431 - 435

376 39 0
                                    

အပိုင်း၄၃၁

ညစာစားပြီးနောက် အားလုံးအေးအေးဆေးဆေးအနားယူလိုက်ကြတယ်။

နောက်ရက်တွေမှာတော့ ပင်လယ်နေသားရဲတွေက ပေ့ဟဲကမ်းခြေဘက်ကိုချဥ်းကပ်လာနေတယ်ဆိုတဲ့သတင်းတွေ ကြားနေရတယ်။ သန်းနဲ့ချီတဲ့သားရဲတွေလာနေတဲ့အကြောင်းကြားရတော့ ပင်လယ်နားနေနေတဲ့သူတွေမှာစိုးရိမ်ကြောင့်ကြလာကြတယ်။

မှော်လောကကိုသွားရမယ့်နေရာလွတ်ထဲက၈ခုကလွတ်နေသေးတာကြောင့် ယခုအချိန်ကိုအခွင့်ယူပြီး ဓားသခင်က ပင်လယ်သားရဲအများဆုံးဖမ်းနိုင်မယ့်သူတွေကိုထိုနေရာလွတ်တွေပေးမယ်ဆိုပြီး ကြေညာလိုက်တယ်။

ရှီယုက မှော်လောကကိုသွားခွင့်ရပြီးသားဆိုပေမယ့်လဲ သူမရဲ့သူငယ်ချင်းတွေက အခုထိသွားခွင့်မရသေးတာကြောင့် ပင်လယ်သားရဲအမဲလိုက်ရာမှာသူမလဲ ချင်းချန်တို့ကိုအဖော်လိုက်ပေးလိုက်တယ်။

ရှီယုတို့သွားမယ်ဆိုတာကြားရတော့ ယွဲ့ဂိုဏ်းရဲ့ဆက်ခံသူ ယွဲ့ဟွမ်းကျင်နဲ့ ဓားသခင်ရဲ့တပည့် ယန်းမိုတို့ကပါ အတူလိုက်ဖို့ဆုံးဖြတ်လိူက်ပြီး ရှီယုကိုသွားတွေ့ကြတယ်။ဒါပေမဲ့သူမတို့အဖွဲ့ထဲမှာလူပြည့်နေပြီဖြစ်ကြောင်းပြောကာ ရှီယု ထို၂ယောက်ကိုငြင်းလိုက်တာကြောင့် သူတို့တွေလဲတခြားအဖွဲ့မှာသွားပူးပေါင်းလိုက်တယ်။

ထို၂ယောက်ထွက်သွားပြီးနောက် ပေ့ကုန်းဟုန်ဇီကလဲ ရှီယုကိုလာရှာကအတူလိုက်ခဲ့ချင်ကြောင်စပြောပေမယ့် ရှီယုထပ်ငြင်းလိုက်တယ်။ သူမနဲ့မရင်းနှီးတဲ့သူတွေကို သူမရဲ့လျှို့ဝှက်ချင်တွေမဝေမျှချင်တာကြောင့် ရှီယုထိုကဲ့သိူ့ငြင်းလိုက်ခြင်းပင်။

နောကိတစ်နေ့မှာတော့ အကြီးကဲတွေက မှော်လောကကိုဝင်ချင်တဲ့သူတိုင်းကို ကျောက်စိမ်းပြားလေးတွေဝေပေးလိုက်တယ်။ ပြိုင်ပွဲစတာနဲ့ ထိုကျောက်စိမ်းပြားတွေပေါ်မှာတော့ အမှတ်တွေပေါ်လာမှာပင်။

"အမှတ်စုဆောင်းရမယ့်အချိန်က ၁၀ရက်ထဲ အဲ့၁၀ရက်ကျော်သွားရင် ဓားသခင်နဲ့အကြီးကဲတွေကပင်လယ်သားရဲတွေကို ရှင်းပစ်ကြမှာဆိုတော့ငါတို့တွေမြန်မြန်လှုပ်ရှားမှဖြစ်မယ်" လင်းဖန်ကျောက်စိမ်းပြားကိုသိမ်းလိုက်ပြီးနောက် ပင်လယ်ပြင်ဘက်ကို ကြည့်ကာပြောလိုက်တယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now