အခန်း(13)

134 22 0
                                    

(နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ)
အပိုင်း(၁၃)- ဒါကို ကိုလာလို့ခေါ်တယ်

“ဝေါင်း…”
နတ်ဆိုးဝံပုလွေသည် အော်ဟစ်ဟိန်းဟောက်လိုက်ပြီးနောက် ၎င်း၏ ကိုယ်ခန္ဓာအား ပြင်းထန်စွာ ခါလိုက်သည်။
“ချိုးယင်း၊ သတိထား”
ဝေ့ချင်းကျူးက စုန့်ချိုးယင်းအား သတိလှမ်းပေးလိုက်သည်။

လင်းဝမ်ရွှမ်းကလည်း ကျာပွတ်ဖြင့် သားရဲ၏ ခြေများကို ထိန်ချုပ်ပေးလိုက်ကာ ချင်းကျူးနောက်ပြန်ဆုတ်ရန် ကူညီပေးလိုက်သည်။ ချိူးယင်းက နောက်ပြန်ဆုတ်ရန် အလုပ်တွင် သူမအနောက်မှ အသံကြားလိုက်ရသည်။

“ရှူး”
သားရဲ၏ အမြှီးသည် စုန့်ချိုးယင်း၏ ပခုံးအားဖောက်ထွက်သွားပြီး သွေးများပန်းထွက်လာခဲ့သည်။ သူမ၏ ဝတ်စုံတစ်ခုလုံးလည်း သွေးရောင်များဖုံးလွှမ်းသွားသည်။ ထို့ကြောင့် သူမလည်း နာကျင်စွာ အော်ဟစ်လိုက်သည်။

“အား…”
လင်းဝမ်ရွှမ်းလည်း ချိုးယင်းအားကယ်တင်ရန်  ကျာပွတ်အားထပ်မံဝှေ့ရမ်းလိုက်ပြီး သားရဲအားထိန်းချုပ်ရန် နောက်တစ်ကြိမ် ကြိုးစားပြန်သည်။

ထို့အပြင် ဝမ့်ချင်းကျူးကလည်း အစပ်ချောင်းထုပ်အားထုတ်၍ ဖောက်လိုက်ကာ တခါတည်း စားလေတော့သည်။
“ငါ့ကို လိမ်လို့ကတော့ သေဖို့သာပြင်ထား ဆိုင်ရှင်”
ခဏအကြာတွင် ချင်းကျူးမျက်နှာတစ်ခုလုံး နီရဲလာပြီး ခရမ်းရောင်စွမ်းအင်လှိုင်းများ ခန္ဓာကိုယ်ပတ်လည်တွင် ထွက်ပေါ်လာခဲ့သည်။ ထို့နောက်သူမသည် ကံကြမ္မာကောင်းခြင်း အဆင့် ၉ သို့ ရောက်ရှိလာတော့သည်။

“တကယ်မှန်တာပဲ”
ဝမ့်ချင်းကျူး သည် သူမခန္ဓာကိုယ်မှ တိုးတတ်လာသောစိတ်ဝိညာဉ် စွမ်းအားကို ခံစားလိုက်ရသည်။ ထို့နောက်

“သေစမ်း”
ဝမ့်ချင်းကျူးသည် သားရဲဆီသို့ ပြေးသွားလိုက်သည်။ သူမက အလွန်မြန်ဆန်လွန်းသောကြောင့် ပုံရိပ်များပင် ကျန်ခဲ့လေသည်။ ထို့နောက် ဝေ့ချင်းကျူးသည် နတ်ဆိုးဝံပုလွေ၏ ဘေးတွင်ရပ်လိုက်ပြီး ဓားရှည်ဖြင့် ပိုင်းချလိုက်သည်။ ထိုအချိန်တွင် နတ်ဆိုးဝံပုလွေသည ရေခဲရုပ်တစ်ရုပ်ကဲ့သို့ မလှုပ်မယှက်ရှိနေခဲ့ပြီး မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ ဒီလူသားက မည်သည့်အချက်ကြောင့် ချက်ချင်းကြီး ခွန်အားများ ပိုတိုးလာသည်ကို စဉ်းစားမရနိုင်ဖြစ်နေခဲ့သည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now