421 - 425

380 43 0
                                    

အပိုင်း၄၂၁

သူတို့၂ယောက် ရှေ့တက်လာကာစတင်တိုက်ခိုက်လိုက်ကြတယ်။မင်းဝမ်က သူ့လက်ထဲကသားမွှေးယပ်တောင်ကိုဖြန့်လိုက်ချိန် သတ္ထုအသွင်မာကျောနေတဲ့စူးရှတဲ့တောင်ပံတချို့က ရှီယုဆီ မြှားသဖွယ်ပစ်လွှတ်နေတာကြောင့် ရှီယုချက်ချင်းပဲရှောင်လိုက်တယ်။သူမ ထိုအတောင်တွေကိုရှောင်နေရင်းနဲ့လက်ထဲကဓားမြှောင်ကိုတင်းတင်းဆုပ်ကာ မင်းဝမ်ဆီချဥ်းကပ်သွားခဲ့တယ်။

သူမ မင်းဝမ်နဲ့၂လှမ်းအကွာကိုရောက်ချိန်မှာပဲ မီးဝိညာဥ်၃ခုကိုဆင့်ခေါ်လိုက်ပြီးဓားမြှောင်မှာရစ်ပတ်စေလိုက်ကာ မင်းဝမ်ကိုလှမ်းခုတ်လိုက်တယ်။ ထိုအချိန်မှာပဲမင်းဝမ်က သူမကိုလက်သည်းတွေနဲ့လှမ်းကုတ်လိုက်တာကြောင့် ရှီယုချက်ချင်းပဲအပေါ်ကိုတက်သွားစဥ် သူမရဲ့ခြေထောက်တွေကိုလှမ်းကုတ်လိုက်တာကြောင့် ထိုခြေထောက်တွေမှာမီးဝိညာဥ်ကိုလည်ပတ်စေလိုက်တာနဲ့ မင်းဝမ် ချက်ချင်းပဲနောက်ဆုတ်သွားတယ်။ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ရှီယုရှိရာဆီကို ထောင်ပေါင်းများစွာတောဒေါင်းတောင်တွေက အပ်သဖွယ်ပြေးဝင်သွားကြတယ်။ ယပ်တောင်ပေါ်ကဒေါင်းတောင်တွေကမလျှော့သွားဘဲ အောက်မှာဝှက်ထားတဲ့လက်နက်ပုန်းသဖွယ်အပ်တွေကသာ ပျံထွက်လာကြတယ်။

ရှီယုခြေထောက်ကိုအပ်၂ခေျာင်းထိုးစိုက်မိသွားကာ အရိုးထဲထိစိုက်ဝင်သွားတာကြောင့် နာကျင်သွားပြီးသူမရဲ့ခန္ဓာကိုယ်က တုန်ယင်သွားတယ်။မင်းဝမ်က ထိုအခွင့်ရေးကိုအသုံးချကာ အရိုးတစ်ချောင်းကိုဓားအသွင်ပြောင်းလိုက်ပြီး ရှီယုရဲ့လည်ပင်းကိုလှမ်းဖြတ်လိုက်တယ်။

ရှီယု ထိုးဓားချက်ကိုသူမရဲ့ဓားမြှောင်နဲ့ချက်ချင်းပဲခုခံလိုက်တာကြောင့် ကြီးမားတဲ့စွမ်းအင်၂ခုကထိပ်တိုက်တွေ့သွားကြတယ်။ဒါပေမဲ့ ရှီယုက မင်းဝမ်ထက်အများကြီးအားနည်းနေသေးတာကြောင့် နောက်ကိုခြေလှမ်းများစွာဆုတ်မိသွားကာ သွေးတစ်လုတ်အန်မိသွားတယ်။

မင်းဝမ်ကရှီယုကို အနားယူဖို့အချိန်နည်းနည်းလေးတောင်မပေးပေ။ယပ်တောင်က အပြာရောင်အလင်းတန်းကကောင်းကင်ကနေပန်းတွေကျဲလိုက်သလိုဖြာကျနေကာ အဝါရောင်စွမ်းအင်တွေကသိပ်သည်းကာပျံ့ကျဲနေပြီးမမြင်နိုင်ပေမဲ့လဲ နေရာအနှံ့သတ်ဖြတ်လိုတဲ့အရှိန်ဝါတွေပြန့်ကျဲနေတယ်။ရှီယု ထိုစွမ်းအင်တွေနဲ့ထိမိရုံနဲ့တင် သူမရဲ့အရေပြားက လှီးဖြတ်ခံလိုက်ရက သွေးတွေစီးကျလာတယ်။ ရှီယု မင်းဝမ်ရဲ့စွမ်းအားကြီးမားပုံကိုအံ့ဩနေမိသလိုပဲ ထိုစွမ်းအင်ကိုရင်ဆိုင်ရမယ့်နည်းလမ်းကိုပါအဖြေထုတ်နေခဲ့တယ်။ရှီယု မင်းဝမ်ရဲ့ယပ်တောင်တိုက်ချက်တွေကို သူမရဲ့ဓားမြှောင်နဲ့ခုခံပြီးနောက် မီးဝိညာဥ်နဲ့ ပြန်လည်တိုက်ခိုက်လိုက်တယ်။ဒါပေမဲ့ မင်းဝမ်က ထိုမီးတောက်ကိုယပ်တောင်နဲ့လိုက်ပိတ်ဆို့ထားတယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now