186 - 190

524 59 0
                                    

အပိုင်း-၁၈၆ (သလင်းရောင် ဝက်ဂုတ်သား)

အဘိုးကြီး၂ယောက်ရဲ့ အသွင်က သာမန်ပဲဖြစ်တာကြောင့် လူတွေက သိပ်သတိမထားမိကြဘူး။

သူတို့၂ယောက် ပန်းတွေဝေနေတဲ့ လမ်းကြားတွေ လမ်းဘေးမှာ ခွေးတွေ ဟောင်နေပြီး ကြက်တွေ တွန်နေကြကာ ကလေးတွေရဲ့ ရယ်မောနေတဲ့အသံတွေကိ ဖြတ်လာခဲ့ပြီးနောက် လမ်းက တဖြည်းဖြည်း ပိုကျယ်လာတယ်။ မြေပြင်မှာ အပြာရောင် ကျောက်တုံးတွေနဲ့ ခင်းကျင်းထာကာ စောစောက ဆူညံသံတွေကိုလဲ မကြားရတော့ဘူး။ ဘေး၂ဖက်က နံရံတွေပေါ်မှာ ထွင်းထားတဲ့ ပန်းခတ်ပန်းနွယ်တွေကလဲ ပိုပြီး လှလာတယ်။ ဒီနေရာက သူဌေးသူကြွယ်တွေ နေတဲ့ ရပ်ကွက်မှန်း သိသာလောက်အောင် အိမ်ကြီးတွေက ပိုပိုများလာတယ်။

သူတို့တွေ အိမ်ကြီးတစ်အိမ်ရှေ့ကို ရောက်သွားချိန်မှာတော့ "ဒါက ကျန်းအိမ်တော်ပဲ" ရိုးရှင်းတဲ့ ချည်သားဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူကြီးက ပြောလိုက်တယ် "မရောက်တာကြာတော့ ဒီအိမ်ကလဲ တော်တော် ပြောင်းလဲသွားတာပဲ" သူ ဒီကနေ မထွက်သွားခင်က ဒီမိသားစုက သာမန်မိသာစုလေးတစ်ခုပဲ။

တံခါးစောင့်က ထိုလူ၂ယောက်ကို မြင်တော့ သူတို့ဆီက ထုတ်လွှင့်နေတဲ့ အရှိန်အဝါတွေက သာမန်နဲ့မတူတာကို သတိထားမိသွားတဲ့အပြင် သူတို့ သခင်ကြီးပြောတာကိုပါ သတိရသွားကာ "အကြီးအကဲ'ကူ'လား?''

"အင်း, မင်းတို့ရဲ့ သခင်ကြီးရော?''

"သူက အရင်ရက်တုန်းက ဒဏ်ရာရထားခဲ့လို့ အခု ကျင့်ကြံနေတုန်းပဲ။ အဲ့တာကြောင့် ဧည့်သည်တွေလာရင် သေချာ ကြိုဆိုထားဖို့ ကျတော်တို့ကို မှာထားတာပါ" ချည်သားဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူကြီးရဲ့ မျက်နှာပေါ်က အပြုံးပျောက်သွားကာ  ဘာမှမပြောဘဲ အိမ်ထဲဝင်သွားတယ်။ သူ ဝင်သွားတော့ ကျန်တဲ့တစ်ယောက်ကပါ လိုက်ဝင်လိုက်တယ်။

တံခါးစောင့်က အခုလာတဲ့ ဧည့်သည်တွေက အကြီးအကဲကူနဲ့ သူ့မိတ်ဆွေဆိုပြီး ကျန်တဲ့သူတွေကို ပြောလိုက်တော့ အားလုံးက အကြီးအကဲ ၂ယောက်ကို အရမ်း တွေ့ချင်သွားကြတယ်။

အကြီးအကဲကူ အိမ်ထဲကို ဝင်လာတော့ လူတော်တော်များများက သူ့ကို မြင်တာနဲ့ စိတ်လှုပ်ရှားနေကြတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now