436 - 440

470 45 0
                                    

အပိူင်း၄၃၆

မီးဝိညာဥ်၃ခုရဲ့စွမိးအင်တွေကုန်ခမ်းသွားတာနဲ့ အစီရင်ကပျောက်ကွယ်သွားကာ မီးဝိညာဥ်၃ခုမှာလဲ ရှီယုလက်ထဲကိုပြန်ရောက်လာကြတယ်။

ဟိုငိယန်ဖီးနစ်က ရှီယုလက်ထဲကမီးဝိညာဥ်တွေကိုသွားရည်တမြားမြားနဲ့ကြည့်နေခဲ့တယ်။သူ့ကို ငရဲမီးကနေမွေးဖွားလာခဲ့တာဖြစ်လို့ မီးဝိညာဥ်တွေကသူ့အတွက်တော့အားဆေးသဖွယ်ပင်။ဒီမီးဝိညာဥ်တွေကိုသာဝါးမျိုလိုက်ရင် သူ့ရဲ့နဂိုအခြေနေဖြစ်တဲ့အထွဋ်ထိပ်ကိုပြန်ရောက်နိုင်တာကြောင့် ထိုအကြောင်းကိုတွေးနေမိတယ်။

ရှီယု သူ့အတွေးတွေကိုရိပ်မိတာကြောင့် ချက်ချင်းပဲမီးဝိညာဥ်၃ခုကိုသိမ်းလိုက်ကာ ဟိုင်ယန်ဖီးနစ်ကို စူးရဲစွာပြန်စိုက်ကြည့်လိုက်တယ်။

ဟိုင်ယန်ဖီးနစ်က ရှီယုကိုအထငိသေးစွာတစ်ချက်ပြန်ကြည့်ပြီးမှ ရွှမ်းယင်ကိုသယ်ကာလေထဲကိုပျံသန်းသွားခဲ့တယ်။

"နသ်ဘယ်သွားနေတာလဲ?ငါ့ကိုပေ့ဟဲကမ်းခြေဆီပြန်ခေါ်သွားပေး" ရွှမ်းယင်မှာ သူမရဲ့အရင်ကမှတ်ဉာဏ်တွေထဲကအတိုင်း ဟိုင်ယန်ဖီးနစ်နဲ့ သဘောတူညီမှုလုပ်ခဲ့ပြီးပြီဖြစ်ပေမဲ့လို့ အရင်လောက်တော့မရင်းနှီးကြသေးပေ။

ဟိူင်ယန်ဖီးနစ်က ရွှမ်းယင်ပြောတာကြားတော့ချက်ချင်းပဲနောက်ပြန်လှည့်လိုက်တယ် "ငါ့အတွက် အဲ့မီးဝိညာဥ်တွေရအောင်ကူညီပေး အဲ့တာဆို မင်းနဲ့ သခင်-အစေခံစာချုပ်ချုပ်မယ်။အခုကစပြီး မင်းပြောသမျှလဲနာခံမယ်။ခုလိုမျိုးပေါ့ မင်းပို့ခိုင်းတဲ့နေရာကိုချက်ချင်းပို့ပေးမယ်" အနီးနားကတောင်ထိပ်မှာဆင်းသက်ပြီးနောက် ဟိုင်ယန်ဖီးနစ်ကဂုဏ်ယူဝင့်ကြွားစွာနဲ့ခေါင်းမော့လိုက်ပြီး ရွှမ်းယင်ကိုကြည့်လိုက်တယ်။

ဒါပေမဲ့ရွှမ်းယင်ရဲ့နှုတ်ခမ်းတွေကတွန့်ကျုံ့နေကာ "နင် ပို့ပေးတဲ့နေရာကတလွဲကြီး"

ဟိုင်ယန်ဖီးနစ်-"...."

ရွှမ်းယင်-"ပြီးတော့ နင်တောင်းဆိုတာတွေကိုမလုပ်ပေးနိုင်ဘူး။အဲ့မီးဝိညာဥ်တွေကငါ့သူငယ်ချင်းပိုင်တာ။ငါ သူမကိုဒုက္ခမပေးနိုင်ဘူး"

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now