အခန်း(15)

139 20 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း(၁၅)- ငါ အကုန်လုံးကိုဝယ်မယ်

လို့ချွမ်က အသံကြားသည်နှင့် မျက်လုံးများ ဖွင့်၍ လူငယ်အားကြည့်လိုက်သည်။ လူငယ်ကအနက်ရောင် ခြုံထည်ကို ဝတ်ဆင်ထားပြီး ယပ်တောင်တစ်ချောင်း ကိုင်ဆောင်ထားသည်။ ဘေးနား တွင်   ခွန်အားအလွန်ကောင်းသော အသက်ကြီးကြီးလူတစ်ယောက်ရှိပြီး ထိုသူ၏ကျင့်ကြံခြင်းမှာ  ယွမ်ပြန်လည်ဖြစ်တည်ခြင်းအဆင့်သို့ ရောက်နှင့်ပြီးသူဖြစ်သည်။

“ကြည့်ရတာ အကောင်ကြီးကြီးတစ်ကောင်ရဲ့ သားထင်တယ်”
လို့ချွမ်က ခန့်မှန်းလိုက်သည်။

“ရောင်းဖို့ မဟုတ်ဘူး”
လို့ချွမ်ခေါင်းရမ်းပြီး ပြန်ပြောလိုက်သည်။

“သလင်းကျေက် တစ်ရာပေးမယ်”
လူငယ်၏မျက်လုံးထဲတွင် သေမျိုးတစ်ယောက်တစ်အတွက် သလင်းကျောက်တစ်ရာသည် အင်မတန်များပြားလှသော ငွေပမာဏဖြစ်သည်။ တစ်ဘဝလုံး ရှာ၍ပင် မရနိုင်သော ပမာဏဖြစ်သည်။

လို့ချွမ် တစ်ယောက် တိတ်တိတ်နေလိုက်ပြီး လူငယ်အား မျက်မှောင်ကြုံ့ကြည့်လိုက်သည်။ တော်တော်လည်း မကြည်မလင်ဖြစ်သွားသည်။
“သလင်းကျောက် တစ်ထောင်ကွာ”

လူငယ်က နောက်တစ်ကြိမ် ဈေးဆယ်ဆအထိမြှင့် ပေးလိုက်သည်။
လို့ချွမ်က ဘယ်ကလာမှန်းမသိသည့် ထိုလူငယ်အား လစ်လျူရှုလိုက်သည်။ထို့နောက် ထိုင်ခုံပေါ်ပြန်မှီပြီး မျက်လုံးမှိတ်ကာ နေရာင်ပြန်ခံလိုက်သည်။

လူငယ်က ထိုမြင်ကွင်းကိုမြင်ပြီးနောက် တစ်ခုခုကိုတွေးလိုက်သည်။ထို့နောက် ပြုံးလိုက်ပြီးတခြားတစ်နည်း ဖြင့်ထပ်စမ်းကြည့်လိုက်သည်။
“ဒါက ဆိုင်မဟုတ်ဘူးလား သူဌေး၊ ဘာလို့ ပစ္စည်းတွေ တင်မထားတာလဲ၊”
လူငယ်က ဆိုင်ထဲသို့ ကြည့်ကာ ပြောလိုက်သည်။

“အတွင်းဘက်ခြမ်းမှာ အကုန်ရှိတယ်၊ ဝင်ကြည့်လိုက်”
လို့ချွမ်က မျက်လုံးပင်ဖွင့် မကြည့်ပဲ ထိုင်ခုံပေါ်တွင်မှီလျှက် ပြန်ပြောလိုက်သည်။

“အိုး… မေ့တော့မလို့ ပစ္စည်းယူပြီးရင်တော့ ကောင်တာပေါ်မှာ သလင်းကျောက်တွေကို တင်ခဲ့လိုက်၊ ပြီးတော့ ပစ္စည်းတစ်မျိုးကို တစ်ခုပဲ ဝယ်လို့ရမယ်၊”
လို့ချွမ်၏ တုန့်ပြန်မှုကို မြင်ပြီးလူငယ်က အနည်းငယ် ဒေါသထွက်သွားသည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now