့ဘက်ဂိတ်တံခါးမှ ဖြည်းညှင်းစွာ မောင်းနှင်လာနေသည်။ ရထားလုံးအား ထူးဆန်းသော မြင်းများဖြင့်ဆွဲထားပြီး ကြောက်မက်ဖွယ်ရာ စိတ်ခံစားချက်ကို ပေးနေလေသည်။ မြင်းများက ဒဏ္ဍာရီလာ နဂါးများ၏ သွေးမျိုးစိပ်များ ပိုင်ဆိုင်ထားသည်။ ထို့အပြင် အရွယ်ရောက်ပြီးသားအကောင်သည် ကံကြမ္မာကောင်းခြင်းအဆင့် ခွန်အားများကို ပိုင်ဆိုင်ကြသည်။ ကျင့်ကြံသူများအပါအဝင် မြို့သူမြို့သားများသည် ကြောက်ရွံ့ခြင်းများဖြင့် လမ်းဖယ်ပေးကြသည်။ ရထားလုံး၏ အရှေ့တွင် စွဲဆောင်မှု အပြည့်ရှိသော ငွေလတံဆိပ် ပါရှိသည်။ ကျို့ယောင်မြို့ရှိ လူတိုင်း ထိုတံဆိပ်အား သိကြသူချည်းသာဖြစ်သည်။ ထိုတံဆိပ်သည် ငွေလနန်းတော်၏ တံဆိပ်ဖြစ်သောကြောင့်ဖြစ်သည်။

ငွေလနန်းတော်သည် ထျန်ရှင်းအင်ပါယာနယ်နိမိတ် အနီးတွင်ရှိသော အထင်ကရ ဂိုဏ်းကြီးများထဲမှတစ်ခု အပါအဝင်ဖြစ်သည်။ ထျန်းရှင်းအင်ပါယာထက် ပို၍ပင် ဩဇာညောင်းသေးသည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now