166 - 170

500 54 0
                                    

အပိုင်း-၁၆၆ (အသားညှပ်ပေါင်မုန့်)

ရှီယုက ဒီအိမ်က ဧည့်သည် တစ်ယောက်ဖြစ်နဲ့အပြင် ရှောင်ရှုရဲ့ သူငယ်ချင်းလဲ ဖြစ်နေတာကြောင့် သူမကို တစ်ခုခု အမှားအလုပ်မိမှာစိုးလို့ သတိပေးလိုက်တယ်။

ရှီယု ပြောလိုက်လို့လားတော့မသိဘူး ရှောင်ရှုက နောက်တစ်နေ့မှာ ရှန်းလင်းဖေးအကြောင်းကို သူမ အမေကို မပြောလိုက်ဘူး။ ရှီယုက ဒီကို ဧည့်သည်အနေနဲ့ လာလည်လာတာဖြစ်လို့ မနေ့က မပေးလိုက်ရတဲ့ လက်ဆောင်ကို ဒီနေ့ပေးဖို့ ပြင်လိုက်တယ်။ ရှီယု နှစ်၅၀၀သက်တမ်းရှိတဲ့ ဆေးပင်၃ပင်ကို ရှီသခင်မကို သွားပေးမလို့ ရှောင်ရှုကို လိုက်ရှာလိုက်တော့ ဘယ်သူမှ ရှောင်ရှု ဘယ်ထွက်သွားမှန် မသိကြနာကြောင့် သူမ တစ်ယောက်တည်းပဲ ရှီသခင်မဆီကို သွားလိုက်တယ်။

ရှီသခင်မက ရှီယုကို အခုလို လက်ဆောင်တွေ ပြင်ထားလလိမ့််လို့ မတထင်ထားခဲ့ဘူး။ အခုလို အသေးအဖွဲလေးတောင် သေချာ ဂရုစိုက်ပေးလို့ ရှီယုကို ပိုပြီး အမြင်ကြည်လာတယ်။ ရှီယု ပြန်သွားတာနဲ့ လက်ဆောင်ကို ဖွင့်တောင်မကြည့်တော့ဘဲ အစေခံတစ်ယောက်ကို ခေါ်ပြီး ရတနာတိုက်ထဲမှာ သွားသိမ်းထားဖို့ ပြောလိုက်ကာ အိမ်က အစေခံတွေကို ရှီယုကို သေချာ ဂရုစိုက်ပေးဖို့ မှာထားလိုက်တယ်။

ရှီယု ပြန်ရောက်တော့ သူမရဲ့ စိတ်စွမ်းအင် ထိခိုက်ထားတာကို ပြင်မကုရသေးတဲ့အတွက် နည်းနည်းမောလာတယ်။ သူမ အိမ်ထဲ မဝင်တောဘဲ အိမ်ရှေ့က မက်မွန်ပင်အောက်မှာပဲ ဝင်ထိုင်ရင်း မက်မွန်ပန်းတွေ ကြွေကျတာကို ကြည့်နေလိုက်တယ်။

နန်းမြို့တော်မှာတော့ လူတွေ စည်းကားနေတဲ့ လမ်းမကြီးပေါ်မှာတော့ ဆယ်ကျော်သက် လူငယ်လေး၃ယောက်က သူတို့ရှေ့က စားဖိုမှူးတစ်ယောက် အသားတွေကင်နေတာကို ကြည့်နေကြတယ်။

စားဖိုးမှူးက အသားတွေကို အတုံးသေးသေးလေးတွေဖြစ်အောင် ခုတ်ထစ်ပြီးတာတဲ့ အကင်ကင်တဲ့ သံပြားပေါ်မှာ စ,ကင်လိုက်တယ်။  အသားကင်တွေ ကျတ်သွားချိန်မှာ ပေါင်မုန့်တစ်လုံးယူပြီး အထဲမှာ အသားညှပ်လို့ရအောင် ပေါင်မုန့်သားကို ဓားနဲ့ အလျားလိုက် လှီးလိုက်ပြီးနောက် ပေါင်မုန့်ကြားထဲမှာ အသားကင်တွေကို ညှပ်ထည့်လိုက်တယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now