အပိုင်း(37)

111 19 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း (၃၇)- မစ်ရှင်အောင်မြင်ခြင်း

ပုလိုင့်တို့ တစ်သိုက် ဆိုင်ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ စကားများပြောနေကြသည်။

"ကျို့ယောင်တောင်က ကြေးစားဘဝကလည်း တဖြည်းဖြည်း ခက်ခဲလာပြီ... မိစ္ဆာသားရဲတွေက တဖြည်းဖြည်း ပိုပြီးရူးသွပ်လာနေကြတာ.....တောနက်ခြမ်းက ကောင်တွေတောင် အပြင်ခြမ်းတွေ ရောက်ရောက်လာနေပြီ....."

ကျိုးဟူက သက်ပြင်းချလျှက်ပြော၏။

"ဘာလို့လဲ"
ပုလိုင့်က စိတ်ဝင်တစားမေးသည်။
"ဒါတော့ ဘယ်သိမလဲဗျ"
ကျိူးဟူးကလည်း ရယ်ရင်းပြန်ဖြေလိုက်သည်။

ဘေးမှနားထောင်နေသော ကျန်းရှန်ကျွင်းလည်း အတွေးများနေသည်။
"ကျို့ယောင်မှာ မျက်နှာစိမ်းတွေ များများလာတာ ခင်ဗျားတို့ သတိထားမိလား......
အရင်ရက်ကတောင် ထိပ်တန်း ကျင့်ကြံသူနှစ်ယောက် မြို့ပေါ်မှာ တိုက်ခိုက်သွားကြသေးတယ်လေ....."

ကျန်းရှန်ကျွင်း ထိုစကားကို ပြောပြီးနောက် အနီးအနားတွင်ရှိသော လို့ချွမ်အား သတိရသွားပြီး ခိုးကြည့်လိုက်သည်။ ခုံပေါ်တွင် ခါတိုင်းကဲ့သို့မြင်မှ သက်ပြင်းချရ၏။ ထိုတိုက်ခိုက်မှုတွင် ပါဝင်သော တစ်ယောက်မှာ လို့ချွမ် ဖြစ်၏။

"ကျို့ယောင်တောင်မှာ ရတနာပစ္စည်းတွေ ပေါ်လာလို့များလား....."

စကားဝိုင်းမှ တစ်ယောက်က ဝင်ထောက်လိုက်သည်။

ထိုအချိန်တွင် လူတိုင်းတိတ်ဆိတ်သွားကြပြီး ကိုယ့်အတွေးဖြင့်ကိုယ် စဉ်းစားနေကြသည်။ ခဏအကြာတွင် ကျိုးဟူက တိတ်ဆိတ်ခြင်းအား အဆုံးသတ်ပေးလိုက်သည်။

"မိုးပြိုရင်တောင် အရပ်ရှည်တဲ့ကောင်က ထမ်းရတာမလား......ရတနာတွေလည်း ယူနိုင်တဲ့သူ ရကြမှာပေါ့..... ငါတို့နဲ့ အဝေးကြီးပဲ.... သိပ်ခေါင်းစားမနေကြနဲ့....."

ကျိုးဟူစကားအဆုံးတွင် အာလုံးပြုံးမိသွားသည်။ အားလုံးအတွက် မှန်ကန်သောစကားများ ဖြစ်နေ၏။

ခဏ အကြာတွင် ကျိုးဟူတို့ နှုတ်ဆက်ထွက်သွားကြသည်။ ပုလိုင့်နှင့် ကျန်းရှန်ကျွင်းလည်း ပြန်လာလိုက်ကြသည်။
ဆိုင်သည်လည်း တိတ်ဆိတ်ခြင်းသို့ ပြန်လည်ရောက်ရှိသွားသည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now