226 - 230

529 49 0
                                    

အပိုင်း၂၂၆

တကယ်လို့ကျောင်းအုပ်ကြီးသာ သူတို့ကိုကျင့်ကြံမှုမှာအရမ်းကြီးစွမ်းလမ်းမနေကြဖို့ ပြောမထားဘူးဆိုရင် ဒီ၆ယောက်လုံး တစ်နေ့လုံးဒီနေရာမှာပဲ စွမ်းအင်ကျင့်ကြံနေကြလောက်တယ်။

"ငါတို့လဲ ကျင့်ကြံလို့ပြီးသွားပြီ" ရွှမ်းယင်တစ်ယောက် မျက်လုံးတွေပွင့်လာခဲ့တယ်။

သူမနဲ့ တုန်းဖန်ကျန်းကမနေ့ညတည်းကဒီကိုရောက်နေကြတာပင်။သူမ ဗဟိုချက်သိပ်သည်းမှုအဆင့်အဆင့်ကို တက်အောင်လုပ်မယ်လို့ပြောခဲ့တာ ဒီနေ့ရောဆို၃ရက်ပြည့်သွားပြီပင်။သူမ ပြောထားခဲ့တဲ့အတိုင်းပဲ ဗဟိုချက်သိပ်သည်းမှုအဆင့်ကို တုန်းဖန်ကျန်းနဲ့အတူတူချိုးဖောက်နိုင်သွားကြပြီ။

ရှီယုကတော့ သူတို့တွေဘယ်လိုမျိုး အဆင့်တက်လာကြလဲဆိုတာမသိချင်ပေ။

ရွှမ်းယင်ပြောပြီးပြီးချင်းပဲ ကျန်တဲ့၃ယောက်လဲ မျက်လုံးပွင့်လာကြတယ်။

အဲ့တာကိုမြင်တော့ ရှီယု သူတို့ဘေးမှာထိုင်ချလိုက်ကာ "ငါအစတုန်းက နင်တို့အားလုံးကိုအိမ်ပြန်ရောက်မှပဲ ဒီဟင်းတွေပေးမလို့ ဒါပေမဲ့ အဲ့လိုဆိုအချိန်အလကားဖြစ်တယ် ရော့ အခုပဲစားကြည့်လိုက်ကြတော့" ပြောရင်းနဲ့ သူမ ထမင်းဘူးတွေကိုထုတ်ကာ သူတို့ကိုကမ်းပေးလိုက်တယ်။ အနီရောင်အလင်းတန်းတွေက ဟင်းပွဲပတ်လည်မှာဝန်းရံနေကာ ဟင်းနံ့သင်းသင်းလေးက လေထုထဲပျံ့နှံ့နေတယ်။

ဒီမဟော်ဂနီအသားဟင်းက သူမတစ်ညလုံးကြိုးစားချက်ပြုတ်ရင်း ကျရှုံးတဲ့ဟင်းပွဲတွေကြားက အောင်မြင်သွားခဲ့တဲ့နောက်ဆုံးရလဒ်တွေပင်..

လင်းဖန်တစ်ယောက် ဒီနေ့ဟင်းပွဲကအရင်နေ့ကချက်နေကြတွေနဲ့ကွဲပြားနေတာကိုမြင်ရတော့ "အသစ်ပြောင်းချက်ထားတာလား?"

"ဟင့်အင်း ဒါအရင်တုန်းကချက်ဖူးတဲ့ဟင်းပွဲပဲ"

ရွှမ်းယင်တစ်ယောက် အချိန်ကြာကြီးကျင့်ကြံနေခဲ့ပြီးနောက် အခုလိုအစားသောက်အနံ့ရတာနဲ့မတောင့်ခံနိုင်တော့ဘဲ ချက်ချင်းယူစားလိုက်တယ်။ ရှီယု သတိပေးမလို့ပြင်နေစဥ်မှာပဲရွှမ်းယင်လက်ထဲကဟင်းပွဲကအကုန်ပြောင်သွားတာကိုတွေ့လိုက်ရတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now