156 - 160

600 66 0
                                    

အပိုင်း-၁၅၆(ဟော့ပေါ့)

ချီမျိုးနွယ်က ဘိုးဘေးတွေရဲ့ သင်္ချိုင်းမြေက တောင်ပေါ်မှာပဲ တည်ရှိနေကာ ဝါးပင်တွေ, ထင်းရှုပင်တွေနဲ့ ဝန်းရံနေတဲ့အပြင် မြူတွေဆိုင်းနေသေးတယ်။

အရိုးစုတွေကို မြှုပ်နှံပြီးသွားတော့ မီးဝိညာဥ်က ထိုနေရာမှာ လဲလျောင်းနေကာ တရှုံ့ရှုံ့နဲ့ ငိုနေတာကြောင့် ထိုမြင်ကွင်းကို ကြည့်ရင်း ကျန်တဲ့သူတွေလဲ စိတ်မကောင်းဖြစ်သွားကြတယ်။

ရှီယုလဲ ချီချူးယွင်ကို ချီလူကြီးမင်းနဲ့ပတ်သတ်နေတဲ့ ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်တယ်။ ချီလူကြီးမင်းရဲ့ အရိုးစုတွေကို မြေမြှုပ်ပြီး သူ့အတွက် အုတ်ဂူလုပ်ပေးပြီးတာနဲ့ ရှီယုနဲ့ ချီချူးယွင်တို့ တစ်ယောက်နဲ့ တစ်ယောက်ကြည့်လိုက်ကာ ချီလူကြီးမင်းရဲ့ အုတ်ဂူကို ကန်တော့လိုက်ကြတယ်။ ၃ကြိမ်ကန်တော့ပြီးသွားတော့ မီးဝိညာဥ်က ရှီယုတို့နားကိုရောက်လာကာ အော်လိုက်တယ်။ မီးဝိညာဥ်ရဲ့ အသံကိုကြားလိုက်လို့ ရှီယုတို့တွေ မော့ကြည့်လိုက်ကြတော့ ချီလူကြီးမင်းရဲ့ဝိညာဥ်က သူ့ရဲ့ အုတ်ဂူထပ်မှာ ရပ်နေတာကို တွေ့လိုက်ရတယ်။

ချီလူကြီးမင်းက ရှီယုကို ပြုံးပြလိုက်ကာ "မိတ်ဆွေးလေးရဲ့ ကျေးဇူးကြောင့် ကျုပ်လဲ မွေးရပ်မြေကို ပြန်လာနိုင်ခဲ့ပြီ။ ငါ့ရဲ့ ဝိညာဥ်တစ်စိတ်တစ်ပိုင်းကို ကျောက်စိမ်းဆွဲပြားထဲမှာ ထည့်ထားခဲ့လို့ အခုလို နှုတ်ဆက်ခွင့်ရတာပဲ" သူက မီးဝိညာဥ်ကို တစ်ချက်ကြည့်လိုက်ကာ "အစက မီးဝိညာဥ်ကို ငါ့ရဲ့ မြေးမြစ်တွေကို ပေးမလို့ပဲ။ ဒါပေမယ့် မင်းနဲ့ မီးဝိညာဥ်က ပေါင်းစည်းပြီးသွားပြီဖြစ်တဲ့အပြင် မင်း ကြုံခဲ့ရတဲ့ကိစ္စတွေအတွက် အလျော်ပေးတဲ့အနေနဲ့ မီးဝိညာဥ်ကို မင်းပဲ ယူထားလိုက်တော့"

ရှီယုလဲ ကျေးဇူးတင်စကား ပြန်ပြောလိုက်တယ် "ကျေးဇူးတင်ပါတယ်, ချီလူကြီးမင်း" သူမ အခုချိန်မှာ အလိုအပ်ဆုံးက မီးဝိညာဥ်ရဲ့ မီးတောက်ပဲ။ဒီမီးတောက်နဲ့သာဆို အဆင့်မြင့်သားရဲတွေရဲ့အသားကို ချက်လို့ရနိုင်မှာပဲ...

ချီလူကြီးမင်းက ချီချူးယွင်ကို ကြည့်လိုက်ကာ "မီးဝိညာဥ်ကို ဒီက မိတ်ဆွေးလေးကို ပေးလိုက်တာဆိုတော့ အစက သူ့ကို ပေးမလို့ပြင်ထားခဲ့တဲ့ ပစ္စည်းတွေကို မင်းကိုပဲ ပေးလိုက်တော့မယ်"

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now