76 - 80

668 75 0
                                    

အပိုင်း-၇၆ (ဒိန်ချဉ်ကိတ်)

သူ့ရဲ့အပြောကြောင့် အနီးနားက လူတိုင်း ဆွံ့အသွားကြတယ်။

(ဒီလူက ဘယ်သူများလဲ?
ဘာလို့အဲ့လောက်တောင် မောက်မာနေရတာလဲ?)

လျူမျိုးနွယ်က လူငယ်တွေက
တော့ တော်တော်လေး စ်တ်အနှောက်အယှက်ဖြစ်သွားကြ
တယ်။ ဘုရင်မင်းမြတ်တောင်မှပဲ ဒီအကြီးအကဲ၂ယောက်ကို အခုလို
မျိုး ဆက်ဆံရဲမှာမဟုတ်ဘူး။
(ဒီအနက်ရောင်ဝတ်ရုံရှည်ကြီးနဲ့ လူက လယ်သူများလဲ?)

ထိုအချိန်မှာပဲ ကိတ်မုန့်ဖုတ်တာ
ပြီးသွားပြီဖြစ်တဲ့ ရှီယုနဲ့ဖုန်းလျိုတို့
က ခန်းမထဲကို ဝင်လာခဲ့ကြတယ်။
(ဘာလို့ အဲ့လောက်ကြီး တိတ်ဆိတ်နေရတာလဲ? တစ်ခုခု
များ ဖြစ်သွားလို့လား?)

ရှီယုရဲ့ အကြည့်တွေက လျူအကြီးအကဲ ၂ယောက်ပေါ်ကို
ရောက်ရှိသွားကာ ဘာတွေဖြစ်နေ
လဲဆိုတာ အကြမ်းဖျင်းရိပ်မိသွား
တယ်။ရှီယု အဘိုးကုနားကို သွားလိုက်ကာ "ဆရာ"

သူမ အဘိုးကုကို ဆရာလို့ခေါ်ရမှာ
အခုထိ အသားမကျသေးဘူး။
အဘိုးကုကတော့ ရှီယုကို  တပည့်
အဖြစ်လက်ခံရတာကို ကျေနပ်နေ
တယ်။ ဒီမိန်းကလေးရဲ့ ဟင်းချက်
လက်ရာက အရမ်းကောင်းလွန်လို့ ဒီလို စိမ်းသက်တဲ့ကမ္ဘာထဲမှာ နေရတာတောင် နေပျော်လာ
တယ်။ စိတ်မကောင်းစရာက သူ က ဝိညာဥ်ဖြစ်နေတော့ ရှီယုရဲ့ အစားအသောက်တွေကို ပြည့်ပြည့်ဝဝမစားနိုင်တာပဲ...

"မင်း မုန့်ပြင်တာပြီးသွားပြီလား? မင်းရဲ့ ဆရာတူအစ်ကိုက မင်း
ကိုယ်ဟား လက်ဆောင်တွေပြင်
လာခဲ့တယ်တဲ့" အဘိုးကုရဲ့ အသံ
က အရမ်းကို သဘာဝကျနေလွန်း
ကာ ရှီယုက သူ့တပည့်ဖြစ်
ကြောင်းကို သွယ်ဝိုက်ပြီး
ပြောလိုက်တယ်။

သူရဲ့အပြုအမူက စောစောက လျူအကြီးအကဲ၂ယောက်ကို ပြောတုန်းကနဲ့ တခြားစီပဲ။

"ကျေးဇူးတင်ပါတယ်, ဆရာတူ
အစ်ကို" ရှီယု လင်းဖန်ရဲ့ဘေးကို သဘာဝကျကျ ရောက်ရှိသွားကာ ကျေးဇူးတင်စကား ပြောလိုက်
တယ်။ အဲ့တာက ရတနာခန်းမကို စောင့်ရှောက်ပေးနေတဲ့ အကြီးအကဲလျူနဲ့ မျက်နှာချင်း
ဆိုင်ဖြစ်သွားစေတာကြောင့် သူမ အဘိုးကုနဲ့သူ့ကို လေးလေးစားစား
နဲ့ မိတ်ဆက်ပေးလိုက်တယ် "ဆရာ, ဒါက တပည့်ပြောဖူးတဲ့ အကြီးအကဲလျူဆိုတာလေ။ အရင်က တပည့်ကို အကြံဉာဏ်
ကောင်းတွေ ပေးခဲ့ဖူးတယ်လေ"

အင်မော်တယ်ကမ္ဘာမှစားဖိုမှူးလေး ရှီယု ( 1 - 500 Final) ( Completed )Where stories live. Discover now