6 - 10

1K 90 1
                                    

အပိုင်း-၆ (ဝက်အူကင်)

မွန်းတည့်ချိန်မှာတော့ ရှီယုရဲ့ ပေါက်စီတွေအားလုံးဟာ ရောင်းလို့ကုန်သွားတယ်။ သူတို့တွေ အထုပ်အပိုးတွေ သိမ်းနေစဉ်မှာတောင်မှ မနက်ဖြန် လာရောင်းဦးမှာလားဆိုပြီး မေးနေကြတဲ့ သူတွေက အများကြီးပဲ။

ရှီယုက မနက်ဖြန် ပြန်လာမယ့် အကြောင်း သူတို့တွေကို ပြောလိုက်ကာ အိမ်ကို ပြန်လာခဲ့
တယ်။

အိမ်ပြန်ရောက်ရောက်ချင်းဘဲ ဒီနေ့ ရောင်းရတဲ့ ပိုက်ဆံတွေကို ရေတွက်လိုက်ကြတယ်။ပိုက်ဆံက သိပ်မများပေမယ့်လည်း သူတို့ တွေက ဝမ်းသာပီတိဖြစ်နေကြ တယ်။

"ဘာစားချင်ကြလဲ? မင်းတို့စား ချင်တာကို မမ ဝယ်ကျွေးမယ်"

" ကြက်သားစားချင်တယ်!'' ရှောင်ဝူက ချက်ချင်းဖြေလိုက် တယ်။

လောင်အာက သူ့အင်္ကျီကို ဆွဲလိုက်ကာ "မမ ကြိုက်တာ ဝယ်လို့ရတယ် အခုက အိမ်မှာ ဝင်ငွေသိပ်မရှိသေးဘူး ပိုက်ဆံတွေ အများကြီးရလာမှဘဲ သားတို့ ကြိုက်တာစားတော့မယ်"

ရှီယု နှလုံးသားလေး နွေးထွေးသွား ရတယ်။ လောင်အာက အခုမှ ၁၂, ၁၃လောက်ပဲ ရှိသေးပေမဲ့  တော်တော်လေး သိတတ်နေပြီ။ သူမက ပြုံးပြလိုက်ကာ "မမ ဟင်းချက်စရာတွေ  သွားဝယ် လိုက်အုံးမယ် လောင်အာက သူတို့ကို ခေါ်သွားပြီး ဟင်းရွက်တွေ ခူးလာခဲ့လိုက် ရှောင်ချီက မမနဲ့ လိုက်လာခဲ့ အဘိုးက မနက်ဖြန်အတွက် သုံးဖို့ တွန်းလှည်းကို သန့်ရှင်းရေး လုပ်လိုက်တော့"

"ကောင်းပြီလေ"

လူတိုင်းက အလုပ်ကိုယ်စီနဲ့ လမ်း ခွဲလိုက်ကြတယ်။ရှီယုက ပိုက်ဆံနည်းနည်းယူလာပြီး ရှောင်ချီကို ခေါ်ကာ ဈေးဝယ်ထွက် လိုက်တယ်။

သူမ ဝက်သားနည်းနည်း ဝယ်လိုက်တော့ ဈေးသည်က သူတို့ကို သနားသွားပြီး ဝက်ကလီစာနဲ့ ဝက်ခေါင်းကိုပါ ပေးလိုက်တယ်။

အဲ့နောက်တော့ သူမ ဂျုံနဲ့ ဆန်တစ်အိတ်လောက် ဝယ်လိုက် တယ်။ နောက်ဆုံးကျမှ ကြက်သား ဝယ်လိုက်တယ်။

ဒါတွေအားလုံး ဝယ်လိုက်တာပြီး တော့ ကြေးပြား၃ပြားပဲ ကျန်တော့တယ်။ သူတို့တွေ ပြန်လာကြတော့ လမ်းမှာတွေ့တဲ့ သကြားလုံးသည်ဆီကနေ ရှောင်ချီ အတွက် သကြားလုံးဝယ်ကျွေး လိုက်တယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now