111 - 115

555 72 0
                                    

အပိုင်း-၁၁၁ (ယောက်သွားကင်)

ရှီယု ချက်ပြုတ်ရင်း အလုပ်များနေစဥ်မှာပဲ အနားယူလို့ဝသွားတဲ့ ဝမ်းရှန်နဲ့ ရှောင်ချီက သူမဆီကို ရောက်လာကြတယ်။ ရှီယုကို မြင်မြင်ချင်း ရှောင်ချီက ငိုပြီး သူမဆီကိုပြေးဝင်လာကာ သူမကို လှမ်းဖက်လိုက်တယ်။ စန်းပန်လဲ ရှီယုကို လှမ်းဖက်လိုက်တယ်။

"နင် ဘယ်တွေသွားသေနေတာလဲ, ဟမ်? ငါက နင် ယောကျ်ားနောက်လိုက်သွားပြီတောင် ထင်နေတာ!"

ရှီယုမှာ ဒီ၂ယောက် သူမကို ဖက်ထားတာကြောင့် လှုပ်ရှားလို့တောင်မရတော့ဘူး။ သူမ ရှောင်ချီကို မရိုက်ရက်တာကြောင့် စန်းပန်ကိုပဲ ကောက်မ,ကာ လှုပ်ယမ်းလိုက်တယ် "မဟုတ်ကဟုတ်ကတွေ ထပ်ပြောရဲပြောကြည့်!နင့်ကို နုတ်နုတ်စင်းပြီး ဒီစွပ်ပြုတ်အိုးထဲကို ထည့်ချက်ပစ်လိုက်မယ်!'' အဲ့လိုသာပြောတာ တကယ်လက်တွေ့မှာတော့ စန်းပန်ကို သူမပခုံးပေါ်တင်ပေးလိုက်ပြီး ရှောင်ချီကို ပြန်ဖက်ထားလိုက်တယ်။

ရှောင်ချီတစ်ယောက် ရှီယုနဲ့ အကြကြီးခွဲနေခဲ့ရတာကြောင့် ရှီယုသွားရာနောက်ကိုပဲ တကောက်ကောက်လိုက်နေတော့တယ်။ ဝမ်းရှန်ကတော့ ဖုန်းလျိုတို့ဆီကို ပြန်သွားတယ်။

ရှီယုက ချက်ပြုတ်နေစဥ်မှာ ရှောင်ချီက ဘေးကနေ ကူညီပေးလိုက်တယ်။ ရှောင်ချီတစ်ယောက် သဲသောက်ပေါ်မှာရှိတဲ့ ယောက်သွားတွေကို မြင်သွားကာ တစ်ခုလောက်သွားကောက်လိုက်တယ် "မမ, ဒီကျောက်တုံးထဲမှာ တစ်ခုခုရှိနေသလိုပဲ" သူမ ထိုယောက်သွားကို နားနားကပ်ကာ လှုပ်ကြည့်ရင်းနဲ့ လှမ်းပြောလိုက်တယ်။

ရှီယု ရှောင်ချီရဲ့လက်ထဲက ယောက်သွားကိုမြင်တော့ စိတ်လှုပ်ရှားသွားကာ "ရှောက်ချီ! ဒါမျိုးတွေ နောက်ထပ်ရှိသေးလား?
ရှိသေးရင် ထပ်ကောက်ခဲ့ပါအုံး။ ဒီအကောင်တွေကို တွေ့ရင် အရင်အနံ့ခံကြည့်လိုက်အုံး နံနေရင် မကောက်ခဲ့နဲ့။"

ရှောင်ချီ ပျော်ပျော်ရွှင်ရွှင်နဲ့ ယောက်သွားတွေသွားကောက်လိုက်တယ်။ ရှီယု သူမကို လာကူပေးကြတဲ့သူတွေကို ကြက်သွန်ဖြူနဲ့ငရုတ်သီးတွေပါ ထပ်လှီးခိုင်းလိုက်တယ်။ ကြက်သွန်ဖြူတွေကိုတော့ ကြေသွားတဲ့အထိ ထောင်းခိုင်းလိုက်တယ်။

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now