401 - 405

428 40 0
                                    

အပိုင်း၄၀၁

ရှီယု ကြာကန်ထဲမှာရှိတဲ့ကျောက်ပုဇွန်တွေကိုသွားဖမ်းလိုက်တယ်။ ထိုကျောက်ပုဇွန်တွေကိုသန့်စင်ပြီးနောက် ပေါင်းခံဇကာထဲ ထည့်ပေါင်းလိုက်တယ်။နောက်၁၅မိနစ်အကြညမှာတော့ ရှီယု ထိုပေါင်းခံအိုးကိုမ,ပြီး ထင်းစုန်းအိမ်တော်ဘက်ကိုသွားလိုက်တယ်။ရှီယု အစားသောက်တွေကိုချပြီးနောက် ဝမ်းဟန်ကိုလိုက်ရှာလိုက်တယ်။သူမ မျကိလုံးမှိတ်ကာအိပ်ယာပေါ်မှာလှဲအိပ်နေတဲ့ ဝမ်းဟန်ကို သူ့အခန်းထဲမှာတွေ့သွားတယ်။ရှီယု အိပ်ယာဘေးမှာထိုင်ချလိုက်ကာ ဝမ်းဟန်ရဲ့ချောမွတ်တဲ့မျက်နှာကိုမြင်ရတော့ မနေ့ညကတွေ့ခဲ့ရတဲ့အက်ကွဲရာကြီးကိုပြန်တွေးမိပြီး ဝမ်းဟန်ရဲ့မျက်နှာကိုလှမ်းထိလိုက်စဥ်မှာပဲ ရုတ်တရက် တစ်စုံတစ်ရာအက်ကွဲသွားသံနဲ့အတူဝမ်းဟန်ရဲ့မျက်နှာပေါ်မှာအက်ကြောင်းတွေပေါ်လာပြီး ဝမ်းဟန်ရဲ့မျက်နှာတစ်ခုလုံးကွဲအက်သွားတယ်။
"အား_!"ရှီယု လန့်အော်မိလိုက်တယ်။သူမ ရုတ်တရက် မျက်လုံးတွေပြန်ပွင့်လာကာ ရင်းနှီးနေတဲ့မီးဖိုးချောင်ကိုတွေ့တော့မှပဲ အိပ်မက်မက်နေခဲ့မှန်းသဘောပေါက်သွားတယ်။ရှီယုဘေးမှာတော့ အပြာရောင်မီးတောက်တွေတောက်လောင်နေတဲ့မီးဖိုကြီးရှိနေဆဲပင်။ရှီယု စိတ်အခြေနေမကောင်းတော့တာကြောင့် မီးသတ်လိုက်ကာမနေ့ကအကြောင်းကိုပြန်တွေးနေမိတယ်။
ဝမ်းဟန်ကိုစ,တွေ့တုန်းက ထိုဒဏ်ရာတွေကညာဘက်လက်တစ်ဖက်တည်းမှာပဲရှိတာ အခုတော့မျက်နှာပေါ်မှာပါပေါ်လာနေပြီ။
(ဒီတိုင်းသာဆို အိပ်မက်ထဲမှာတွေ့ခဲ့တဲ့အတိုင်းဖြစ်တော့မှာလား..?)

ရှီယုခေါင်းခါလိုက်ကာထိုအိပ်မက်အကြောင်းဆက်မစဥ်းစားတော့ဖို့ဆုံးဖြတ်လိုက်တယ်။
(ဝမ်းဟန် မတော်တဆဖြစ်ဖို့ဆိုတာမဖြသ်နိုင်ဘူး။ သူနဲ့ရွှမ်းယင်ကြားမှာဘာမှမှမဖြစ်သေးတာ ဇာတ်ကြောင်းကမစ,လောက်သေးပါဘူး.. သူ့လိုအဓိကဇာတ်ကောင်တွေထဲကတစ်ယောက်အနေနဲ့ အလွယ်တကူ ကျဆုံးဖို့ဆိုတာမဖြစ်နိုင်ပါဘူး..)
ရှီယု ဆက်မတွေးတော့ဘဲ ပေါင်းခံအိုးကိုသယ်ပြီးထင်းစုန်အိမ်တော်ကိုသွားဖို့ထရပ်လိုက်စဥ်မှာပဲ သူမရှေ့မှာလူတစ်ယောက်ပေါ်လာတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now