391 - 395

484 43 0
                                    

အပိုင်း၃၉၁

ချင်းချန်ဆီရောက်ပြီး သိပ်မကြာခင်မှာပဲ ဟောကျိရီ နိူးလာခဲ့တယ်။ ဟောကျိရီ နိူးနိူးလာချင်းပဲ သူမရဲ့မျက်လုံးကနေ အေးစက်စက်ခံစားချက်ကိုရလိုက်တာကြောင့် အသက်ရှင်နေသေးမှန်းသိလိုက်ရတယ်။ သူမ ဘာအသံမှမထွက်ရသေးခင်မှာပဲ အမျိုးသားတစ်ယောက်ရဲ့စကားသံကိုကြားလိုက်ရတယ် "သတိရလာပြီလား?" အဲ့နောက် သူမရဲ့ခန္ဓာကိုယ်ကို ထူပေးခံလိုက်ရကာ နွေးထွေးတဲ့တစ်စုံတစ်ရာက သူမရဲ့ပါးစပ်ထဲကိုရောက်လာတယ်။

"တစ်ခုခုအရင်စားရအောင်" ဟောကျိရီ သူဘယ်သူလဲလို့မေးချင်ပေမဲ့ စကားမပြောနိုင်တာကြောင့် ထိုမေးခွန်းကိုမျိုသိပ်လိုက်တယ်။

ရှီယု အပြင်ကနေပြန်ရောက်လာတဲ့ ချင်းချန် ဂရုတစိုက်နဲ့ဟောကျိရီကိုဆန်ပြုတ်တိုက်နေတာမြင်ရတော့ စနောက်လိုက်တယ် "ကလေးတစ်ယောက်ကို အခုလိုဂရုစိုက်နေတာမြင်ရတာဒါပထမဆုံးပဲ ခုလိုကျတော့လဲ အရင်လိုအေးစက်စက်မဟုတ်တော့ပါလား?"

ဟောကျိရီ ရှီယုရဲ့အသံကိုကြားရတော့ ငိုချင်စိတ်ကိုမမျိုသိပ်နိုင်တော့ဘဲ မျက်ရည်တွေစီးကျလာတယ်။အဲ့တာကိုမြင်တော့ ရှီယု သူမဆီလျှောက်သွားကာ ခေါင်းကိုဖွဖွပုတ်ပေးလိုက်တယ် "မမတို့ ဒီမှာရှိတယ်"

ခဏကြာတော့ ငိုရတာမောလာလို့လားမသိ ဟောကျိရီအိပ်ပျော်သွားခဲ့တာကြောင့် ရှီယုနဲ့ ချင်းချန်လဲ အပြင်ပြန်ထွက်လာကြတယ်။ နောက်တစ်နေ့မှာပဲ ရှီယု ဇဲကိုတည်းခိုခန်းဆီခေါ်လာခဲ့လိုက်တယ်။ဇဲက ဟောကျိရီ အထီးကျန်နေမှာစိုးတာကြောင့် အစားသောက်တွေကို ဟောကျိရီအခန်းထဲကိုမှာလိုက်ကာ သူတို့၂ယောက်အတူတူစားလိုက်ကြတယ်။ ထိုအချိန်မှာပဲ ရှီယုကို လူတစ်ယောက်ကလာတွေ့တာကြောင့် ရှီယုထိုလူဆီသွားတွေ့လိုက်တယ်။
"ကျမကို ဘာလို့လာတွေ့တာလဲ?"

"မိန်းကလေးရှီ လီအိမ်တော်ရဲ့ခေါင်းဆောင် အဆိပ်မိနေတာကိုသိတယ်မလား?ငါ အဲ့အဆိပ်ကိုဖြေနိုင်တဲ့နည်းကိုသိတယ်"

ရှီယု-"ရှင် ရှင်နေမှတော့ ဘာလို့ကျမကိုလာပြောပြနေတာလဲ? ကျမ လီမျိုးနွယ်နဲ့ဘာမှမှမဆိုင်တာ"

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now